လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မရပ်နားရခင်မှာ ရမှတ် (၂၅) မှတ် ဖြတ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာ ဖြစ်ပေမဲ့လည်း သူက လီဗာပူးလ်အသင်းက ပြီးပြည့်စုံတဲ့ အသင်း မဟုတ်သေးပါဘူးလို့ ပြောကြားသွားပါတယ်။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆုဖလား အောင်မြင်မှုနဲ့ တိုင်းတာရမယ် ဆိုရင် အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နေပေမဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆုဖလား အောင်မြင်မှုနဲ့ တိုင်းတာမယ် ဆိုရင်တော့ မအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်းလို့ တိုက်ရိုက် ပြောနိုင်ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲစတင်ချိန် ကတည်းက အခု လက်ရှိအချိန်အထိ နှစ်ပေါင်း (၃၀) အတွင်း ပရီးမီးယားလိဂ် ဆုဖလားကို တစ်ကြိမ်မှ မရခဲ့တာ ဖြစ်ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ဆုဖလား ရရှိဖို့ လက်တစ်ကမ်း အလိုမှာ ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရပ်နားထားပြီး တကယ်လို့များ ပရီးမီးယားလိဂ် ပြိုှုင်ပွဲကို ဖျက်သိမ်းမယ် ဆိုရင် ဆုဖလားနဲ့ လွဲချော်နိုင်ပြီး လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ သူ့ရဲ့ အသင်းဟာ တိုးတတ်ရမယ့် နေရာ အများကြီး ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ် နည်းပြ ကလော့ပ်က “ကျွန်တော်တို့ စိတ်ဓါတ်ပိုင်း မပြောင်းလဲဘူး။ တကယ်လို့များ ကျွန်တော်တို့အနေနဲ့ အခြားအသင်းတွေ လုပ်နေတဲ့ အတိုင်း လိုက်လုပ်ပြီး အောင်မြင်သွားမယ် ဆိုရင် လိုက်လုပ်ရပါလိမ့်မယ်။ အနာဂတ်မှာ ဘာတွေ ကြုံတွေ့သွားရမလဲ ဆိုတာကို ကျွန်တော် လုံးဝ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မပြောင်းလဲသွားဘူး။ ဒီအသင်းက ပြီးပြည့်စုံတဲ့ အသင်း မဟုတ်သေးပါဘူး။ ကျွန်တော်တို့မှာ တိုးတတ်ရမယ့် နေရာတွေ အများကြီး ရှိနေပါသေးတယ်။ အသင်းရဲ့ အတွင်းပိုင်းမှာ နောက်ထပ် ဖြစ်လာမယ့် အရာတွေ ရှိပြီး အဲဒါတွေကို ကျွန်တော်တို့ နိုင်နင်းအောင် ပြုလုပ်သွားပါမယ်။ ကျွန်တော်တို့ တိုးတတ်အောင် ပြုလုပ်လို့ ရမယ့် အရာတွေ အများကြီး ရှိနေသေးတယ်။ ဒီအသင်းနဲ့ တိုးတတ်အောင် ပြုလုပ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။