အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပြင်သစ်တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒမရှိ ဖြစ်နေသလို ကစားသမားကိုယ်တိုင်ကလည်း သက်တမ်းအနည်းငယ်သာ ကျန်ရှိနေတော့တဲ့ သူရဲ့စာချုပ်အပေါ် သက်တမ်းတိုးဖို့ အစီအစဉ် မရှိတော့တာကြောင့် လာကာဇက်ရဲ့ အာဆင်နယ်ကစားသမားဘဝက ဒီနှစ်ဘောလုံးရာသီအကုန်မှာ အဆုံးသတ်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : 90Min

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ ၂၀၁ရခုနှစ်ကမှ လိုင်ယွန်ကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ(၄)ခုအထိ ဖြတ်သန်းလို့ထားပြီး လက်ရှိမှာတော့ သူရဲ့ ပဥ္စမမြောက် ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အသင်းအတွက် ပွဲပေါင်း (၁၇၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၆၇)ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်စာသမား လာကာဇက်ဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရဖို့က အချိန်ကာလ အနည်းငယ်လောက်သာ ကျန်ရှိနေတော့တာဖြစ်ပြီး ဒီအချိန်မှာ ကစားသမားရဲ့ စာချုပ်ကိစ္စကို အသင်းဘက်ရော ကစားသမားဘက်ကပါ ဆန္ဒမရှိပဲ ဖြစ်နေရပါတယ်။

Photo Credit : Football London

တိုက်စစ်ကစားသမား လာကာဇက်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်နည်းပြ မီခဲလ်အာတီတာရဲ့ နေရာပေးမှုကို မရရှိထားတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အာဆင်နယ်အတွက် တစ်ပွဲမှကို ပွဲထွက်ကစားရသေးခြင်း မရှိသလို မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာသာ လူစားဝင် ကစားသမားအဖြစ်နဲ့ ပါဝင်ထားခဲ့ရပြီး ကျန်တဲ့ပွဲစဉ်တွေမှာတော့ ဒဏ်ရာပြသာနာကြောင့် အနားယူခဲ့ရသလို နောဝစ်ချ် ဘန်လေတို့နဲ့ပွဲမှာလည်း အရန်ကစားသမားအဖြစ်နဲ့သာ ရှိခဲ့ရပါတယ်။ ဒီလို အခြေအနေတွေအေါ် စိတ်ပျက်လာခဲ့တဲ့ လာကာဇက်က အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို လုံးဝ ဆန္ဒမရှိပဲ ဖြစ်နေရသလို အသင်းဘက်ကနေလည်း လာကာဇက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားဖို့ အစီအစဉ် ရှိနေတာကြောင့် လာမယ့် နွေစျေးကွက်အတွင်းမှာပဲ လာကာဇက်နဲ့ အာဆင်နယ်တို့ လက်တွဲဖြုတ်ရဖွယ် ရှိလာနိုင်ပြီး လာကာဇက်ကိုလည်း ကလပ်အသင်းသစ် တစ်ခုမှာပါ မြင်တွေ့ရနိုင်ပါတယ်။ လတ်တလောမှာတော့ လာကာဇက်ကို အသက်လက်တီကိုမက်ဒရစ် ဂျုဗင်တပ်စ် အင်တာမီလန် အေစီမီလန်အသင်းတွေကနေ ပစ်မှတ်ထားလျက် ရှိလို့နေပါတယ်။