MySport Myanmar

အေဂျက်စ် ကြယ်ပွင့်လေး ကူဒက်စ်ကို ပစ်မှတ်ထားလာခဲ့တဲ့ ဘရိုက်တန်

ဒီနွေဈေးကွက်အတွင်းမှာ အသင်းရဲ့ ထိပ်တန်း ကစားသမားတွေဖြစ်တဲ့ မက်အယ်လစ္စတာ မွိုက်စ်ကိုင်စီဒိုတို့ကို လက်လွတ်သွားရတော့မယ့် ဘရိုက်တန်ဟာ အသင်းကို ပြန်လည် အားဖြည့်ဖို့အတွက် အရည်အသွေးမြင့် ကစားသမားတွေကို ချိန်ရွယ်နေပြီး အခုလည်း အေဂျက်စ် ကစားသမား မိုဟာမက်ကူဒက်စ်ကိုပါ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့ပါတယ်။

Photo Credit : BVB Buzz

ဘရိုက်တန်က ဒီနောက်ပိုင်း ဈေးကွက်တွေအတွင်းမှာ အသင်းကနေ ကစားသမားကောင်းတွေ အမြောက်အများ လက်လွတ်ခဲ့ရပေမယ့်လည်း သူတို့နေရာမှာ ပြန်အစားထိုးမယ့် ကစားသမားတွေကို ပြန်လည် ခေါ်ယူရာမှာ အသင်းအတွက် အကျိုးပြုနိုင်တဲ့ ခေါ်ယူမှုတွေသာ ဖြစ်နေခဲ့ပါတယ်။ လက်ရှိမှာလည်း ဘရိုက်တန်က မက်အယ်လစ္စတာကို လီဗာပူးလ်အသင်းဆီ ရောင်းချအပြီး ဒါဟောက် နဲ့ မီနာတို့ကို အလွတ်တွေနဲ့ ခေါ်ယူထားသလို ဝက်ဖို့ဒ်က ဂျာအိုပတ်ဒရိုကို ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် အခုလည်း ဘရိုက်တန်က အေဂျက်စ်ရဲ့ ဂါနာ ကြယ်ပွင့် ကူဒက်စ်ကိုပါ main target အဖြစ်နဲ့ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Football London

အသက် (၂၂)နှစ်အရွယ်ရှိ ကူဒက်စ်ဟာ ကွင်းလယ် တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး အထောင် တိုက်စစ်နေရာမှာရော ညာတောင်ပံ နေရာမှာပါ လိုက်ပါ ကစားနိုင်သူလည်း ဖြစ်သလို ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၂)ပွဲအတွင်း (၁၈)ဂိုး သွင်း (၆)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ကူဒက်စ်လို အရည်အသွေး ပြည့်ဝလွန်းတဲ့ အာဖရိက ကစားသမားကို သူရဲ့ဆရာဟောင်း အဲရစ်တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ များစွာက စိတ်ဝင်စားလို့နေပြီး လက်ရှိမှာလည်း ချယ်လ်ဆီး နဲ့ ဘရိုက်တန်တို့က ကူဒက်စ်ကို စောင့်ကြည့်နေကြပါတယ်။

Photo Credit : Manchester Evening News

ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ဘရိုက်တန်အနေနဲ့ ကူဒက်စ်ကို ခေါ်ယူဖို့ သိပ်မလွယ်ကူပဲ အေဂျက်စ်ဘက်ကလည်း ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကူဒက်စ်အတွက် ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ယူရို သန်း(၅၀)လောက်အထိ တောင်းဆိုဖွယ် ရှိနိုင်တဲ့အတွက် ဒီတန်ကြေးက ဘရိုက်တန်ကို အခက်တွေ့ရဖွယ် ရှိနေပါတယ်။

Exit mobile version