MySport Myanmar

နယူးကာဆယ်နဲ့ပွဲမှာ ဗန်ဒိုက် ပြန်ကစားတော့မယ်လို့ သတင်းကောင်းပါးခဲ့တဲ့ ကလော့ပ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ကလော့ပ်က တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ အဓိက ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်တော့မယ်လို့ ပရိသတ်တွေဆီ သတင်းကောင်း ပါးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် နယ်သာလန် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်က ဇန်နဝါရီလ ၃ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၃-၁ လီဗာပူး ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာကြောင့်ပဲ ၁လကျော်ကြာ အနားယူခဲ့ရတာပါ။

Photo Credit: Team Talk

ဗန်ဒိုက် တယောက် မပါဝင်နိုင်ချိန်မှာ လီဗာပူးက ဂိုမက်စ်နဲ့ မာတစ်တို့ရဲ့ ခံစစ်အတွဲကိုသာ အသုံးပြုခဲ့ရသလို ဂိုမက်စ်နဲ့ မာတစ်တို့ရဲ့ ခြေစွမ်းပိုင်း ကျဆင်းနေမှုကြောင့် ဗန်ဒိုက် မပါဝင်နိုင်တဲ့ ၇ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့သလို ၂ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပြီး အဆိုပါ ၇ပွဲမှာ ပေးဂိုး ၁၀ဂိုး အထိ ရှိခဲ့ပါတယ်။

လီဗာပူးက ယခုတပတ်မှာတော့ ဒီရာသီမှာ ပုံစံကောင်းတွေ ရနေတဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး လီဗာပူးရဲ့ ပရိသတ်တွေက အဆိုပါပွဲ အတွက် စိုးရိမ်မှုတွေ ရှိနေကြပေမယ့် လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူတို့အသင်းဟာ နယူးကာဆယ်ကို အကောင်းဆုံး ရင်ဆိုင် ကစားဖို့ ပြင်ဆင်ထားသလို ဗန်ဒိုက်ကလည်း နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည် ပါဝင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ဆိုလာပါတယ်။

Photo Credit: Team Talk

ကလော့ပ်က – “ဗန်ဒိုက်က နယူးကာဆယ်နဲ့ ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ သူက မနေ့ထဲက အဆင်သင့် ဖြစ်နေတဲ့ ပုံစံမျိုး ရနေတာပါ။ ဒါကြောင့် မနက်ဖြန်မှာလည်း သူက အဲ့ဒီပုံစံအတိုင်းပဲ ဖြစ်နေဦးမယ်လို့ ထင်ပါတယ်။ ကျွန်တော်က ဘယ်သူတွေကို ထည့်ကစားမလဲ ဆိုတာကို ဆုံးဖြတ်ရပါဦးမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version