မန်စီးတီးအသင်းရဲ့ ညာနောက်ခံ ကစားသမား ကိုင်လီ ဝေါလ်ကာကတော့ အမျိုးသမီး (၂) ဦးနဲ့ အတူ “လိင်ဖျော်ဖြေရေး ပါတီ – Sex Party”ကို ကျင်းပခဲ့တာကြောင့် မန်စီးတီးအသင်းက သူ့ကို ပေါင် (၂၄၀,၀၀၀)၊ မြန်မာငွေနဲ့ ဆိုရင် ကျပ် သိန်း (၄) ထောင်ကျော် ချမှတ်ဖွယ် ရှိနေပါတယ်။ အသက် (၂၉) နှစ်အရွယ် ကိုင်လီ ဝေါလ်ကာ တွစ်တာမှာ သီးသန့်နေကြရတဲ့ အချိန်အတွင်းမှာ အပြင်မထွက်ဘဲ စည်းမျဉ်းတွေကို လိုက်နာဖို့ ရေးသားပြီး နာရီပိုင်းအကြာမှာတော့ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အမျိုးသမီး (၂) ဦးကို ခေါ်ပြီး သူ့ရဲ့ တိုက်ခန်းမှာပဲ လိင်ဖျော်ဖြေရေး ပါတီကို ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Metro

မန်စီးတီး နောက်ခံလူ ဝေါလ်ကာဟာ တွစ်တာမှာ အိမ်ထဲမှာပဲ နေကြဖို့ နဲ့ ချစ်ရတဲ့ သူတွေဆီကို သွားမတွေ့ကြဖို့ တားမြစ်ပြီး နာရီပိုင်းအကြာမှာတော့ ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့ ဆိုသလိုမျိုး သူ ပြောခဲ့တာကို သူက အရင် ချိုးဖောက်ပြီး ပါတီပွဲ တစ်ခုကို ကျင်းပသွားပါတယ်။ တွစ်တာမှာ ကိုင်လီ ဝေါလ်ကာက “ကျေးဇူးပြုပြီး လူတိုင်း အားလုံး အိမ်ထဲမှာပဲ နေပေးကြပါဗျ။ ဒီလို ခက်ခဲတဲ့ အချိန်မှာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပေးကြပါ။ ကိုယ် ချစ်တဲ့ သူတွေ အဆင်ပြေ၊ မပြေ စစ်ဆေးကြပါ။ ဒါပေမဲ့ သူတို့တွေဆီကိုတော့ မသွားကြပါနဲ့”လို့ ရေးခဲ့ပါတယ်။

Photo Credit: Metro

ဝေါလ်ကာ ခေါ်ယူခဲ့တဲ့ အမျိုးသမီး (၂) ဦးထဲက တစ်ဦး ဖြစ်သူ အသက် (၂၁) နှစ် အရွယ် ရှိသူ မက်နာမာရာ (McNamara) ကတော့ ဗုဒ္စဟူးနေ့ နံနက် (၂း၀၀/ ညနက်သန်းခေါင်ယံ) အချိန်မှာ တိုက်ခန်းကနေ ထွက်လာခဲ့ပြီး ငွေသား ပေါင် (၂,၂၀၀) ရရှိခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ The Times သတင်းက ဖော်ပြသွားခဲ့တာကတော့ မန်စီးတီး နဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ညာနောက်ခံ ကစားသမား ကိုင်လီ ဝေါလ်ကာဟာ ကိုရိုနာ ဗိုင်းရပ်ကြောင့် သီးသန့်နေကြရတဲ့ အချိန်မှာ ပါတီ ကျင်းပခဲ့တာကြောင့် ပေါင် (၂) သိန်းကျော် ဒဏ်ရိုက်ခံရမယ်လို့ ဖော်ပြပါတယ်။ နောက်ခံလူ ကိုင်လီ ဝေါလ်ကာဟာ သူ ကိုယ်တိုင်က တွစ်တာမှာ လူတိုင်းကို အိမ်ထဲမှာ နေဖို့ ပြောခဲ့ပေမဲ့လည်း သူ ကိုယ်တိုင်ကတော့ လူနှစ်ဦးကို အိမ်ထဲကနေ ခေါ်ထုတ်သွားလိုက်တာပါပဲ။