ဒီေန႔ စေနေန႔မွာေတာ့ လာလီဂါပြဲစဥ္(၂၁)ရဲ႕ ပြဲ၄ပြဲ ကစားသြားဖုိ႔ရွိေနပါတယ္။ ဆီဗီလာအသင္းနဲ႔ လီဗန္ေတးအသင္းတုိ႔ပြဲက မၾကာခင္မွာပဲ စတင္ေတာ့မွာျဖစ္လုိ႔  လက္က်န္ပြဲ၃ပြဲရဲ႕ ဒီပြဲေတြရဲ႕ အေျခအေနေလးေတြကုိ သုံးသပ္ေဆြးေႏြးေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

အသက္လက္တီကို နဲ႔ ဂီတာေဖး

၂သင္းလုံးကေတာ့ ေနာက္ပုိင္းပြဲေတြမွာ ပုံစံေကာင္းေတြ ဆက္တုိက္ျပသလုိ႔ေနပါတယ္။ ဂီတာေဖးကေတာ့ အေဝးကြင္းမွာ သေရရေအာင္ အဓိက ကစားတတ္လုိ႔ ဒီႏွစ္လာလီဂါရဲ႕ အေဝးကြင္းသေရပြဲအမ်ားဆုံး ဒုတိယအသင္းေတာင္ ျဖစ္ေနပါတယ္။ ဒါက တုိက္စစ္မွာ ဒဏ္ရာျပသာနာေတြ ႀကံဳေတြ႔ေနရတဲ႔ အသက္လက္တီကုိအတြက္ အခက္အခဲ ျဖစ္လာႏုိင္ပါတယ္။ တီကုိတုိ႔ ကပ္ၿပီးသာ အႏုိင္ရသြားပါလိမ့္မယ္။

လီဟာနက္စ္ နဲ႔ အီဘာ

လီဟာနက္စ္က ကုိပါဒယ္ေရးကေန လွည့္ျပန္လာခဲ႔ရၿပီျဖစ္လုိ႔ လာလၤီဂါမွာ တန္းမဆင္းရေရးကုိပဲ အာရုုံစုိက္လာေတာ့မွာပါ။ လီဟာနက္စ္က အိမ္ကြင္းမွာဆုိ  ကစားပုံေလးမဆုိးသလုိ ဆီဗီလာအသင္းမ်ိဳးကုိလည္း အိမ္ကြင္းမွာ သေရရေအာင္ ကစားထားႏုိင္ပါတယ္။ အီဘာရဲ႕ အေဝးကြင္းေျခကလည္း အားနည္းတာေၾကာင့္ အိမ္ရွင္နဲ႔သာ ရပ္တည္ခ်င္ပါတယ္။

ဗလန္စီယာ နဲ႔ ဗီလာရီးရဲလ္

၂သင္းလုံးကေတာ့ အေျခအေနမဟန္ၾကဘူးဆုိေပမယ့္ ဗလန္စီယာက ဧည့္သည္ဗီလာရီးရဲလ္ထက္စာရင္ေတာ့ ေတာ္ေသးတယ္လုိ႔ ဆုိရမွာပါ။ ဒါေပမယ့္ ၾကားရက္မွာ ဂီတာေဖးနဲ႔ ကုိပါဒယ္ေရး ကစားထားတာမုိ႔ ဗလန္စီယာတုိ႔ ပြဲပန္းမႈဒဏ္ေလး ရွိေနႏုိင္ပါတယ္။ ဗီလာရီးရဲလ္က တန္းမဆင္းရေအာင္ အတင္းရုန္းကန္လာႏုိင္လုိ႔ အိမ္ရွင္ဆီကေန သေရတစ္မွတ္ေလာက္ ခြဲယူႏုိင္ပါလိမ့္မယ္။

(Unicode)

ဒီနေ့ စနေနေ့မှာတော့ လာလီဂါပွဲစဉ်(၂၁)ရဲ့ ပွဲ၄ပွဲ ကစားသွားဖို့ရှိနေပါတယ်။ ဆီဗီလာအသင်းနဲ့ လီဗန်တေးအသင်းတို့ပွဲက မကြာခင်မှာပဲ စတင်တော့မှာဖြစ်လို့ လက်ကျန်ပွဲ၃ပွဲရဲ့ ဒီပွဲတွေရဲ့ အခြေအနေလေးတွေကို သုံးသပ်ဆွေးနွေးပေးသွားချင်ပါတယ်ခင်ဗျာ။

အသက်လက်တီကို နဲ့ ဂီတာဖေး

၂သင်းလုံးကတော့ နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းတွေ ဆက်တိုက်ပြသလို့နေပါတယ်။ ဂီတာဖေးကတော့ အဝေးကွင်းမှာ သရေရအောင် အဓိက ကစားတတ်လို့ ဒီနှစ်လာလီဂါရဲ့ အဝေးကွင်းသရေပွဲအများဆုံး ဒုတိယအသင်းတောင် ဖြစ်နေပါတယ်။ ဒါက တိုက်စစ်မှာ ဒဏ်ရာပြသာနာတွေ ကြုံတွေ့နေရတဲ့ အသက်လက်တီကိုအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ တီကိုတို့ ကပ်ပြီးသာ အနိုင်ရသွားပါလိမ့်မယ်။

လီဟာနက်စ် နဲ့ အီဘာ

လီဟာနက်စ်က ကိုပါဒယ်ရေးကနေ လှည့်ပြန်လာခဲ့ရပြီဖြစ်လို့ လာင်္လီဂါမှာ တန်းမဆင်းရရေးကိုပဲ အာရုုံစိုက်လာတော့မှာပါ။ လီဟာနက်စ်က အိမ်ကွင်းမှာဆို ကစားပုံလေးမဆိုးသလို ဆီဗီလာအသင်းမျိုးကိုလည်း အိမ်ကွင်းမှာ သရေရအောင် ကစားထားနိုင်ပါတယ်။ အီဘာရဲ့ အဝေးကွင်းခြေကလည်း အားနည်းတာကြောင့် အိမ်ရှင်နဲ့သာ ရပ်တည်ချင်ပါတယ်။

ဗလန်စီယာ နဲ့ ဗီလာရီးရဲလ်

၂သင်းလုံးကတော့ အခြေအနေမဟန်ကြဘူးဆိုပေမယ့် ဗလန်စီယာက ဧည့်သည်ဗီလာရီးရဲလ်ထက်စာရင်တော့ တော်သေးတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ကြားရက်မှာ ဂီတာဖေးနဲ့ ကိုပါဒယ်ရေး ကစားထားတာမို့ ဗလန်စီယာတို့ ပွဲပန်းမှုဒဏ်လေး ရှိနေနိုင်ပါတယ်။ ဗီလာရီးရဲလ်က တန်းမဆင်းရအောင် အတင်းရုန်းကန်လာနိုင်လို့ အိမ်ရှင်ဆီကနေ သရေတစ်မှတ်လောက် ခွဲယူနိုင်ပါလိမ့်မယ်။