ပီအက္စ္ဂ်ီအသင္းကေတာ့ မေန႔ညက ကစားသြားခဲ႔တဲ႔ ျပင္သစ္ရွုံးထြက္ဖလားၿပိဳင္ပြဲရဲ႕ကြာတားဖုိင္နယ္ပြဲမွာ စိန္႔အက္တီယန္အသင္းကုိ ၆ဂုိး၁ဂုိးနဲ႔ ဂုိးျပတ္အႏုိင္ရရွိသြားခဲ႔ၿပီးေတာ့ ဆီမီးဖုိင္နယ္အဆင့္ဆီကုိ သာသာယာယာ တတ္လွမ္းသြားခဲ႔ရပါတယ္။ ဒီပြဲမွာ ဘာေပ အီကာဒီ ေနမာ ဒီမာရီယာ ဗာရက္တီ ဂူရီ ဘားနတ္ ျမဴနီယာ ခါဟာရာ မာကြင္ဟုိစ္ ရီကုိတုိ႔လုိ ကစားသမားေကာင္းေတြနဲ႔ ပီအက္စ္ဂ်ီအသင္းက ပြဲထြက္လာခဲ႔ၿပီး တုိက္စစ္မွဴးအီကာဒီက ဟက္ထရစ္သြင္းယူခဲ့ကာ ေနမာ ဘာေပနဲ႔ စိန္႔အက္တီယန္အသင္းဘက္ကေန ကုိယ့္ဂုိးကုိ သြင္းယူတဲ႔သြင္းဂုိးေတြနဲ႔ အခုလုိ ဂုိးျပတ္အႏုိင္ရသြားခဲ႔တာပဲျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ ပြဲဲထြက္ကစားသမားစာရင္းမွာ ပါဝင္လာခဲ့တဲ႔ လူငယ္တုိက္စစ္ကစားသမားေလး ဘာေပက အီကာဒီရဲ႕ဒုတိယဂုိးနဲ႔ တတိယဂုိးေတြကုိ ဖန္တီးေပးႏုိင္ခဲ႔သလုိ အသင္းရဲ႕ပြဲသိမ္းဂုိးကုိလည္း သူကိုယ္တုိင္က သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒီပြဲရဲ႕ဒုတိယပုိင္း ပြဲကစားခ်ိန္အတြင္းမွာလည္း ဘာေပက ဂုိးဧရိယာအျပင္ဘက္ကေန လွပၿပီး ပညာသားပါလွတဲ႔ ကန္ခ်က္မ်ိဳးနဲ႔ ဂုိးရေအာင္ႀကိဳးပမ္းခဲ႔ေသးၿပီး ဂုိးတုိင္ေဘးနားကေန ကပ္ထြက္သြားခဲ႔လုိ႔သာ ေဘာလုံးသမုိင္းေၾကာင္းတစ္ေလွ်ာက္ အလွဆုံးသြင္းဂုိးအျဖစ္ သတ္မွတ္ခံရမယ့္ အခြင့္အေရးကေန လက္လြတ္ခဲ႔ရတာပဲျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီႏွစ္ေဘာလုံးရာသီမွာ ပီအက္စ္ဂ်ီအသင္းရဲ႕လူငယ္တုိက္စစ္ကစားသမားေလး ဘာေပက သူရဲ႕သြင္းဂုိးစြမ္းရည္ေတြကုိ ဆက္လက္ျပသထားႏုိင္ခဲ႔ၿပီး လီဂူးသြင္းဂုိး၁၁ဂုိး ခ်န္ပီယံလိဂ္သြင္းဂုိး၅ဂုိးအျပင္ ၿပိဳင္ပြဲစုံမွာ သြင္းဂုိး၁၉ဂုိးနဲ႔ ဂုိးဖန္တီးမႈ ၁၁ႀကိမ္အထိကုိ ျပဳလုပ္ထားႏုိင္ခဲ႔ပါတယ္။ ဘာေပဟာ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာေတာ့ ပီအက္စ္ဂ်ီအသင္းကုိ စြန္႔ခြာသြားဖုိ႔ ေသခ်ာသေလာက္ရွိေနၿပီး သူ႔ကုိ ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္အသင္းတုိ႔ကေန ေခၚယူသြားဖုိ႔ အၿပိဳင္အဆုိင္ စိတ္ဝင္စားလုိ႔ေနပါတယ္။ ကနဦးပုိင္းမွာေတာ့ ဘာေပကုိ ေခၚယူဖုိ႔အတြက္ ရီးရဲလ္တစ္သင္းတည္းကေန စိတ္ဝင္စားေနခဲ႔တာျဖစ္ေပမယ့္လည္း အေမရိကန္ရဲ႕နာမည္ေက်ာ္ အားကစားထုတ္ကုန္ ကုမၼဏီႀကီးတစ္ခုျဖစ္တဲ့ Nike နဲ႔ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆုိျဖစ္ခဲ႔တဲဲ႔ လီဗာပူးလ္အသင္းကလည္း Nike ရဲ႕အကူအညီနဲ႔ ဘာေပကုိ ကမ္းလွမ္းလာဖြယ္ရွိေနၿပီး ဘာေပရဲ႕လက္ရွိတန္ေၾကးကေတာ့ ယူရုိ၂၆၅သန္းဝန္းက်င္ေလာက္ ရွိလိမ့္မယ္လုိ႔ သိရွိရပါတယ္။

