ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာအသင်းကနေ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေး သန်းပေါင်းမြောက်များစွာနဲ့ ရောက်ရှိလာခဲဲ့တဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့်ကစားသမားလေးဖြစ်သူ ဂျာအိုဖီးလစ်အနေနဲ့ ပရိသတ်တွေ မျှော်လင့်နေသလို ကစားသမားကောင်းတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် နည်းပြဆီမြွန်နီနဲ့ အသင်းရဲ့စီနီယာကစားသမားကြီးတွေရဲ့ လမ်းညွှန်ဆုံးမစကားတွေကို အမြဲနာခံသင့်တယ်လို့ ဖီးလစ်ရဲ့စီနီယာနောင်တော်ကစားသမားဖြစ်တဲ့ ကွင်းလယ်လူကိုကီက သတိပေးပြောဆိုလာခဲဲ့ပါတယ်။

Photo Credit : Yahoo Sports

အသက်၂၀အရွှယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဂျာအိုဖီးလစ်ဟာ ဘာစီလိုနာကို ရောက်ရှိသွားတဲ့ အန်တိုနီယိုဂရစ်ဇ်မန်းရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပေမယ့် ခံစစ်အသားပေးတဲဲ့ ဆီမြွန်နီရဲ့နည်းစနစ်ကြောင့်ရော သူရဲ့ရင့်ကျက်မှုအားနည်းနေသေးတဲ့ ကစားဟန်ကြောင့်ရော အသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ယောက် မဖြစ်လာခဲ့သေးပါဘူး။ ဖီးလစ်ဟာ ခြေထောက်ဒဏ်ရာကြောင့် တစ်လနီးပါးလောက် အနားယူခဲ့ရပြီး ဗီလာရီးရဲဲလ်နဲဲ့ပွဲမှသာ အသက်လက်တီကိုအသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့တာဖြစ်ကာ သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဒီလို အသင်းနဲ့ ပြန်လည်ပါဝင်ခွင့်ရတဲ့ပွဲဲမှာ သွင်းဂိုးပါ သွင်းယူနိုင်ခဲ့တဲ့ ဂျာအိုဖီးလစ်နဲ့ပတ်သက်ပြီး သူရဲဲ့စီနီယာကစားသမားကြီး ကိုကီက “ဂျာအိုဆီကနေ အားလုံးဘာတွေ မျှော်လင့်နေကြသလဲဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ သူက ငယ်လည်းငယ်ရွှယ်သေးပြီးတော့ ဒီထက်မက အများကြီးတိုးတတ်လာမယ့် အခွင့်အလမ်းတွေကို ပိုင်ဆိုင်ထားတဲ့သူပါ။ အသင်းမှာက အသင်းနဲ့ အံ့ဝင်ခွင့်ကျဖြစ်ဖို့အတွက် တကယ့်ကစားသမားကြီးတွေတောင် ခက်ခက်ခဲခဲကို ကြိုးစားခဲ့ရတာ။ သူကတော့ ငယ်ပါသေးတယ်။ တကယ်လို့ သူ့အနေနဲ့ နည်းပြနဲ့ အသင်းဖော်တွေရဲ့စကားကို သေသေချာချာလေး နားထောင်မယ်ဆိုရင်တော့ လူတိုင်းမြင်တွေ့ချင်နေတဲ့ပုံစံမျိုးကို ပိုင်ဆိုင်လာမယ့် ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ သူက ဒဏ်ရာတွေ မကြာခဏရလို့ ကံမကောင်းဘူးလို့ ပြောနိုင်ပေမယ့် အနာဂတ်မှာတော့ တကယ့်ကို ကစားသမားကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုတာတော့ သေချာပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။