စပိန်နိုင်ငံဟာ ကိုရိုနာ ကူးစက်မှု ဖြစ်ပွားနေတာကြောင့် စပိန်နိုင်ငံက လာလီဂါ ဘောလုံး ပြိုင်ပွဲ အပါအဝင် ဘောလုံးပြိုင်ပွဲတွေကို လုံခြုံမှု မရှိမချင်း အကန့်အသတ်မရှိ ရပ်နားခဲ့ပြီ ဖြစ်ပါတယ်။ စပိန်နိုင်ငံက လာလီဂါ ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် မတ်လမှာ စတင် ရပ်နားခဲ့ပြီး အစပိုင်းက ဧပြီလ ပထမအပတ်အထိ ရပ်နားရာကနေ အကန့်အသတ် မရှိ ဖြစ်လာခဲ့ပါတယ်။ စပိန်အစိုးရက ကျန်းမာရေး အန္တရာယ် မရှိတော့ပါဘူးလို့ မထုတ်ပြန်မချင်း ဘောလုံး ပြိုင်ပွဲ အားလုံးကို ရပ်နားမှာ ဖြစ်ပြီး ဘယ်အချိန် ပြန်ကစားမလဲ ဆိုတာ မသိရတော့တာ ဖြစ်ပါတယ်။

Photo Credit: BBC

စပိန်အစိုးရဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို စောင့်ကြည့် လေ့လာဖို့ “တော်ဝင် စပိန် ဘောလုံး အဖွဲ့ချုပ် – royal spanish footall federation – RFEF” အဖွဲ့ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ “RFEF နဲ့ လာလီဂါ အနေနဲ့ စပိန် လူမျိုးတွေကို အကောင်းဆုံး ကူညီ ထောက်ပံပေးနေကြတဲ့ လူတွေ အားလုံး၊ သေဆုံးခဲ့ကြတဲ့ လူတွေအတွက် ဝမ်းနည်းမှု မျှဝေခံစားပေးခဲ့ကြတဲ့ လူတွေ အားလုံး နဲ့ ကမ္ဘာတစ်ဝှမ်းက ဘောလုံး ပရိသတ်တွေရဲ့ နွေထွေးတဲ့ ပွေ့ဖက်မှုတွေ အားလုံးအတွက် အလွန် ကျေးဇူးတင်ပါတယ်“လို့ RFEF နဲ့ လာလီဂါက စာစောင် ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit: BBC

(၂၀၂၀) ယူူရို ပြိုင်ပွဲကို နောက်တစ်နှစ် ထပ်ဆုတ်လိုက်ပြီ ဖြစ်တာကြောင့် ပြည်တွင်း လိဂ် ပြိုင်ပွဲတွေကို အချိန်မှီ ကစားနိုင်ချေရှိတယ်လို့လည်း သုံးသပ်ချက်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။ စပိန် လာလီဂါ ပြိုင်ပွဲဟာ ပွဲစဉ် (၂၉) ပွဲ ကစားပြီးသွားပြီ ဖြစ်ပြီး ပွဲစဉ် (၂၉) ပွဲ ကစားပြီးခဲ့တဲ့ အချိန်မှာ နည်းပြ ဆက်ဆီယန်ရဲ့ ဘာစီလိုနာအသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ စပိန်နိုင်ငံဟာ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ကူးစက်ခံရသူ (၃ သောင်းခွဲကျော်) ရှိနေပြီ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်ကြောင့် သေဆုံးသူ (၂ထောင်ကျော်) အထိ ရှိနေပြီဖြစ်ပါတယ်။ စပိန် လာလီဂါ ပြိုင်ပွဲကို လုံခြုံတဲ့ အခြေအနေ ရောက်မှ ကစားနိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့် ဘယ်အချိန်မှာ ပြန်စတင်နိုင်မလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိရတော့တာ ဖြစ်ပါတယ်။ BBC သတင်းမှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။