ရီးရဲလ်အသင်းရဲ့ ကွင်းလယ် ကစားသမား တိုနီ ခရူ့်စကတော့ ဂျာမနီနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရမှု အနည်းဆုံး ဖြစ်တာကြောင့်မို့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကိုသာ မပြီးနိုင်ရင် အခြား ဘယ်ပြိုင်ပွဲမှ ပြီးအောင် ကစားနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ဂျာမနီနိုင်ငံက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ ဥရောပနိုင်ငံက ထိပ်သီး လိဂ် ပြိုင်ပွဲတွေထဲမှာ လက်ရှိရာသီကို ပြန်လည် စတင်တော့မယ်လို့ ပထမဆုံး တရားဝင် ထုတ်ပြန်သွားတဲ့ လိဂ် ဖြစ်ပြီး မနက်ဖြန်၊ စနေနေ့မှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ပြန်စတင်နိုင်ချေ ရှိနေပါတယ်။

 

Photo Credit: Marca

ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ မနက်ဖြန်၊ (၁၆) ရက်နေ့မှာ ပြန်လည် စတင်နိုင်ဖွယ် ရှိပေမယ့် စပိန် လာလီဂါ ပြိုင်ပွဲကိုကျတော့ ဘယ်အချိန်မှာ ပြန်လည် စတင်သွားမလဲ ဆိုတာတောင် မသတ်မှတ်ရသေးတာကြောင့် ပြန်လည်စတင်ရမယ့် ရက်ကို မသိရသေးတာ ဖြစ်ပါတယ်။ လာလီဂါ ပြိုင်ပွဲက ရီးရဲလ်အသင်းဟာ (၂) လကြာ ပြီးနောက် ယခုအပတ်မှာ လေ့ကျင့်ရေး ပြန်စတင်ခဲ့ပြီ ဖြစ်ပြီး ရီးရဲလ် ကွင်းလယ်လူ တိုနီ ခရူ့စ်ကတော့ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကိုသာ ပြီးအောင် မကစားနိုင်ရင် ဘယ်ပြိုင်ပွဲမှ မပြီးနိုင်ဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Marca

တိုနီ ခရူ့စ်က “လူတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတာက တကယ်လို့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို မပြီးနိုင်ဘူး ဆိုရင် ဘယ်ပြိုင်ပွဲမှ ဆက်ကစားလို့ ရမှာ မဟုတ်ပါဘူး။ ဂျာမနီနိုင်ငံကတော့ ရောဂါ ကူးစက်ခံရမှု နဲ့ သေဆုံးမှု အနည်းဆုံး ဖြစ်ပါတယ်။ တကယ်လို့ ဂျာမနီနိုင်ငံကသာ လိဂ်ပြိုင်ပွဲကို မပြီးနိုင်ဘူး ဆိုရင် ဘယ်ပြိုင်ပွဲက ပြီးနိုင်မှာလဲဗျာ။ ကျွန်တော်တို့က ဂျာမနီ ပြည်တွင်းလိဂ်မှာ ဖြစ်တာကို အခြေခံပြီး လိုက်လုပ်ရမယ်လို့ ကျွန်တော် ထင်မြင်ပါတယ်။ ကျွန်တော်တို့ အိမ်မှာ ကိုယ့်ဟာကိုယ် လေ့ကျင့်ရေး ဆင်းနေခဲ့ကြတယ်။ အလွန် ကြာတဲ့ အားလပ်ရက်ရှည် ဖြစ်ခဲ့ပါတယ်။ ဘာမဆို မူလအတိုင်း ပြန်ဖြစ်လာမယ်လို့ သိနေပါတယ်။ အခု ကျွန်တော်တို့ ပြန်စတင်နေကြပြီ ဖြစ်ပါတယ်”လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။