ဖူလ်ဟမ်အသင်းကို အာနိုးရဲ့ နောက်ကျ သွင်းဂိုးနဲ့ Comeback နိုင်ပွဲ ရယူနိုင်ခဲ့တဲ့ ပွဲစဉ်က ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ အမှတ်တရ ပွဲစဉ်တစ်ပွဲ ဖြစ်သွားခဲ့ပြီလို့ လီဗာပူးလ် အသင်းနည်းပြ ယာဂင် ကလော့ပ် အမွှမ်းတင် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်း နဲ့ ဖူလ်ဟမ်အသင်းတို့ဟာ မနေ့က အန်ဖီးလ်ကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရင်း အပြန်အလှန် ပွဲကို ဦးဆောင်ခဲ့ရာ လီဗာပူးလ်က (2-3)နဲ့ ရှုံးနိမ့်နေစဉ် အန်ဒို နဲ့ အာနိုးတို့က ချေပဂိုး နဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူခဲ့တာကြောင့် (4-3)နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Liverpool show title credentials as Trent Alexander-Arnold inspires  comeback win over Fulham | The Independent

Photo Credit : The Independent

လီဗာပူးလ်အသင်းက ဒီပွဲကြောင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာထိ တက်လှမ်းနိုင်ခဲ့သလို ထိပ်ဆုံးက အာဆင်နယ်နဲ့လည်း (၂)မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး လီဗာပူးလ် နည်းပြကြီး ကလော့ပ်က “ပွဲပြီး ခံစားချက်က ထူးခြား ကောင်းမွန်နေပါတယ်။ ပွဲကစားနေစဉ် အတွင်းမှာတော့ အခိုက်အတန့်က အနည်းငယ် ကွဲပြားနေတယ်။”

“ကျွန်တော်တို့တွေ ဦးဆောင်ခံလိုက်ရချိန်မှာတော့ ကျွန်တော့် ကစားသမားတွေကို စကားပြောခဲ့ရသေးတယ်။ ဘာလို့လဲဆိုတော့ ဒီရလဒ်က ကျွန်တော်တို့ကို အနည်းငယ် ဆွံ့အစေခဲ့ရလို့။ ဒါပေမယ့် (၃)ဂိုးစီ သရေကျသွားချိန်မှာတော့ ကစားသမားတွေက ဒီထက်မက ပိုလုပ်ဆောင်ချင်လာခဲ့ပါတယ်။”

Photo Credit : Goal

“ကျွန်တော်တို့မှာ ကံတရားရဲ့ ဖေးမမှု အနည်းငယ်လည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါကိုလည်း ကျွန်တော်တို့ အမိအရ အသုံးချနိုင်ခဲ့ပါတယ်။ လီဗာပူးလ် တစ်သင်းလုံးအတွက် ထူးထူးခြားခြား အတွေ့အကြုံတစ်ခုလည်း ဖြစ်ခဲ့ရတယ်။”

“အခုပွဲမတိုင်ခင်က လီဗာပူးလ် နဲ့ ဖူလ်ဟမ်ပွဲကို ဘယ်သူကမှ ဒီလောက်အထိ စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်လို့ ထင်ထားကြမှာ မဟုတ်ဘူး။ အခုတော့ ဒီပွဲက ဘယ်တော့မှ မမေ့နိုင်လောက်စရာ ပွဲကောင်းတစ်ပွဲ ဖြစ်သွားခဲ့ရတယ်။ ဒီလောက် ပြိုင်ဆိုင်မှု အားကောင်းခဲ့တဲ့ ပွဲကိုလည်း ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။