အာဆင်နယ် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ လာကာဇက် နဲ့ အူဘားမိယန်းတို့ကတော့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အီယန် ရိုက်နဲ့ အမေးအဖြေ ပြုလုပ်ခဲ့တဲ့ အချိန်မှာ အသင်းဖော် တိုက်စစ်မှူး ပေပေက အာဆင်နယ်အသင်းမှာ ဘောလုံး အကျွမ်းကျင်ဆုံး ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အီယန် ရိုက်ကလည်း အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်က သူ့အတွက် ဘောလုံး အကျွမ်းကျင်ဆုံး ကစားသမားမှာ အသင်းဖော် တိုက်စစ်မှူးဟောင်းကြီး ဒင်းနစ် ဘားကမ့် ဖြစ်တယ်လို့ အူဘာမီယန်း နဲ့ လာကာဇက်တို့ကို ပြန်ပြောပြသွားခဲ့ပါတယ်။

Photo Credit: FootballLondon

အီယန် ရိုက်က “ကျွန်တော့်အတွက် အာဆင်နယ်အသင်းမှာ ဘောလုံး အကျွမ်းကျင်ဆုံးသူက ဒင်းနစ် ဘားကမ့်ပါ။ ဒင်းနစ်က မယုံနိုင်စရာ ကောင်းလွန်းတဲ့ ကစားသမားပါ”လို့ ပြောသွားပြီး ဒင်းနစ် ဘားကမ့်ကတော့ အာဆင်နယ်မှာ ပြိုင်ပွဲစုံ (၄၂၃) ပွဲ ကစားခဲ့ရာမှာ (၁၂၀) ဂိုး သွင်းယူခဲ့ပါတယ်။ အီယန် ရိုက်ဟာ လာကာဇက် နဲ့ အူဘားမိယန်းကို လက်ရှိ အာဆင်နယ်အသင်းမှာ ဘယ်သူက ဘောလုံး အကျွမ်းကျင်ဆုံးလဲလို့ မေးတဲ့ အချိန်မှာ သူတို့နှစ်ဦးစလုံးက အာဆင်နယ်အသင်းကို ပေါင် (၇၂) သန်း ရောက်ရှိလာခဲ့တဲ့ ပေပေပဲ ဖြစ်ပါတယ်လို့ ပြိုင်တူ ပြန်ဖြေသွားခဲ့ကြပါတယ်။

Photo Credit: FootballLondon

အာဆင်နယ် တိုက်စစ်မှူး လာကာဇက် နဲ့ အူဘားမိယန်းကတော့ အာဆင်နယ်အသင်း ဂန္တာဝင် ကစားသမား အီယန် ရိုက်နဲ့ အမေးအဖြေ ပြုလုပ်ခဲ့ပြီး အီယန် ရိုက်က အာဆင်နယ်အသင်းမှာ ဘယ်သူက ဘောလုံး အကျွမ်းကျင်ဆုံး ကစားသမားလဲလို့ မေးလိုက်တဲ့ အခါမှာ သူတို့နှစ်ဦးက “နီကိုလက်စ် ပေပေ” ဖြစ်တယ်လို့ နှစ်ယောက်သား ပြိုင်အတူ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ လာကာဇက်က “နီကိုလက်စ်ပါပဲ။ တစ်ချို့နေ့တွေမှာ ဆိုရင် ဥပမာ ဒူးဘိုင်းမှာ ပြုလုပ်ခဲ့ကြတဲ့ လေ့ကျင့်ရေးမှာ ဆိုရင် သူက ဘောလုံးကို ပိုင်နိုင်စွာ ကစားခဲ့တယ်”လို့ ချီးကျူးသွားခဲ့ပါတယ်။ တိုက်စစ်မှူး အူဘားမိယန်းကလည်း လာကာဇက် ပြောတာကို ကြားက ဝင်ရောက် ဖြည့်စွက်ပြီး “ပေပေက မြက်ခင်းပြင်ပေါ်မှာ အကောင်းဆုံး ကစားနိုင်ပါတယ်”လို့ ဖြည့်စွက်သွားပါတယ်။