(Unicode)

အလန်းစားသွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူနိုင်ဖို့ အလွန်နီးစပ်ခဲ့တဲ့ ဘာပေ

ပီအက်စ်ဂျီအသင်းကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ပြင်သစ်ရှုံးထွက်ဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်ပွဲမှာ စိန့်အက်တီယန်အသင်းကို ၆ဂိုး၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပြီးတော့ ဆီမီးဖိုင်နယ်အဆင့်ဆီကို သာသာယာယာ တတ်လှမ်းသွားခဲ့ရပါတယ်။ ဒီပွဲမှာ ဘာပေ အီကာဒီ နေမာ ဒီမာရီယာ ဗာရက်တီ ဂူရီ ဘားနတ် မြူနီယာ ခါဟာရာ မာကွင်ဟိုစ် ရီကိုတို့လို ကစားသမားကောင်းတွေနဲ့ ပီအက်စ်ဂျီအသင်းက ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှူးအီကာဒီက ဟက်ထရစ်သွင်းယူခဲ့ကာ နေမာ ဘာပေနဲ့ စိန့်အက်တီယန်အသင်းဘက်ကနေ ကိုယ့်ဂိုးကို သွင်းယူတဲ့သွင်းဂိုးတွေနဲ့ အခုလို ဂိုးပြတ်အနိုင်ရသွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပွဲဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဘာပေက အီကာဒီရဲ့ဒုတိယဂိုးနဲ့ တတိယဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းရဲ့ပွဲသိမ်းဂိုးကိုလည်း သူကိုယ်တိုင်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာလည်း ဘာပေက ဂိုးဧရိယာအပြင်ဘက်ကနေ လှပပြီး ပညာသားပါလှတဲ့ ကန်ချက်မျိုးနဲ့ ဂိုးရအောင်ကြိုးပမ်းခဲ့သေးပြီး ဂိုးတိုင်ဘေးနားကနေ ကပ်ထွက်သွားခဲ့လို့သာ ဘောလုံးသမိုင်းကြောင်းတစ်လျှောက် အလှဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံရမယ့် အခွင့်အရေးကနေ လက်လွတ်ခဲ့ရတာပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့လူငယ်တိုက်စစ်ကစားသမားလေး ဘာပေက သူရဲ့သွင်းဂိုးစွမ်းရည်တွေကို ဆက်လက်ပြသထားနိုင်ခဲ့ပြီး လီဂူးသွင်းဂိုး၁၁ဂိုး ချန်ပီယံလိဂ်သွင်းဂိုး၅ဂိုးအပြင် ပြိုင်ပွဲစုံမှာ သွင်းဂိုး၁၉ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ကြိမ်အထိကို ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဘာပေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာတော့ ပီအက်စ်ဂျီအသင်းကို စွန့်ခွာသွားဖို့ သေချာသလောက်ရှိနေပြီး သူ့ကို ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်အသင်းတို့ကနေ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလို့နေပါတယ်။ ကနဦးပိုင်းမှာတော့ ဘာပေကို ခေါ်ယူဖို့အတွက် ရီးရဲလ်တစ်သင်းတည်းကနေ စိတ်ဝင်စားနေခဲ့တာဖြစ်ပေမယ့်လည်း အမေရိကန်ရဲ့နာမည်ကျော် အားကစားထုတ်ကုန် ကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Nike နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲဲ့ လီဗာပူးလ်အသင်းကလည်း Nike ရဲ့အကူအညီနဲ့ ဘာပေကို ကမ်းလှမ်းလာဖွယ်ရှိနေပြီး ဘာပေရဲ့လက်ရှိတန်ကြေးကတော့ ယူရို၂၆၅သန်းဝန်းကျင်လောက် ရှိလိမ့်မယ်လို့ သိရှိရပါတယ်။