အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ကိုစီရယ်နီဟာ အာဆင်နယ်အသင်းက ထွက်သွားဖို့ သူ့ရဲ့ လစာကို (၃၉) ရာခိုင်နှုန်း အဖြတ်ခံပြီး ဘော်ဒိုးအသင်းကို ပြောင်းသွားခဲ့တယ်လို့ ပြင်သစ် အခြေစိုက် L’Equipe သတင်းက ဖော်ပြခဲ့ပါတယ်။ ကိုစီရယ်နီဟာ အာဆင်နယ်အသင်းအတွက် (၂၀၁၀-၁၁) ခုနှစ်ကနေ (၂၀၁၈-၁၉) ခုနှစ်အထိ၊ (၉) နှစ်ခန့်ကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း (၂၅၅) ပွဲ ကစားခဲ့ရာမှာ နောက်ခံ ကစားသမား ဖြစ်ပေမဲ့ (၂၂) ဂိုး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

 

Photo Credit: TheSun

ကိုစီရယ်နီဟာ အာဆင်နယ်အသင်းက ထွက်သွားချင်ခဲ့တာကြောင့် သူ့ရဲ့ လစာကို အဖြတ်ခံပြီး (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့မှာ ပြင်သစ်နိုင်ငံက လီဂူးဝမ်းကလပ် ဘော်ဒိုအသင်းကို ပြောင်းသွားခဲ့ပါတယ်။ ပြင်သစ် အခြေစိုက် L’Equipe သတင်းက ကိုစီရယ်နီဟာ အာဆင်နယ် အသင်းက ထွက်သွားဖို့ သူ့ရဲ့ လစာကို (၃၉) ရာခိုင်နှုန်း အဖြတ်ခံခဲ့ပြီး၊ တစ်ပတ်မှာ ပေါင် (၉) သောင်း ရရှိရမှာ ဖြစ်ပေမဲ့ တစ်ပတ်မှာ ပေါင် (၅) သောင်းကျော်ရုံ ရနေတယ်လို့ ဖော်ပြပါတယ်။

 

Photo Credit: TheSun

ကိုစီရယ်နီဟာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလက ပြင်သစ်နိုင်ငံက သူ့ရဲ့ မိသားစုနဲ့ ပိုပြီး နီးစပ်ချင်တာကြောင့် ပြင်သစ်ကလပ် ဘော်ဒိုးအသင်းကို ပြောင်းသွားရတာပါလို့ ပြောသွားခဲ့ဖူးပါတယ်။ ကိုစီရယ်နီဟာ အာဆင်နယ်အသင်းက ထွက်သွားချင်လွန်းတာကြောင့်မို့ သူ့ရဲ့ လစာကို (၃၉) ရာခိုင်နှုန်းအထိ အဖြတ်ခံခဲ့ပြီး လက်ရှိမှာ တကယ်တမ်း ပေါင် (၉) သောင်း ရရှိရမှာ ဖြစ်ပေမဲ့ (၃၉) ရာခိုင်နှုန်း အဖြတ်ခံတာကြောင့် ပေါင် (၅) သောင်းကျော်ရုံ ရရှိပါတယ်။