ဂျာမနီ ကွင်းလယ် ဒိတ်ဒိတ်ကြဲ တိုနီ ခရူ့စ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ သေချာခဲ့တာ ဖြစ်ပေမဲ့လည်း နည်းပြ ဗန်ဟားလ်ကြောင့် မန်ယူကို မပြောင်းဘဲ ရီးရဲလ်ကို ပြောင်းခဲ့ပါတယ်။ တိုနီ ခရူ့စ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့စဉ်က (၂၀၁၄) ခုနှစ်မှာ မန်ယူအသင်းကို ပြောင်းဖို့ သေချာခဲ့ပေမဲ့ မန်ယူရဲ့ နည်းပြအပြောင်းအလဲကြောင့် မပြောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ တိုနီ ခရူ့စ်ဟာ (၂၀၁၄) ခုနှစ်က နည်းပြ မိုယက်စ်ရဲ့ လက်ထက်မှာ မန်ယူကို ပြောင်းဖို့ ဖြစ်ခဲ့ပေမဲ့ နည်းပြ ဗန်ဟားလ်ကို နည်းပြသစ် ခန့်ခဲ့လို့ မပြောင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုနီ ခရူ့စ်ဟာ (၂၀၁၄) ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာဖို့ ပြင်ဆင်ခဲ့တာကြောင့် သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ မန်ယူအသင်း နဲ့ ရီးရဲလ်အသင်းတို့ ပါဝင်ခဲ့ကြပါတယ်။ သူဟာ မန်ယူအသင်းကို ပြောင်းဖို့ နည်းပြ မိုယက်စ်နဲ့ အခြခံအားဖြင့် စာချုပ် ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပေမဲ့ မန်ယူ နည်းပြအဖြစ် ဗန်ဟားလ်ကို ခန့်အပ်ခဲ့တာကြောင့် မပြောင်းခဲ့တာ ဖြစ်ပါတယ်။ သူက ဗန်ဟားလ်က မန်ယူ နည်းပြ ဖြစ်လာတဲ့ အချိန်မှာ မဆက်သွယ်ခဲ့တဲ့ အတွက်ကြောင့် သူ့ကို ဆက်သွယ်ခဲ့တဲ့ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုနီ ခရူ့စ်က “နည်းပြ ဒေးဗစ် မိုယက်စ်က ကျွန်တော့်ကို တွေ့ဖို့ ရောက်ရှိလာခဲ့ပြီး စာချုပ်က အခြေခံအားဖြင့် ပြီးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နည်းပြ မိုဗယက်စ် အထုတ်ခံခဲ့ရပြီး နည်းပြသစ် ဗန်ဟားလ် ရောက်ရှိလာတဲ့ အချိန်မှာ အပြောင်းအရွှေ့ ကိစ္စတွေ အားလုံး ရှုပ်ထွေးခဲ့ပါတယ်။ နည်းပြ ဗန်ဟားလ်က သူ့ရဲ့ ကိုယ်ပိုင် စီမံကိန်းကို အကောင်အထည် ဖော်ဖို့ စတင်ခဲ့ပါတယ်။ ကျွန်တော် မန်ယူအသင်းဆီကနေ ဘာသတင်းမှာ မကြာတာ အချိန်အနည်းငယ် ကြာသွားပြီး စတင် သံသယရာ ရှိလာခဲ့ပါတယ်။ နောက်ပိုင်း ကမ္ဘာ့ဖလားလည်း စတင်ခဲ့ပြီ ဖြစ်ပြီး အဲဒီမှာ နည်းပြ အန်ဆယ်လော့တီက ကျွန်တော့်ကို ခေါ်ခဲ့ပါတယ်။ ကျွန်တော် ပြောင်းသွားခဲ့ပါတယ်။ ဒီလို ဖြစ်ခဲ့တာပါ”လို့ မန်ယူအသင်းကို ပြောင်းချင်ပေမဲ့ မပြောင်းခဲ့တာကို ပြန်ပြောခဲ့ပါတယ်။