မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ အိုေလဂန္နာဆုိးလ္ရွား ကုိင္တြယ္ခ်ိန္ေနာက္ပုိင္း အသင္းမွာ ေနရာတျဖည္းျဖည္း ေပ်ာက္ဆုံးလာခဲ႔ရၿပီး ဒီႏွစ္ေဘာလုံးရာသီမွာလည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း ၂ပြဲသာ ပြဲထြက္ကစားထားရေသးတဲ႔ ဆာဘီးယားလက္ေရြးစင္ ကြင္းလယ္ခံစစ္ကစားသမား နီမန္ဂ်ာမာတစ္ကေတာ့ လက္ရွိသူရဲ႕အေျခအေနေတြကုိ စိတ္ပ်က္လ်က္ရွိေနၿပီး ယူရုိ-၂၀၂၀ ၿပိဳင္ပြဲႀကီးမွာလည္း ဆာဘီးယားအသင္းအတြက္ ပါဝင္ကစားခြင့္မရမွာကုိ စုိးရိမ္ေနတာေၾကာင့္မုိ႔ ယူႏုိက္တက္ကေန ထြက္ခြာဖုိ႔ကုိ ဆုံးျဖတ္ထားတယ္လုိ႔ သတင္းေတြ ထြက္ေပၚလာခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၃၁ႏွစ္အရႊယ္ ကြင္းလယ္ကစားသမား မာတစ္ကုိ ယူႏုိက္တက္ကုိ စတင္ေရာက္ရွိခ်ိန္တုန္းက အသင္းရဲ႕ကြင္းလယ္မွာ အဓိကက်တဲ့ ကစားသမားတစ္ေယာက္ ျဖစ္လာခဲ႔ကာ ေပါလ္ေပါ့ဘာ အန္ဒါဟာရဲရားတုိ႔နဲ႔အတူ တြဲဖက္ၿပီး ကြင္းလယ္၃ေယာက္တန္းမွာ ေျခစြမ္းျပကစားနုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာေတာ့ ဒဏ္ရာျပသာနာေတြ အသက္အရႊယ္ရလာတာေတြေၾကာင့္ ေျခစြမ္းေတြ က်ဆင္းလာခဲ႔ရၿပီး နည္းျပဆုိးလ္ရွားကလည္း မာတစ္ရဲ႕ေနရာမွာ လူငယ္ကစားသမားေလး တြမ္မီေနးကုိ ေနရာပုိေပးလာခဲ႔တာေၾကာင့္ မာတစ္က ယူႏုိက္တက္ကေန ထြက္ခြာဖုိ႔ ျပင္ဆင္လာခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

မာတစ္ဟာ လာမယ့္ႏွစ္ ယူရုိ-၂၀၂၀ၿပိဳင္ပြဲႀကီးမွာ ဆာဘီးယားလက္ေရြးစင္အသင္းအတြက္ ကုိယ္စားျပဳပါဝင္ကစားခ်င္ေနတာျဖစ္ၿပီး လက္ရွိယူႏုိက္တက္အသင္းမွာ ေနရာေပ်ာက္ဆုံးေနရတာေၾကာင့္ ဆာဘီးယားအသင္းမွာပါ ပါဝင္ခြင့္မရမွာကုိ စုိးရိမ္လာခဲ႔ၿပီး လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ႔ေစ်းကြက္မွာပင္ အသင္းကေန ထြက္ခြာခ်င္ေနတာျဖစ္ပါတယ္။ မာတစ္ဟာ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ ယူႏုိက္တက္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ေပမယ့္လည္း ဆာဘီးယားအသင္းမွာ ပါဝင္ႏုိင္ဖုိ႔အတြက္ ဇန္နဝါရီလမွာပဲ အသင္းေျပာင္းဖုိ႔အတြက္ စီစဥ္လာခဲ့တာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီရာသီမွာ ယူႏုိက္တက္အသင္းအတြက္ မိနစ္ေပါင္း၃၅၀သာ ပါဝင္ခြင့္ရခဲ႔ၿပီး ယူရုိပါလိဂ္ပြဲစဥ္ေတြမွာေတာင္ ပါဝင္ခြင့္မရထားတဲ႔ မာတစ္ကုိ အဓိကအားျဖင့္ အီတလီစီးရီးေအ ထိပ္သီးကလပ္အသင္းေတြကေန အၿပိဳင္ေခၚယူခ်င္ေနတာျဖစ္ၿပီး လတ္တေလာမွာေတာ့ အင္တာမီလန္အသင္းကေန ေခၚယူခ်င္ေနတယ္လုိ႔ သိရွိရပါတယ္။ ယူႏုိက္တက္ကလည္း မာတစ္ကုိ အသင္းကေန လက္လြတ္လုိက္ရမယ္ဆုိရင္ မာတစ္ေနရာအတြက္ေရာ ကစားသမားေဟာင္းေတြျဖစ္တဲ့ ဖယ္လိုင္နီ ဟာရဲရားတုိ႔ေနရာအတြက္ပါ အစားထုိးမႈေတြ ျပဳလုပ္ရမွာျဖစ္ၿပီး ဝက္စ္ဟမ္းကြင္းလယ္လူ ဒစ္ကလန္ရုိက္စ္ ေလဗာကူဆင္ကြင္းလယ္လူ ကုိင္းလ္ဟာဗက္ဇ္တုိ႔ကုိ ျပန္လည္ေခၚယူသြားဖုိ႔ ရွိေနပါတယ္။

