ယခုနှစ်ဘောလုံးရာသီမှာ လစ်ဇက်အသင်း အတွက် အတောက်ပဆုံးခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တဲ့ ဂျာမန်တိုက်စစ်မှူး တီမိုဝါနာဟာ လာမယ့်ဘောလုံးရာသီမှာတော့ အသင်းကို စွန့်ခွာဖို့အတ​ွက် စဉ်းစားနေပြီး ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ဝါနာဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လီဗာပူးလ်အသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်းနဲ့ သူ့ရဲ့ ကစားပုံဟာ လီဗာပူးလ်အသင်းနဲ့ ကိုက်ညီတယ် လို့ ဖွင့်ဟထားခဲ့ပါတယ်။

Photo Credit: Marca.com

ဂျာမန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဘက်ကလည်း ဝါနာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားကြောင်းနဲ့ လာမယ့် ဘောလုံးရာသီမှာ အသင်းထံ ခေါ်ယူနိုင်ဖို့ စတင်ပြီး ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒါပေမယ့် လက်ရှိ လီဗာပူးလ်အသင်းမှာ မာနေး ၊ ဖာမီနို ၊ ဆာလက် ၊ အော်ရီဂီ စတဲ့ တိုက်စစ်မှူးတွေ ရှိနေသလို လူငယ် အသင်းမှာလည်း ဘရူစတာ ၊ ဟယ်ရီဝီလ်ဆင် စတဲ့ လူငယ်တိုက်စစ်မှူးတွေလည်း ရှိသေးတာကြောင့် ဝါနာကို ခေါ်ယူဖို့အတွက် တွန့်ဆုတ်နေပါတယ်။

Photo Credit: Marca.com

အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ လက်ရှိမှာ တီမိုဝါနာကို ခေါ်ယူဖို့ လီဗာပူးလ် အသင်းဘက်က စီစဉ်ထားခဲ့ပေမယ့် နောက်ဆုံး အပြီးသတ်ဆုံးဖြတ်ချက်ကိုတော့ အသင်းရဲ့ ပဲ့ကိုင်ရှင် ကလော့ပ်ကသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဝါနာဟာ လက်ရှိ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၃ပွ​ဲ ကစားထားရာမှာ ၂၁ဂိုးသွင်းကာ ၇ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပြီး သူ့ရဲ့တန်ကြေးကတော့ ပေါင်၇၀သန်းဝန်းကျင် ရှိပါတယ်။ ကဲ ဝါနာကို လီဗာပူးလ်အသင်းက ခေါ်ယူမယ်ထင်လားဗျ…?