MySport Myanmar

တန်းတတ်ပြီးနောက် လီဗာပူးလ် ကစားသမားဟောင်းကို ဦးစားပေး ခေါ်ယူမယ့် ကွန်ပနီ

ဘန်လေအသင်းနည်းပြ ဗင်းဆင့်ကွန်ပနီက သူ့အသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးဆီ တဖန် ပြန်ပို့ဆောင်ခဲ့ပြီးနောက် နွေရာသီ ဈေးကွက်ဖွင့်ချိန် ရောက်တာနဲ့ ပထမဆုံး ခေါ်ယူသွားဖွယ် ရှိနေတဲ့ ကစားသမားက လီဗာပူးလ် ကစားသမားဟောင်း ရိုင်ယန်ကန့်တ် ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Liverpool FC

အသက် (၂၆)နှစ်အရွယ်ရှိ တောင်ပံကစားသမား ရိုင်ယန်ကန့်တ်ဟာ လက်ရှိမှာ စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး လီဗာပူးလ် အကယ်ဒမီထွက် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ လီဗာပူးလ် စီနီယာအသင်းအတွက် ပွဲကစားခွင့် လုံးဝနီးပါး မရရှိခဲ့ပဲ ကိုဗင်ထရီ ဘန်စလေ ဖရိုင်းဘတ် ဘရစ္စတိုးလ် ရိန်းဂျားစ်အသင်းတွေမှာ အငှား ကစားသမားအဖြစ် ကျင်လည်ခဲ့ရရင်းနဲ့ ၂၀၁၉မှာ ရိန်းဂျားစ်ကို အပြီးသတ် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : Sporting News

လက်ရှိ ရိန်းဂျားစ်အသင်းမှာ (၅)ရာသီမြောက်ကို ဖြတ်သန်းလို့နေတဲ့ ကန့်တ်ဟာ လာမယ့် မေလကုန်မှာပဲ ရိန်းဂျားစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို ဘန်လေနည်းပြ ကွန်ပနီက အသင်းဆီ ခေါ်ဆောင်ချင်နေပါတယ်။ ကန့်တ်က ဘယ်တောင်ပံ ကစားသမားတစ်ဦး ဆိုပေမယ့် ဘယ်ရော ညာပါ လိုက်ပါ ကစားတတ်သူဖြစ်ပြီး နောက်ချန် တိုက်စစ်နေရာမှာပါ ကစားတတ်သူလည်းဖြစ်သလို လိဒ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့လည်း နီးစပ်ခဲ့သူ ဖြစ်ပါတယ်။ ကန့်တ်က လီဗာပူးလ် ဂန္တဝင် ကစားသမားကြီး စတီဗင်ဂျရတ်နဲ့ပါ ရိန်းဂျားစ်အသင်းမှာ လက်တွဲခဲ့ဖူးပြီး စကော့ အမှတ်ပေး ချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ကန့်တ်ကို ခေါ်ယူချင်နေတဲ့ ဘန်လေအသင်းကတော့ ဒီရာသီ ချန်ပီယံရှစ် ပြိုင်ပွဲအတွင်း အတော်လေးကို စွမ်းဆောင်ရည်ကောင်းနေပြီး နည်းပြကွန်ပနီလက်အောက် အသင်းက ရာသီမကုန်မခင်ပဲ ပရီးမီးယားလိဂ်ဆီ တတ်လှမ်းခွင့်ပါ ပိုင်ဆိုင်ထားခဲ့ရပြီ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ထားနိုင်တဲ့ ကွန်ပနီကို စပါးအသင်းက သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေပြီး ဆက်သွယ်မှုတွေလည်း လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Exit mobile version