ပြင်သစ်လူငယ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေကတော့ မိုနာကိုကနေ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာချိန်ကတည်းက သူရဲ့အပြောင်းအရွှေ့သတင်းတွက အဆက်မပြတ် ထွက်ပေါ်ခဲ့ပြီး ပြင်သစ်နဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ပြီးနောက်မှာတော့ ဘာပေဟာ ဥရောပအသင်းကြီတိုင်းရဲ့ အလိုချင်ဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာတော့ ဘာပေကို ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ် လီဗာပူးလ်အသင်းတို့က ခေါ်ယူသွားဖို့အတွက် စိတ်အဝင်စားဆုံးဖြစ်နေပြီး ဘာပေကလည်း ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတယ်လို့ သတင်းမီဒီယာအသီးသီးကနေ ဖော်ပြနေကြပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် အသက်၂၀အရွှယ်သာရှိသေးတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကတော့ ဒီလိုသတင်းတွေက လွန်ခဲ့တဲ့နှစ်တွေကတည်းက ထွက်ပေါ်နေကြဖြစ်လို့ စိတ်ထဲထည့်ထားခြင်းမရှိဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဘာပေက “အပြောင်းအရွှေ့သတင်းတွေက လူတိုင်းပြောနေကြတာပဲ။ ကျွန်တော်ဆယ်ကျော်သက်အရွှယ်လောက်ကတည်းက ဒီလိုပဲ သတင်းတွေ ထွက်နေတာ။ ကျွန်တော်ကိုယ်တိုင်လည်း ဒါတွေကို အရမ်းပြောဖြစ်ခဲ့တယ်။ အခုက ကျွန်တော်ကိုယ်တိုင်ကလည်း ကစားသမားတစ်ယောက်ဖြစ်လာပြီဆိုတော့ ဒါတွေကို ထုတ်မပြောသင့်တော့ဘူးဆိုတာ သိလာတယ်”

Photo Credit : Getty Images

“အခုက ဇန်နဝါရီလထဲကို ရောက်ရှိနေပါပြီ။ ဒီအချိန်က ရာသီတစ်ခုမှာ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်လေ့ရှိတဲ့ အချိန်မျိုးပါ။ အခုက ကျွန်တော် ပီအက်စ်ဂျီအသင်းသားတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီအသင်းအတွက်ကိုပဲ ရာနှုန်းပြည့်အာရုံစိုက်ထားတယ်။ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးသွားချင်ပါတယ်။ ဆုဖလားတွေလည်း များကြီးရအောင်လို့ပေါ့။ အခုအချိန်က ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းမယ်ဆိုရင် ပြောလို့မကောင်းသေးပါဘူး။ အခုတော့ ဒီအသင်းအကြောင်းကိုပဲ ကျွန်တော်တွေးတောနေပါတယ်။ ဒီအသင်းကို ရောက်ခါစတုန်းက အသက်၁၈နှစ်ပဲ ရှိသေးတာ။ အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက်အဖြစ်နဲ့ပေါ့။ ဒီအသင်းရဲ့ကျေးဇူးကြောင့် ကျွန်တော်အခု ကြယ်ပွင့်တစ်ပွင့် ဖြစ်လာခဲ့ရပြီ။ ဒီအချိန်မှာ ကျွန်တော့်စိတ်တွေကို တည်တည်ငြိမ်ငြိမ်ထားတယ်။ ပီအက်စ်ဂျီအတွက်ပဲ အာရုံစိုက်ထားတယ်။ ရာသီကုန်ရင် ဘာဖြစ်လာမလဲဆိုတာ အားလုံးသိရမှာပါ လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

သူရဲ႕အနာဂတ္ပတ္သက္ၿပီး ဖြင့္ဟေျပာဆုိလာခဲ႔တဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ ဘာေပ

