ကမၻာေက်ာ္ဘတ္စကတ္ေဘာၿပိဳင္ပြဲျဖစ္တဲ့ NBA ၿပိဳင္ပြဲရဲ့ ဂႏၲဝင္ကစားသမားတစ္ဦး ျဖစ္တဲ့ ကိုဘီ ဘရိုင္ယန္ဟာ အသက္၄၂ႏွစ္မွာပဲ မေတာ္တဆ ရဟတ္ယာဥ္ပ်က္က်မွုေၾကာင့္ သူ႔ရဲ့ သမီးငယ္နဲ႔အတူ ေသဆုံးသြားခဲ့ရၿပီလို႔ သိရပါတယ္။ ကိုဘီ ဘရိုင္ယန္ဟာ NBA ၿပိဳင္ပြဲရဲ့ ျပယုဂ္တစ္ခုလို ျဖစ္ေနတာေၾကာင့္ NBA ၿပိဳင္ပြဲအတြက္ ကိုဘီ ေသဆုံးမွုဟာ ႀကီးမားတဲ့ ဆုံးရွုံးမွု တစ္ခုျဖစ္သလို အားကစားေလာကအတြက္ လဲ ကိုဘီ ေသဆုံးမွုဟာ ဝမ္းနည္းစရာ ျဖစ္ရပ္ တစ္ခုပါ​။

ဒါ့ေၾကာင့္လည္း ကိုဘီ ေသဆုံးမွုအတြက္ ကမၻာအရပ္ရပ္က နာမည္ႀကီးမ်ားက ဝမ္းနည္းေၾကာင္း စကားမ်ား ေျပာၾကားခဲ့ၾကပါတယ္။ ဒီတစ္ခါမွာေတာ့ ကၽြန္ေတာ္က ကိုဘီအတြက္ နာမည္ေက်ာ္ ေဘာလုံးသမားမ်ား ေျပာၾကားခဲ့တဲ့ ဝမ္းနည္းေၾကာင္းစကားမ်ားကို စုစည္း တင္ဆက္ေပးသြားခ်င္ပါတယ္။

Photo Credit: Metro.com

ေနမာ
ကၽြန္ေတာ္က ကိုဘီေသဆုံးခဲ့တဲ့ သတင္းကို ဆိုရွယ္မီဒီယာေပၚကေန သိရွိခဲ့ရပါတယ္။ ကိုဘီ ေသဆုံးခဲ့တာဟာ အားကစားေလာကအတြက္ အရမ္းကို ႀကီးမားတဲ့ ဆုံးရွုံးနစ္နာမွုတစ္ခုပါပဲ။ ဒါဟာ ဘတ္စကတ္ေဘာပရိသတ္ေတြနဲ႔သာ သက္ဆိုင္တာမဟုတ္ပါဘူး။ ကၽြန္ေတာ္က သူ႔ကို သိပါတယ္။ ဒါ့ေၾကာင့္လည္း သူ႔အတြက္ ရည္စူးၿပီး ေအာင္ပြဲခံခဲ့တာပါ။ ၿငိမ္းခ်မ္းစြာ အနားယူပါ ကိုဘီ….။

Photo Credit: Metro.com

ေပါ့ဘာ
သူရဲေကာင္းလို လာၿပီး ဂႏၲဝင္တစ္ဦးလို ထာဝရ ျပန္ထြက္သြားပါတယ္။ ကိုဘီ ၊ ကိုဘီရဲ့ သမီးေလး ၊ ဒီကိစၥအတြင္းမွာ ပါဝင္ခဲ့တဲ့ လူအားလုံးရဲ့ မိသားစုေတြအတြက္ ဆုေတာင္းေပးေနပါတယ္။ ၿငိမ္းခ်မ္းစြာ အနားယူၾကပါ…။

မက္ဆီ
ကၽြန္ေတာ့္မွာ ေျပာစရာစကားေတြ မရွိေတာ့ပါဘူး။ ကိုဘီရဲ့မိသားစုအတြက္ ကၽြန္ေတာ့္ရဲ့ ခ်စ္ျခင္းေမတၱာေတြကို ေပးပို႔ပါတယ္။ ခင္ဗ်ားနဲ႔ ေတြ႕ဆုံခဲ့ရတာေတ​ြက တကယ္ကို အမွတ္တရပါပဲ ကိုဘီ…။ ခင္ဗ်ားဟာ ပါရမီရွင္အနည္းစုထဲက တစ္ဦးပါ…။

