လီဗာပူးလ် နည်းပြ ကလော့ပ်က ယခုအပတ်၊ ဗုဒ္စဟူးနေ့ည၊ ကြာသပတေးနေ့ နံနက် (၁း၄၅) အချိန်၊ ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယား လိဂ် အိမ်ကွင်း ပွဲစဉ်မှာ တစ်ခါမှ မထိဖူးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိတော့မှာကြောင့်မို့ အထူး ဖြစ်စဉ် ဖြစ်ပြီး အလွန် ပျော်ရွှင်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ စတင်ခဲ့စဉ်ကတည်းက နည်းပြတွေ နဲ့ အသင်းရဲ့ ခေါင်းဆောင်တွေ အလီလီ ပြောင်းခဲ့ကြပေမယ့်လည်း ပရီးမီးယားလိဂ် ဆုဖလားကို မရနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ ကလော့ပ်ရဲ့ လက်ထက်မှာသာ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိနိုင်ခဲ့ပါတယ်။

Photo Credit: YahooSports

နည်းပြ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဆုဖလား ရယူပေးခဲ့တဲ့ အချိန်မှာ ရိုးရိုး ရယူပေးခဲ့တာ မဟုတ်ဘဲ လက်ကျန် ပွဲစဉ် (၇) ပွဲအထိ ကစားဖို့ လိုအပ်သေးတဲ့ အချိန်မှာ ရယူပေးခဲ့တာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို အလျှင်မြန်ဆုံး ရယူပေးခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို အလျှင်မြန်ဆုံး ရရှိနိုင်တဲ့ အသင်း အဖြစ် သမိုင်းဝင်သွားခဲ့တာ ဖြစ်ပြီး လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ် ဖလား ရရှိခဲ့သလို၊ ယခုနှစ်မှာ တစ်ခါမှ မထိဖူးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပါတယ်။

Photo Credit: YahooSports

နည်းပြ ကလော့ပ်က “ဒါက ခရစ်စမတ်နဲ့ အနည်းငယ်နဲ့ တူပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားက အထူး လက်ဆောင် မရခင်မှာ ရမယ် ဆိုတာကို သိပြီးသား ဖြစ်နေမယ် ဆိုရင်တော့ ဒါက သိပ် စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ ဖြစ်တယ်။ ကျွန်တော်တို့ ဒါကို စိတ်လှုပ်ရှားကြတယ်။ ကျွန်တော် ပရီးမီးယားလိဂ် ဆုဖလားကို အရင်က တစ်ခါမှ မထိဖူးပါဘူး။ ဒါဟာ အထူး ဖြစ်စဉ် ဖြစ်မှာပါပဲ။ အသင်းရဲ့ ကစားသမားတွေနဲ့ ဒီလို အခိုက်အတန့်ကို ရရှိမှာ ဖြစ်လို့ အလွန် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုရင် သူတို့က အခြားသူတွေထက် ဒီဖလားနဲ့ ထိုက်တန်လို့ပါ။ သူတို့က အင်မတန် ကြိုးစားခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ ခြေချော်မှု များစွာ ရင်ဆိုင်ခဲ့ရပါတယ်”လို့ ပြောခဲ့ပါတယ်။