ျပင္သစ္လူငယ္တုိက္စစ္ကစားသမားေလး ကီလီယန္အမ္ဘာေပကေတာ့ မုိနာကုိကေန ပီအက္စ္ဂ်ီအသင္းကုိ ေရာက္ရွိလာခ်ိန္ကတည္းက သူရဲ႕အေျပာင္းအေရႊ႕သတင္းတြက အဆက္မျပတ္ ထြက္ေပၚခဲ႔ၿပီး ျပင္သစ္နဲ႔ ၂၀၁၈ခုႏွစ္ ကမာၻ႕ဖလားခ်န္ပီယံဆုကုိ ပုိင္ဆုိင္ခဲ႔ၿပီးေနာက္မွာေတာ့ ဘာေပဟာ ဥေရာပအသင္းႀကီတုိင္းရဲ႕ အလုိခ်င္ဆုံး ကစားသမားတစ္ေယာက္ ျဖစ္လာခဲ႔ရပါတယ္။ လက္ရွိမွာေတာ့ ဘာေပကုိ ရီးရဲလ္မက္ဒရစ္ ဂ်ဳဗင္တပ္စ္ လီဗာပူးလ္အသင္းတုိ႔က ေခၚယူသြားဖုိ႔အတြက္ စိတ္အဝင္စားဆုံးျဖစ္ေနၿပီး ဘာေပကလည္း ရာသီအကုန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ လမ္းခြဲဖြယ္ရွိေနတယ္လုိ႔ သတင္းမီဒီယာအသီးသီးကေန ေဖာ္ျပေနၾကပါတယ္။

Photo Credit : Getty Images

ဒါေပမယ့္ အသက္၂၀အရႊယ္သာရွိေသးတဲ႔ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပကေတာ့ ဒီလုိသတင္းေတြက လြန္ခဲ႔တ့ဲႏွစ္ေတြကတည္းက ထြက္ေပၚေနၾကျဖစ္လုိ႔ စိတ္ထဲထည့္ထားျခင္းမရွိဘူးလုိ႔ ရွင္းလင္းေျပာဆိုသြားခဲ႔ပါတယ္။ ဘာေပက “အေျပာင္းအေရႊ႕သတင္းေတြက လူတုိင္းေျပာေနၾကတာပဲ။ ကြ်န္ေတာ္ဆယ္ေက်ာ္သက္အရႊယ္ေလာက္ကတည္းက ဒီလုိပဲ သတင္းေတြ ထြက္ေနတာ။ ကြ်န္ေတာ္ကုိယ္တုိင္လည္း ဒါေတြကုိ အရမ္းေျပာျဖစ္ခဲ႔တယ္။ အခုက ကြ်န္ေတာ္ကုိယ္တုိင္ကလည္း ကစားသမားတစ္ေယာက္ျဖစ္လာၿပီဆုိေတာ့ ဒါေတြကုိ ထုတ္မေျပာသင့္ေတာ့ဘူးဆုိတာ သိလာတယ္”

Photo Credit : Getty Images

“အခုက ဇန္နဝါရီလထဲကုိ ေရာက္ရွိေနပါၿပီ။ ဒီအခ်ိန္က ရာသီတစ္ခုမွာ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ေလ့ရွိတဲ႔ အခ်ိန္မ်ိဳးပါ။ အခုက ကြ်န္ေတာ္ ပီအက္စ္ဂ်ီအသင္းသားတစ္ေယာက္ျဖစ္ေနတဲ႔အတြက္ ဒီအသင္းအတြက္ကုိပဲ ရာႏႈန္းျပည့္အာရုံစုိက္ထားတယ္။ ဒီရာသီမွာ ပီအက္စ္ဂ်ီအသင္းကုိ ပုိမုိေကာင္းမြန္လာေအာင္ ကူညီေပးသြားခ်င္ပါတယ္။ ဆုဖလားေတြလည္း မ်ားႀကီးရေအာင္လုိ႔ေပါ့။ အခုအခ်ိန္က ကြ်န္ေတာ့္အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးျမန္းမယ္ဆုိရင္ ေျပာလုိ႔မေကာင္းေသးပါဘူး။ အခုေတာ့ ဒီအသင္းအေၾကာင္းကုိပဲ ကြ်န္ေတာ္ေတြးေတာေနပါတယ္။ ဒီအသင္းကုိ ေရာက္ခါစတုန္းက အသက္၁၈ႏွစ္ပဲ ရွိေသးတာ။ အရည္အခ်င္းရွိတဲ႔ လူငယ္ေလးတစ္ေယာက္အျဖစ္နဲ႔ေပါ့။ ဒီအသင္းရဲ႕ေက်းဇူးေၾကာင့္ ကြ်န္ေတာ္အခု ၾကယ္ပြင့္တစ္ပြင့္ ျဖစ္လာခဲ႔ရၿပီ။ ဒီအခ်ိန္မွာ ကြ်န္ေတာ့္စိတ္ေတြကုိ တည္တည္ၿငိမ္ၿငိမ္ထားတယ္။ ပီအက္စ္ဂ်ီအတြက္ပဲ အာရုံစုိက္ထားတယ္။ ရာသီကုန္ရင္ ဘာျဖစ္လာမလဲဆုိတာ အားလုံးသိရမွာပါ လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။