လီဗာပူးလ် ကစားသမားဟောင်း ဒန်နီ မာဖီကတော့ နည်းပြ ကလော့ပ်အနေနဲ့ ပို မြန်အောင် ကစားချင်တယ် ဆိုရင် ဂရီလစ်ချ်ကို ခေါ်ယူသင့်တယ်လို့ အကြံပေး ပြောကြားသွားခဲ့ပါတယ်။ ဂရီလစ်ချ်ရဲ့ အက်စတွန် ဗီလာအသင်းဟာ ယနေ့ည တနင်္ဂနွေနေ့ည (၁၁) နာရီမှာ မန်စီးတီး အသင်းနဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ်ကို ဝင်ဘာလေကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ဂရီလစ်ချစ်ဟာ တောင်ပံ နေရာ နဲ့ ကွင်းလယ် နေရာ၊ (၂) နေရာမှာ ကစားနိုင်တာကြောင့် ဒန်နီ မာဖီက နည်းပြ ကလော့ပ်အနေနဲ့ ဂရီလစ်ချ်ကို ခေါ်ယူသင့်တယ်လို့ ပြောသွားခဲ့တာပါပဲ။

Photo Credit: Goal

အသက် (၂၄) နှစ်အရွယ် ဂရီလစ်ချ်ဟာ ပြီးခဲ့တဲ့ လတွေကလည်းက နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကို ပြောင်းဖို့အတွက် ချိတ်ဆက်နေခဲ့ပါတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂရီလစ်ချ်ဟာ လက်ရှိရာသီမှာ အက်စတွန် ဗီလာအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၇) ဂိုး နဲ့ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးပွဲမရှိ စံချိန် ရပ်တန့်ခဲ့ပြီး ဒန်နီ မာဖီက ဂရီလစ်ချ်ကို ခေါ်ယူဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

Photo Credit: Goal

ဒန်နီ မာဖီက “ထိပ်ဆုံးအသင်း ဖြစ်နေကြတဲ့ မန်စီးတီး နဲ့ လီဗာပူးလ်ကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဆီမှာ တစ်နေရာအထက် ကစားနိုင်တဲ့ ကစားသမားတွေ ရှိတာကို မြင်ရမှာ ဖြစ်ပါတယ်။ စတာလင်၊ ဖာနန်ဒင်ဟို၊ ဒီဘရှိုင်း၊ ဟန်ဒါဆန်၊ ချိန်ဘာလိန် နဲ့ ဆာလတ်တို့ကို ကြည့်လိုက်ပါ။ ဂရီလစ်ချ်က နှစ်နေရာမှာ ကစားနိုင်ပြီး သူ နေရာစုံမှာ ကစားနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှု နဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ရှိပါတယ်။ ကလော့ပ်မှာ အသုံးပြုရမယ့် ကစားသမားတွေ အများကြီး ရှိပါတယ်။ ကျွန်တော်က ကီတာ နဲ့ မီနာတို့ထက် ဂရီလစ်ချ်ကို အသုံးပြုသွားမှာပါ။ ဂရီလစ်ချ်က မန်ယူအသင်းနဲ့ ချိတ်ဆက်နေပါတယ်။ ဒါပေမဲ့ တကယ်လို့ သူက အသင်းကနေ ထွက်သွားဖို့ ပြင်ဆင်မယ် ဆိုရင် သူ့ကို ခေါ်ချင်မှာ မန်ယူပဲ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။