MySport Myanmar

(၃)ဂိုးသွင်း (၃)ဂိုးဖန်တီးရင်း ဂိုး (၃၀၀)ပါ ပြည့်မြောက်သွားခဲ့တဲ့ ဘာပေ

ကီလီယန် အမ်ဘာပေကတော့ ပြင်သစ် နဲ့ ဂျီဘရော်လ်တာအသင်းတို့ရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် (၃)ဂိုး ဟက်ထရစ် သွင်းယူပြီး ဂိုးဖန်တီးမှုကိုလည်း ဟက်ထရစ် လုပ်ဆောင်ခဲ့ရင်း သူရဲ့ ကစားသမားဘဝအတွင်း စုစုပေါင်း သွင်းဂိုး အရေအတွက်ဟာလည်း ဂိုး(၃၀၀)ထိ ပြည့်မြောက်သွားခဲ့ရပါတယ်။

ပြင်သစ် နဲ့ ဂျီဘရော်လ်တာတို့ရဲ့ ပွဲစဉ်အတွင်း အိမ်ရှင်ပြင်သစ်က (၁၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူလိုက်ပြီး ဒါဟာ ပြင်သစ် ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးသော နိုင်ပွဲလည်း ဖြစ်ခဲ့သလို ဒီပွဲမှာပါ ဘာပေက ဂိုး (၃၀၀)ပါ ပြည့်မြောက်သွားခဲ့ရပါတယ်။

Photo Credit : Fabrizio Romano

အသက် (၂၄)အရွယ်နဲ့ ကစားသမားဘဝအတွင်း ဂိုး (၃၀၀)အထိ ပြည့်မြောက်သွားခဲ့ရတဲ့ ဘာပေရဲ့ စွမ်းဆောင်ရည်ဟာ တကယ်ကို လေးစားလောက်စရာ ဖြစ်နေရပြီး သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားခဲ့ရတဲ့ ပီအက်စ်ဂျီ နဲ့ ပြင်သစ်တို့အတွက်လည်း စိတ်ကျေနပ်လောက်စရာ ဖြစ်ခဲ့ရပါတယ်။

အခုတော့ ဘာပေဟာ သူ့အသင်းဟောင်း မိုနာကို လက်ရှိအသင်း ပီအက်စ်ဂျီ နဲ့ နိုင်ငံအသင်း ပြင်သစ်တို့ (၃)သင်းအတွက် သူ သွင်းယူပေးခဲ့တဲ့ ဂိုးပမာဏဟာ အခုလို (၃၀၀)ပြည့်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘာပေက မိုနာကိုအတွက် (၂၇)ဂိုး ပီအက်စ်ဂျီအတွက် (၂၂၇)ဂိုးနဲ့ ပြင်သစ်အတွက် (၄၆)ဂိုး သွင်းယူထားနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit : Squawka Live

ဘာပေဟာ အခု ၂၀၂၃ခုနှစ်အတွင်းမှာ ပြင်သစ်အသင်းအတွက် (၈)ပွဲကစား (၁၀)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သလို ဒီရာသီ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲကစား (၁၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါသေးတယ်။

ဘာပေရဲ့ အခုလို သွင်းဂိုး စွမ်းရည်ကောင်းတွေကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာပဲ ပြင်သစ်အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမား အိုလီဗီယာ ဂျရူး စံချိန်ကို ကျော်ဖြတ်သွားဖွယ် ရှိနေတဲ့အပြင် ပီအက်စ်ဂျီမှာဆိုရင်လည်း (၂၂၇)ဂိုးနဲ့ ပီအက်စ်ဂျီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်နေရပါတယ်။

Exit mobile version