လီဗာပူးလ်အသင်းကို လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရှုံးပွဲမရှိအောင်သာမကပဲ သရေပွဲတစ်ပွဲတည်းသာရှိတဲ့အထိ ဦးဆောင်ပြထားနိုင်တဲ့ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင် ကလော့ပ်ကတော့ ဘာစီလိုနာအသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ သူ့ရဲ့တပည့်ဟောင်း ကော်တင်ဟိုကို အသင်းထံ ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

Photo Credit: Express.com

လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ ဘာစီလိုနာအသင်းမှ အငှားနဲ့သွားရောက် ကစားနေတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ မပါဝင်တော့ဘူးလို့ လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး အငှားနဲ့ သူ့ကိုခေါ်ယူထားတဲ့ ဘိုင်ယန် အသင်းဟာလည်း သူ့ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိကြောင်း ဂျာမဏီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Express.com

စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ဝယ်စျေးရဲ့ ထက်ဝက်ကြေးဖြစ်တဲ့ ၇၀သန်း ရရှိပါက ကော်တင်ဟိုကို ပြန်လည်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပြီး လက်ရှိမှာတော့ လီဗာပူး အသင်းဟာ ကော်တင်ဟိုကို ပြန်လည်ခေါ်ယူဖို့ ဘာစီလိုနာအသင်းဆီ ချဉ်းကပ်လာတယ်လို့ သိရှိရပါတယ်။

Photo Credit: Express.com

ကလော့ပ်ဟာ သူ့ရဲ့တပည့်ဟောင်းတွေကို ပြန်လည်ခေါ်ယူလိုခြင်းမရှိဘူးလို့ ပြောကြားဖားခဲ့ဖူးပေမယ့် အသက်၂၇နှစ်အရွယ်သာရှိသေးတဲ့ ကော်တင်ဟိုကိုတော့ ပြန်လည်ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ကလော့ပ်ဟာ ဘာစီလိုနာအသင်းဆီကို မပြောင်းရွှေ့ဖို့အတွက် ကော်တင်ဟိုကို တားဆီးခဲ့ဖူးပါတယ်။