စီးရီးေအ အင္အားႀကီး အသင္းတစ္သင္း ျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းနဲ႔ ျပင္သစ္လီဂူးရဲ့ အင္အားႀကီးအသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းတို႔ဟာ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အသင္းရဲ့ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဒီဆစ္ဂလီယိုနဲ႔ ကာဇာဝါတို႔ကို အလဲအထပ္လုပ္ဖို႔ ေဆြးေႏြးေနၾကတယ္လို႔ သိရွိရပါတယ္။

Photo Credit: Be Soccer.com

ကာဇာဝါဟာ လက္ရွိအေျပာင္းအေရႊ႕အတြင္းမွာ အသင္းကေန ပီအက္စ္ဂ်ီအသင္းရဲ့ တာဝန္ရွိသူေတြထံကို ေတာင္းဆိုခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိခဲ့ေပမယ့္ အာဆင္နယ္ အသင္းရဲ့ ၾကန႔္ၾကာေနမွုေၾကာင့္ အေျပာင္းအေရႊ႕ဟာ ပ်က္ျပယ္ခဲ့ရတာပါ။ အခုခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီအသင္းဟာ ကာဇာဝါကို အသုံးခ်ကာ ဂ်ဴဗင္တပ္အသင္းရဲ့ ေနာက္ခံလူ ဒီဆစ္ဂလီယိုကို ေခၚယူဖို႔ ေဆြးေႏြးေနတာလည္း ျဖစ္ပါတယ္။

Photo Credit: Be Soccer.com

ဒီဆစ္ဂလီယိုဟာ ဘယ္​၊ ညာ​ အစြန္ခံစစ္ ကစားသမားအျဖစ္ ကစားနိုင္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီဝက္မွာ ဂ်ဴဗင္တပ္အသင္းအတြက္ ပြဲကစားခြင့္ အနည္းငယ္သာ ရရွိထားသူျဖစ္ကာ ဂ်ဴဗင္တပ္အသင္းကလည္း သူ႔ကို အသင္းကေန ေရာင္းထုတ္ဖို႔ အလိုရွိေနတာပါ။ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ဂ်ဴဗင္တပ္နဲ႔ ပီအက္စ္ဂ်ီတို႔ရဲ့ အေျပာင္းအေရႊ႕ဟာ အေတာ္ေလးကို ခရီးေပါက္ေနၿပီျဖစ္ေၾကာင္းနဲ႔ ႏွစ္သင္းၾကားမွာ ကစားသမား တိုက္ရိုက္ အလဲအထပ္ လုပ္ဖို႔သာရွိေၾကာင္း သိရပါတယ္။

စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ်လီဂူးရဲ့ အင်အားကြီးအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ ဒီဆစ်ဂလီယိုနဲ့ ကာဇာဝါတို့ကို အလဲအထပ်လုပ်ဖို့ ဆွေးနွေးနေကြတယ်လို့ သိရှိရပါတယ်။

Photo Credit: Be Soccer.com

ကာဇာဝါဟာ လက်ရှိအပြောင်းအရွှေ့အတွင်းမှာ အသင်းကနေ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေထံကို တောင်းဆိုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပေမယ့် အာဆင်နယ် အသင်းရဲ့ ကြန့်ကြာနေမှုကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။ အခုချိန်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ကာဇာဝါကို အသုံးချကာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီဆစ်ဂလီယိုကို ခေါ်ယူဖို့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Be Soccer.com

ဒီဆစ်ဂလီယိုဟာ ဘယ်​၊ ညာ​ အစွန်ခံစစ် ကစားသမားအဖြစ် ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီဝက်မှာ ဂျူဗင်တပ်အသင်းအတွက် ပွဲကစားခွင့် အနည်းငယ်သာ ရရှိထားသူဖြစ်ကာ ဂျူဗင်တပ်အသင်းကလည်း သူ့ကို အသင်းကနေ ရောင်းထုတ်ဖို့ အလိုရှိနေတာပါ။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အပြောင်းအရွှေ့ဟာ အတော်လေးကို ခရီးပေါက်နေပြီဖြစ်ကြောင်းနဲ့ နှစ်သင်းကြားမှာ ကစားသမား တိုက်ရိုက် အလဲအထပ် လုပ်ဖို့သာရှိကြောင်း သိရပါတယ်။