MySport Myanmar

City Legend ဘန်လေ နည်းပြ ကွန်ပနီက စပါးနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေ

နည်းပြ အန်တိုနီယိုကွန်တီနဲ့ လက်တွဲဖြုတ်ထားတဲ့ စပါးအသင်းဟာ လက်ရှိမှာ ကွန်တီရဲ့ လက်ထောက်နည်းပြ စတယ်လီနီကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပေးမယ့်လည်း ရာသီအကုန်မှာတော့ နည်းပြတစ်ဦးကို ခန့်အပ်သွားဖို့ ရှိနေပြီး လတ်တလော စပါးအသင်း ချိန်ရွယ်နေတဲ့ နည်းပြတွေထဲမှာ ဘန်လေနည်းပြ ဗင်းဆန့်ကွန်ပနီပါ အံ့အားသင့်ဖွယ် ပါဝင်နေတယ်လို့ သိရပါတယ်။

Photo Credit : Sporting News

စပါးနည်းပြဟောင်း ကွန်တီဟာ international break မတိုင်ခင် နောက်ဆုံး ကစားထားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ တစ်ဖက်ကို (၃)ဂိုးစီ သရေကျခဲ့တဲ့အပေါ် သူ့ကစားသမားတွေကို အပီအပြင် ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ရာ သူရဲ့ဝေဖန်မှုတွေကို ကစားသမားတွေက သဘောကျခြင်း မရှိသလို အသင်းတာဝန်ရှိသူတွေပါ မနှစ်သက်ရာကနေ နောက်ဆုံးမှာတော့ အသင်းနဲ့ လမ်းခွဲရဖို့ပါ ဖြစ်လာခဲ့ရပါတယ်။ ကွန်တီနဲ့ လက်တွဲဖြုတ်လိုက်ချိန်မှာ စပါးက နာဂယ်စမန်း ပိုချက်တီနို အင်းနရစ် မားကို့ဆေးလ်ဗား သောမတ်စ်ဖရန့်တို့ နည်းပြသစ်အဖြစ် ပစ်မှတ်ထားလာခဲ့သလို စီးတီး legend ကြီးဖြစ်သူ ဘန်လေနည်းပြ ကွန်ပနီဟာလည်း စပါးနည်းပြသစ် ဖြစ်လာနိုင်မယ့် နည်းပြအဖြစ်နဲ့ပါ ရေပန်းစားနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

The Sun သတင်းစာရဲ့ ဖော်ပြမှုမှာတော့ စပါးအသင်းရဲ့ ဥက္ကဌ ဒန်နီရယ်လီဗီးက ဒီရာသီ ချန်ပီယံရှစ်မှာ အရမ်းကို ကြမ်းပြနေတဲ့ ဘန်လေအသင်းရဲ့ နည်းပြဖြစ်သူ ကွန်ပနီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ အလွန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံနဲ့ မန်စီးတီး ကစားသမားဟောင်းကြီးဖြစ်သူ ကွန်ပနီဟာ ၂၀၂၀တုန်းက ကစားသမားဘဝကို အဆုံးသတ်ပြီးနောက်မှာ နည်းပြနယ်ပယ်ထဲကို စတင် ဝင်ရောက်လာခဲ့ပြီး နည်းပြဘဝအစမှာ ဘယ်လ်ဂျီယံ ထိပ်သီးကလပ် အန်ဒါလက်ချ်အသင်းကို စတင် ကိုင်တွယ်ဖြစ်ခဲ့ပါတယ်။

Photo Credit : Sky Sports

အန်ဒါလက်ချ်ကနေ တစ်ဆင့် ဘန်လေအသင်းကို ကိုင်တွယ်ဖြစ်ခဲ့တဲ့ ကွန်ပနီဟာ နစ်ပုတ် တာကောစကီး ဘင်မီး မက်နေးလ်တို့လို ကစားသမားတွေကို လက်လွတ်ခဲ့ရပေမယ့် သူ့အသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ်ဆီ ပြန်လည် တတ်လှမ်းဖို့ လက်တစ်ကမ်းအကွာသာ လိုတော့တဲ့အထိ လုပ်ဆောင်ထားနိုင်ပါတယ်။ ဒါကြောင့်လည်း လီဗီးက ကွန်ပနီကို စပါးနည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတာ ဖြစ်ပေမယ့် ကွန်ပနီအနေနဲ့က စပါးရဲ့ စိတ်ဝင်စားမှုကို လက်ခံသွားပါ့မလားဆိုတာ စောင့်ကြ ည့်ရပါလိမ့်မယ်။

Exit mobile version