(Unicode)

ဆောင်းရာသီစျေးကွက်မှာပဲ ယူနိုက်တက်ကို စွန့်ခွာသွားဖို့ ဆုံးဖြတ်ထားတဲ့ မာတစ်

မန်ချက်စတာယူနိုက်တက်အသင်းကို အိုလေဂန်နာဆိုးလ်ရှား ကိုင်တွယ်ချိန်နောက်ပိုင်း အသင်းမှာ နေရာတဖြည်းဖြည်း ပျောက်ဆုံးလာခဲ့ရပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၂ပွဲသာ ပွဲထွက်ကစားထားရသေးတဲ့ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား နီမန်ဂျာမာတစ်ကတော့ လက်ရှိသူရဲ့အခြေအနေတွေကို စိတ်ပျက်လျက်ရှိနေပြီး ယူရို-၂၀၂၀ ပြိုင်ပွဲကြီးမှာလည်း ဆာဘီးယားအသင်းအတွက် ပါဝင်ကစားခွင့်မရမှာကို စိုးရိမ်နေတာကြောင့်မို့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ကို ဆုံးဖြတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၃၁နှစ်အရွှယ် ကွင်းလယ်ကစားသမား မာတစ်ကို ယူနိုက်တက်ကို စတင်ရောက်ရှိချိန်တုန်းက အသင်းရဲ့ကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ကာ ပေါလ်ပေါ့ဘာ အန်ဒါဟာရဲရားတို့နဲ့အတူ တွဲဖက်ပြီး ကွင်းလယ်၃ယောက်တန်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာပြသာနာတွေ အသက်အရွှယ်ရလာတာတွေကြောင့် ခြေစွမ်းတွေ ကျဆင်းလာခဲ့ရပြီး နည်းပြဆိုးလ်ရှားကလည်း မာတစ်ရဲ့နေရာမှာ လူငယ်ကစားသမားလေး တွမ်မီနေးကို နေရာပိုပေးလာခဲ့တာကြောင့် မာတစ်က ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

မာတစ်ဟာ လာမယ့်နှစ် ယူရို-၂၀၂၀ပြိုင်ပွဲကြီးမှာ ဆာဘီးယားလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုပါဝင်ကစားချင်နေတာဖြစ်ပြီး လက်ရှိယူနိုက်တက်အသင်းမှာ နေရာပျောက်ဆုံးနေရတာကြောင့် ဆာဘီးယားအသင်းမှာပါ ပါဝင်ခွင့်မရမှာကို စိုးရိမ်လာခဲ့ပြီး လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှာပင် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ မာတစ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း ဆာဘီးယားအသင်းမှာ ပါဝင်နိုင်ဖို့အတွက် ဇန်နဝါရီလမှာပဲ အသင်းပြောင်းဖို့အတွက် စီစဉ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် မိနစ်ပေါင်း၃၅၀သာ ပါဝင်ခွင့်ရခဲ့ပြီး ယူရိုပါလိဂ်ပွဲစဉ်တွေမှာတောင် ပါဝင်ခွင့်မရထားတဲ့ မာတစ်ကို အဓိကအားဖြင့် အီတလီစီးရီးအေ ထိပ်သီးကလပ်အသင်းတွေကနေ အပြိုင်ခေါ်ယူချင်နေတာဖြစ်ပြီး လတ်တလောမှာတော့ အင်တာမီလန်အသင်းကနေ ခေါ်ယူချင်နေတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ကလည်း မာတစ်ကို အသင်းကနေ လက်လွတ်လိုက်ရမယ်ဆိုရင် မာတစ်နေရာအတွက်ရော ကစားသမားဟောင်းတွေဖြစ်တဲ့ ဖယ်လိုင်နီ ဟာရဲရားတို့နေရာအတွက်ပါ အစားထိုးမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ဝက်စ်ဟမ်းကွင်းလယ်လူ ဒစ်ကလန်ရိုက်စ် လေဗာကူဆင်ကွင်းလယ်လူ ကိုင်းလ်ဟာဗက်ဇ်တို့ကို ပြန်လည်ခေါ်ယူသွားဖို့ ရှိနေပါတယ်။