လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒါကုတ်ချ်က အသင်းရဲ့လက်ရှိနည်းပြဖြစ်တဲ့ ယာဂန်ကလော့ရဲ့နေရာမှာ သူရဲ့လီဗာပူးလ်အသင်းဖော်ဟောင်းဖြစ်ပြီး လက်ရှိ ရိန်းဂျားစ်အသင်းကို စကော့တလန်အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ နည်းပြစတီဗင်ဂျရတ်သာ အစားထိုးဝင်ရောက်လာမယ်ဆိုရင် သူကိုယ်တိုင်လည်း ဂျရတ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွှက်သွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Record

အသက်(၄၀)အရွှယ်ရှိ နယ်သာလန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဒါကုတ်ချ်ဟာ လီဗာပူးလ်အသင်းမှာ ၂၀၀၆ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ ပါဝင်ကစားခဲ့သူလည်းဖြစ်ပြီး အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျရတ်နဲ့လည်း တွဲဖက်ကစားခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒါကုတ်ချ်ရဲ့အသင်းဖော်ဟောင်း ဂျရတ်က ရိန်းဂျားစ်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွှက်နေပြီး ရိန်းဂျားစ်အသင်းကိုလည်း နှစ်ပေါင်းများစွာ ကွာဝေးနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူပေးထားနိုင်ခဲ့တာကြောင့် ဂျရတ်နဲ့နည်းပြဘဝအစက အောင်မြင်လျက် ရှိနေပါတယ်။

Photo Credit : Twitter

ဂျရတ်ရဲ့ နည်းပြဘဝက အောင်မြင်လျက်ရှိနေချိန် တစ်ဖက်မှာတော့ သူရဲ့လီဗာပူးလ်အသင်းက အိမ်ကွင်း(၆)ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့ရတဲ့အထိကို ရလဒ်တွေက အတော်လေး ဆိုးရွှားလျက်ရှိနေသလို အသင်းရဲ့နည်းပြ ယာဂန်ကလော့ရဲ့ အနာဂတ်ဟာဆိုရင်လည်း ဝေဝါးလာခဲ့ပါတယ်။ ဒီလိုအချိန်မှာ လီဗာပူးလ်အသင်းဘက်ကနေ ကလော့ကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီး သူတို့ရဲ့ကစားသမားဟောင်း ဂျရတ်ကို အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်တော့မယ်ဆိုတဲ့ သတင်းတွေဟာလည်း အဆက်မပြတ်ကို ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဒါကုတ်ချ်က “ဂျရတ်သာ လီဗာပူးလ်အသင်းနည်းပြ ဖြစ်လာခဲ့မယ်ဆိုရင် အရမ်းကို ကောင်းမွန်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဒီအသင်းရဲ့ ငယ်မွေးခြံပေါက်တစ်ယောက်ပါ။ သူ့ ကစားသမားဘဝရဲ့ အချိန်များစွာကို ဒီအသင်းအတွက် ကုန်ဆုံးခဲ့တာပါ။ အောင်မြင်တဲ့နည်းပြတစ်ဦးလိုမျိုး အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ ကျွန်တော်က သူ့အကြောင်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာလည်း အချိန်အတန်ကြာအထိ အချင်းချင်း ဆက်သွယ်မှုတွေလည်း ရှိနေပါတယ်။ တကယ်လို့ သူသာ ကျွန်တော်ကို သူရဲ့လက်ထောက်နည်းပြအဖြစ် လိုအပ်မယ်ဆိုရင် ကျွန်တော်ဘက်က အရမ်းဝမ်းသာမိမှာပါ။ တကယ်တော့ ကျွန်တော်က နည်းပြချုပ်ရာထူးကို ရှာဖွေနေတာဆိုပေမယ့် နည်းပြအတွေ့အကြုံရဖို့အတွက်ကိုလည်း အလိုရှိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။