Photo Credit: Metro.com

စီရိုနယ္ဒို
ကိုဘီနဲ႔သူ႔သမီးေလးတို႔ ေသဆုံးခဲ့တဲ့ သတင္းကိုၾကားရတာ အရမ္းကို စိတ္မေကာင္း ျဖစ္ရပါတယ္။ ကိုဘီဟာ ဂႏၲဝင္တစ္ဦးျဖစ္ၿပီး သူ႔ကို အတုယူေနတဲ့လူေတြ အမ်ားႀကီးရွိတဲ့သူပါ။ ကၽြန္ေတာ္ ဒီေနရာကေန ကိုဘီရဲ့မိသားစု အတြက္ေရာ ၊ ဒီျဖစ္ရပ္အတြင္းမွာ ပါဝင္ခဲ့တဲ့ လူေတြရဲ့ မိသားစုေတြအတြက္ပါ ဝမ္းနည္းစကား ေျပာခ်င္ပါတယ္။ ၿငိမ္းခ်မ္းစြာ အနားယူပါ ဂႏၲဝင္ႀကီး…။

ကမ္ဘာကျော်ဘတ်စကတ်ဘောပြိုင်ပွဲဖြစ်တဲ့ NBA ပြိုင်ပွဲရဲ့ ဂန္တဝင်ကစားသမားတစ်ဦး ဖြစ်တဲ့ ကိုဘီ ဘရိုင်ယန်ဟာ အသက်၄၂နှစ်မှာပဲ မတော်တဆ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သူ့ရဲ့ သမီးငယ်နဲ့အတူ သေဆုံးသွားခဲ့ရပြီလို့ သိရပါတယ်။ ကိုဘီ ဘရိုင်ယန်ဟာ NBA ပြိုင်ပွဲရဲ့ ပြယုဂ်တစ်ခုလို ဖြစ်နေတာကြောင့် NBA ပြိုင်ပွဲအတွက် ကိုဘီ သေဆုံးမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်သလို အားကစားလောကအတွက် လဲ ကိုဘီ သေဆုံးမှုဟာ ဝမ်းနည်းစရာ ဖြစ်ရပ် တစ်ခုပါ​။

ဒါ့ကြောင့်လည်း ကိုဘီ သေဆုံးမှုအတွက် ကမ္ဘာအရပ်ရပ်က နာမည်ကြီးများက ဝမ်းနည်းကြောင်း စကားများ ပြောကြားခဲ့ကြပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က ကိုဘီအတွက် နာမည်ကျော် ဘောလုံးသမားများ ပြောကြားခဲ့တဲ့ ဝမ်းနည်းကြောင်းစကားများကို စုစည်း တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit: Metro.com

နေမာ
ကျွန်တော်က ကိုဘီသေဆုံးခဲ့တဲ့ သတင်းကို ဆိုရှယ်မီဒီယာပေါ်ကနေ သိရှိခဲ့ရပါတယ်။ ကိုဘီ သေဆုံးခဲ့တာဟာ အားကစားလောကအတွက် အရမ်းကို ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတစ်ခုပါပဲ။ ဒါဟာ ဘတ်စကတ်ဘောပရိသတ်တွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ ကျွန်တော်က သူ့ကို သိပါတယ်။ ဒါ့ကြောင့်လည်း သူ့အတွက် ရည်စူးပြီး အောင်ပွဲခံခဲ့တာပါ။ ငြိမ်းချမ်းစွာ အနားယူပါ ကိုဘီ….။

Photo Credit: Metro.com

ပေါ့ဘာ
သူရဲကောင်းလို လာပြီး ဂန္တဝင်တစ်ဦးလို ထာဝရ ပြန်ထွက်သွားပါတယ်။ ကိုဘီ ၊ ကိုဘီရဲ့ သမီးလေး ၊ ဒီကိစ္စအတွင်းမှာ ပါဝင်ခဲ့တဲ့ လူအားလုံးရဲ့ မိသားစုတွေအတွက် ဆုတောင်းပေးနေပါတယ်။ ငြိမ်းချမ်းစွာ အနားယူကြပါ…။

မက်ဆီ
ကျွန်တော့်မှာ ပြောစရာစကားတွေ မရှိတော့ပါဘူး။ ကိုဘီရဲ့မိသားစုအတွက် ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးပို့ပါတယ်။ ခင်ဗျားနဲ့ တွေ့ဆုံခဲ့ရတာတေ​ွက တကယ်ကို အမှတ်တရပါပဲ ကိုဘီ…။ ခင်ဗျားဟာ ပါရမီရှင်အနည်းစုထဲက တစ်ဦးပါ…။

Photo Credit: Metro.com

စီရိုနယ်ဒို
ကိုဘီနဲ့သူ့သမီးလေးတို့ သေဆုံးခဲ့တဲ့ သတင်းကိုကြားရတာ အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုဘီဟာ ဂန္တဝင်တစ်ဦးဖြစ်ပြီး သူ့ကို အတုယူနေတဲ့လူတွေ အများကြီးရှိတဲ့သူပါ။ ကျွန်တော် ဒီနေရာကနေ ကိုဘီရဲ့မိသားစု အတွက်ရော ၊ ဒီဖြစ်ရပ်အတွင်းမှာ ပါဝင်ခဲ့တဲ့ လူတွေရဲ့ မိသားစုတွေအတွက်ပါ ဝမ်းနည်းစကား ပြောချင်ပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ ဂန္တဝင်ကြီး…။