အဂၤလန္လက္ေရြးစင္အသင္းကေတာ့ ယူရုိ-၂၀၂၀ေျခစစ္ပြဲေတြအားလုံးကုိ ဆင္ႏြဲလုိ႔ၿပီးသြားခဲ႔ၿပီျဖစ္ပါတယ္။ မြန္တီနီဂရုိးကုိ ၇ဂုိးျပတ္နဲ႔ႏုိင္ခဲ႔တဲ႔ ပြဲတစ္ေထာင္ေျမာက္မွာပဲ ေျခစစ္ပြဲေအာင္ျမင္ခဲ႔တဲ႔ အဂၤလန္အသင္းဟာ ေျခစစ္ပြဲရဲ႕ေနာက္ဆုံးပြဲဆက္မွာ ကုိဆုိဗုိအသင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားခဲ႔ၿပီး ၄ဂုိး ဂုိးမရွိးနဲ႔ကုိ ဂုိးျပတ္ထပ္ႏုိင္ခဲ႔ၿပီး ယူရုိ-၂၀၂၀ေျခစစ္ပြဲဝင္အသင္းေတြအားလုံးထဲမွာ သြင္းဂုိးအမ်ားဆုံးရယူႏုိင္ခဲ့တဲ႔ အသင္းအျဖစ္ပါ သတ္မွတ္ခံခဲ႔ရပါတယ္။ ဒီပြဲစဥ္က သိပ္စိတ္ဝင္စားစရာမေကာင္းေပမယ့္လည္း ပြဲစဥ္အတြင္းမွာေတာ့ စိတ္ဝင္စားစရာ အေၾကာင္းအရာေတြ ရွိေနတာမုိ႔ ဒီအေၾကာင္းေတြကုိ ေဖာ္ျပေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ပထမဆုံးေတာ့ ဒီပြဲမွာ အဂၤလန္အသင္းရဲ႕ဒုတိယေျမာက္အႏုိင္ဂုိးကုိ သြင္းယူခဲ႔တဲ႔ တုိက္စစ္မွဴး ဟာရီကိန္းအေၾကာင္းကုိ အရင္ဆုံးေဖာ္ျပခ်င္ပါတယ္။ အသင္းေခါင္းေဆာင္တာဝန္ကုိ ရယူထားခဲ႔တဲ႔ ဟယ္ရီကိန္းက ကုိဆုိဗုိနဲ႔ပြဲမွာလည္း သြင္းဂုိးတစ္ဂုိးကုိ ပုိင္ဆုိင္ႏုိင္ခဲ႔တာေၾကာင့္ အဂၤလန္အသင္းရဲ႕ေျခစစ္ပြဲအားလုံးမွာ သြင္းဂုိးေတြ ရယူခဲ႔သူအျဖစ္ မွတ္တမ္းဝင္သြားခဲ႔ရပါတယ္။ လက္ရွိမွာလည္း ယူရုိ-၂၀၂၀ေျခစစ္ပြဲေတြရဲ႕သြင္းဂုိးအမ်ားဆုံးရယူထားသူအျဖစ္ သြင္းဂုိး၁၂ဂုိးနဲ႔ ရပ္တည္လုိ႔ေနပါတယ္။

Photo Credit : Getty Images

ေနာက္အေၾကာင္းအရာတစ္ခုကေတာ့ ကိုဆုိဗုိအသင္းရဲ႕ပရိသတ္ေတြနဲ႔ သက္ဆုိင္တဲ႔ အေၾကာင္းအရာပါ။ ဒီကိစၥေၾကာင့္လည္း ကုိဆုိဗုိပရိသတ္ေတြကုိ တစ္ကမာၻလုံးကေန ဝုိင္းၿပီး Respect ေပးေနၾကသလုိ အထူးသျဖင့္ အဂၤလန္ပရိသတ္ေတြရဲ႕ခ်စ္ခင္ေလးစားမႈကုိ အျပည့္အဝရေနပါတယ္။ ဒါကေတာ့ ကုိဆုိဗုိပရိသတ္ေတြဟာ သူတုိ႔အိမ္ကြင္းမွာ လာေရာက္ကစားခဲ႔တဲ႔ အဂၤလန္အသင္းရဲ႕ အလံတံဆိပ္ေတြကုိ ကုိင္ေျမွာက္အားေပးခဲ႔တာျဖစ္ၿပီး ၿပိဳင္ဘက္အသင္းအေပၚ ေလးစားမႈရွိေၾကာင္း ျပသခဲ႔တာျဖစ္ပါတယ္။ ဒီလုိ လုပ္ရက္ေတြက ေဘာလုံးေလာကမွာ ျဖစ္ေတာင့္ျဖစ္ခဲျဖစ္ရပ္ေတြလုိ႔ေတာင္ သတ္မွတ္ႏုိင္ပါတယ္။

