မန္ယူ နည္းျပ ဆုိးလ္ရွားကေတာ့ လီဗာပူးလ္ နည္းျပ ကေလာ့ပ္ဟာ သူ႔ရဲ႕ လီဗာပူးလ္အသင္းကုိ တည္ေဆာက္ဖုိ႔ အခ်ိန္ (၄) ႏွစ္ၾကာၿပီး အသင္း တစ္သင္းကုိ ျမန္ျမန္ ျပဳျပင္လုိ႔ မရပါဘူးလုိ႔ သူ႔ရဲ႕ အျမင္ကုိ ေျပာျပသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ မေန႔ညက ကစားသြားတဲ့ ပဲြစဥ္မွာေတာ့ ဝုဗ္လ္အသင္းကုိ (၁-၂) နဲ႔ အႏုိင္ ရရွိခဲ့ၿပီး အဆင့္ (၁) ေနရာကုိ ဆက္လက္ ထိန္းသိမ္းသြားသလုိ မန္ယူအသင္းကေတာ့ ေနာက္ဆုံး ကစားခဲ့တဲ့ ပဲြစဥ္ (၂) ပဲြစလုံး (၂-၀) နဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။
Photo Credit: Goal
မန္ယူအသင္းဟာ ဘန္ေလအသင္းကို အိမ္ကြင္းမွာ (၂-၀) ရလဒ္နဲ႔ ရႈံးနိမ့္သြားခဲ့တာေၾကာင့္ စပါးအသင္း၊ ဝုဗ္လ္အသင္းတုိ႔နဲ႔ ရမွတ္တူ (၃၄) မွတ္ ရရွိထားၿပီး ဂိုးကြာျခားခ်က္နဲ႔ အဆင့္ (၅) ေနရာ ရရွိလ်က္ ရွိပါတယ္။ မန္ယူအသင္းဟာ အဆင့္ (၄) ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ ရမွတ္ (၅) မွတ္ ကြာဟသြားၿပီး ေနာက္ပဲြသာ ထပ္ရႈံးမယ္ဆုိရင္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိဖုိ႔ ခက္ခဲသြားမွာ ျဖစ္သလုိ နည္းျပ ဆုိးလ္ရွားက မန္ယူအသင္းကုိ ျမန္ျမန္ျပဳျပင္လုိ႔ မရဘူးလုိ႔ အခုိင္အမာ ေျပာသြားပါတယ္။
Photo Credit: Goal
နည္းျပ ဆုိးလ္ရွားက “ဂ်ာဂန္ ကေလာ့ပ္က သူ႔ရဲ႕အသင္းကုိ တည္ေဆာက္ဖုိ႔ (၄) ႏွစ္ၾကာခဲ့တာကုိ ျမင္ခဲ့ၾကမွာပါ။ အခု သူတုိ႔ ေကာင္းေနၾကပါၿပီ။ ျမန္ျမန္ျပဳျပင္လုိ႔ေတာ့ မရပါဘူး။ အေျပာင္းအေရြ႕ တစ္ႀကိမ္မွာပဲ ကစားသမား (၈) ဦး ဒါမွမဟုတ္ (၁၀) ဦး ေခၚလုိ႔ မရဘူးေလေနာ္။ ကြ်န္ေတာ္ဟာ အေျပာင္းအေရြ႕ တစ္ႀကိမ္ပဲ ရွိေသးတယ္။ အခု ကြ်န္ေတာ္တုိ႔ တစ္ခုခုျပဳလုပ္ဖုိ႔ ႀကိဳးစားေနတယ္။ တစ္ခုခု စၿပီးဆုိကတည္းက အဲဒီအစီအစဥ္ကုိပဲ အာရုံစုိက္ရပါေတာ့တယ္”လုိ႔ ေျပာသြားခဲ့ပါတယ္။
{Unicode}
မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ သူ့ရဲ့ လီဗာပူးလ်အသင်းကို တည်ဆောက်ဖို့ အချိန် (၄) နှစ်ကြာပြီး အသင်း တစ်သင်းကို မြန်မြန် ပြုပြင်လို့ မရပါဘူးလို့ သူ့ရဲ့ အမြင်ကို ပြောပြသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပွဲစဉ်မှာတော့ ဝုဗ်လ်အသင်းကို (၁-၂) နဲ့ အနိုင် ရရှိခဲ့ပြီး အဆင့် (၁) နေရာကို ဆက်လက် ထိန်းသိမ်းသွားသလို မန်ယူအသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၂) ပွဲစလုံး (၂-ဝ) နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
Photo Credit: Goal
မန်ယူအသင်းဟာ ဘန်လေအသင်းကို အိမ်ကွင်းမှာ (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် စပါးအသင်း၊ ဝုဗ်လ်အသင်းတို့နဲ့ ရမှတ်တူ (၃၄) မှတ် ရရှိထားပြီး ဂိုးကွာခြားချက်နဲ့ အဆင့် (၅) နေရာ ရရှိလျက် ရှိပါတယ်။ မန်ယူအသင်းဟာ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၅) မှတ် ကွာဟသွားပြီး နောက်ပွဲသာ ထပ်ရှုံးမယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ ခက်ခဲသွားမှာ ဖြစ်သလို နည်းပြ ဆိုးလ်ရှားက မန်ယူအသင်းကို မြန်မြန်ပြုပြင်လို့ မရဘူးလို့ အခိုင်အမာ ပြောသွားပါတယ်။
Photo Credit: Goal
နည်းပြ ဆိုးလ်ရှားက “ဂျာဂန် ကလော့ပ်က သူ့ရဲ့အသင်းကို တည်ဆောက်ဖို့ (၄) နှစ်ကြာခဲ့တာကို မြင်ခဲ့ကြမှာပါ။ အခု သူတို့ ကောင်းနေကြပါပြီ။ မြန်မြန်ပြုပြင်လို့တော့ မရပါဘူး။ အပြောင်းအရွေ့ တစ်ကြိမ်မှာပဲ ကစားသမား (၈) ဦး ဒါမှမဟုတ် (၁၀) ဦး ခေါ်လို့ မရဘူးလေနော်။ ကျွန်တော်ဟာ အပြောင်းအရွေ့ တစ်ကြိမ်ပဲ ရှိသေးတယ်။ အခု ကျွန်တော်တို့ တစ်ခုခုပြုလုပ်ဖို့ ကြိုးစားနေတယ်။ တစ်ခုခု စပြီးဆိုကတည်းက အဲဒီအစီအစဉ်ကိုပဲ အာရုံစိုက်ရပါတော့တယ်”လို့ ပြောသွားခဲ့ပါတယ်။