Photo Credit : Getty Images

ေနာက္ဆုံးတင္ဆက္ေပးခ်င္တာကေတာ့ အဂၤလန္ရဲ႕ၾကယ္ပြင့္ကစားသမားေလးေတြရဲ႕အေၾကာင္းပါ။ အဂၤလန္အသင္းက မြန္တီနီးဂရုိးအသင္းကုိ ၇ဂုိးျပတ္နဲ႔ အႏုိင္ရခဲ႔တဲ႔ပြဲမွာ လူငယ္တုိက္စစ္ကစားသမားေလး တမ္မီေအဘရာဟမ္က သူရဲ႕အဂၤလန္စီနီယာကစားသမားဘဝ ပထမဆုံးသြင္းဂုိးကုိ ရယူႏုိင္ခဲ႔သလုိ အခု ကုိဆုိဗုိနဲ႔ပြဲမွာ လူစားဝင္လာခဲ႔တဲ႔ ေနာက္ထပ္ခ်ယ္လ္ဆီးကစားသမားျဖစ္တဲ႔ ေမဆန္ေမာင့္ က သူရဲ႕လက္ေရြးစင္ စီနီယာကစားသမားဘဝ ပထမဆုံးဂုိးကုိ သြင္းယူခဲ႔ပါတယ္။

(Unicode)

ကိုဆိုဗိုနဲ့အင်္ဂလန်အသင်းတို့ရဲ့ ယူရိုခြေစစ်ပွဲက စိတ်ဝင်စားစရာ အကြောင်းအရာများ

အင်္ဂလန်လက်ရွေးစင်အသင်းကတော့ ယူရို-၂၀၂၀ခြေစစ်ပွဲတွေအားလုံးကို ဆင်နွဲလို့ပြီးသွားခဲ့ပြီဖြစ်ပါတယ်။ မွန်တီနီဂရိုးကို ရဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ ပွဲတစ်ထောင်မြောက်မှာပဲ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲရဲ့နောက်ဆုံးပွဲဆက်မှာ ကိုဆိုဗိုအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ပြီး ၄ဂိုး ဂိုးမရှိးနဲ့ကို ဂိုးပြတ်ထပ်နိုင်ခဲ့ပြီး ယူရို-၂၀၂၀ခြေစစ်ပွဲဝင်အသင်းတွေအားလုံးထဲမှာ သွင်းဂိုးအများဆုံးရယူနိုင်ခဲ့တဲ့ အသင်းအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီပွဲစဉ်က သိပ်စိတ်ဝင်စားစရာမကောင်းပေမယ့်လည်း ပွဲစဉ်အတွင်းမှာတော့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ ရှိနေတာမို့ ဒီအကြောင်းတွေကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ပထမဆုံးတော့ ဒီပွဲမှာ အင်္ဂလန်အသင်းရဲ့ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းအကြောင်းကို အရင်ဆုံးဖော်ပြချင်ပါတယ်။ အသင်းခေါင်းဆောင်တာဝန်ကို ရယူထားခဲ့တဲ့ ဟယ်ရီကိန်းက ကိုဆိုဗိုနဲ့ပွဲမှာလည်း သွင်းဂိုးတစ်ဂိုးကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ခြေစစ်ပွဲအားလုံးမှာ သွင်းဂိုးတွေ ရယူခဲ့သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။ လက်ရှိမှာလည်း ယူရို-၂၀၂၀ခြေစစ်ပွဲတွေရဲ့သွင်းဂိုးအများဆုံးရယူထားသူအဖြစ် သွင်းဂိုး၁၂ဂိုးနဲ့ ရပ်တည်လို့နေပါတယ်။

Photo Credit : Getty Images

နောက်အကြောင်းအရာတစ်ခုကတော့ ကိုဆိုဗိုအသင်းရဲ့ပရိသတ်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာပါ။ ဒီကိစ္စကြောင့်လည်း ကိုဆိုဗိုပရိသတ်တွေကို တစ်ကမ္ဘာလုံးကနေ ဝိုင်းပြီး Respect ပေးနေကြသလို အထူးသဖြင့် အင်္ဂလန်ပရိသတ်တွေရဲ့ချစ်ခင်လေးစားမှုကို အပြည့်အဝရနေပါတယ်။ ဒါကတော့ ကိုဆိုဗိုပရိသတ်တွေဟာ သူတို့အိမ်ကွင်းမှာ လာရောက်ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အလံတံဆိပ်တွေကို ကိုင်မြှောက်အားပေးခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းအပေါ် လေးစားမှုရှိကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ ဒီလို လုပ်ရက်တွေက ဘောလုံးလောကမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တွေလို့တောင် သတ်မှတ်နိုင်ပါတယ်။

Photo Credit : Getty Images

နောက်ဆုံးတင်ဆက်ပေးချင်တာကတော့ အင်္ဂလန်ရဲ့ကြယ်ပွင့်ကစားသမားလေးတွေရဲ့အကြောင်းပါ။ အင်္ဂလန်အသင်းက မွန်တီနီးဂရိုးအသင်းကို ရဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူငယ်တိုက်စစ်ကစားသမားလေး တမ်မီအေဘရာဟမ်က သူရဲ့အင်္ဂလန်စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့သလို အခု ကိုဆိုဗိုနဲ့ပွဲမှာ လူစားဝင်လာခဲ့တဲ့ နောက်ထပ်ချယ်လ်ဆီးကစားသမားဖြစ်တဲ့ မေဆန်မောင့် က သူရဲ့လက်ရွေးစင် စီနီယာကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။