လီဗာပူးလ်အသင်းနဲ့အတူချန်ပီယံလိဂ်ဖလားဥရောပစူပါဖလားကမ္ဘာ့ကလပ်ဖလားတို့ကိုအရယူနိုင်ခဲ့သလိုလက်ရှိရာသီမှာလည်းပရီးမီးယားလိဂ်ဖလားကိုရရှိဖို့လက်တစ်ကမ်းအလိုကိုရောက်နေတဲ့နည်းပြဂျာဂင်ကလော့ပ်ကပရီးမီးယားလိ​​​ဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့မန်စီးတီးအသင်းကချန်ပီယံလိဂ်ပြိုင်ပွဲကနေနှစ်ရာသီထုတ်ပယ်ခံရမယ့်အရေးနဲ့ရင်ဆိုင်နေရတဲ့အပေါ်စိတ်မကောင်းဘူးလို့ဖွင့်ဟခဲ့ပါတယ်။

Photo Credit: Metro.com

    မန်စီးတီးအသင်းဟာဥရောပဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့UEFAရဲ့နာမည်ကျော်ဘဏ္ဏာရေးစည်းမျဉ်းတစ်ခုဖြစ်တဲ့FFP ကိုအတုအယောင်စာချုပ်တွေလုပ်ကာချိုးဖောက်ခဲ့တာကြောင့်UEFAရဲ့ချန်ပီယံလိဂ်ဝင်ခွင့်နှစ်ရာသီပိတ်ပင်ခံရမှုအပြင်ဒဏ်ကြေးအနေနဲ့လည်းယူရို၃၀သန်းအထိပေးချေရမယ့်စီရင်ချက်ချခံထားရတာပါ။လက်ရှိမှာတော့မန်စီးတီးအသင်းကအဆိုပါပြစ်ဒဏ်နဲ့ပတ်သတ်ပြီးအယူခံဝင်သွားမယ်လို့သိရပါတယ်။

Photo Credit: Metro.com

    အဆိုပါကိစ္စရပ်နဲ့ပတ်သတ်ပြီးမန်စီးတီးအသင်းကိုဝေဖန်သူတွေအများအပြားရှိနေခဲ့ပြီးလီဗာပူးလ်နည်းပြကလော့ပ်ကတော့ဒီကိစ္စဖြစ်လာခဲ့မှုကြောင့်အတော်လေးအံ့အားသင့်ခဲ့ရတယ်လို့ဆိုလာပါတယ်။ဒါ့အပြင်ကလော့ပ်ကဂွာဒီယိုလာနဲ့ကစားသမားတွေအတွက်လဲစိတ်မကောင်းဘူးလို့ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro.com

     မန်စီးတီးအသင်းရဲ့ကိစ္စရပ်အပေါ်ကလော့ပ်ကဒါကအတော်လေးကိုအံ့အားသင့်စရာကောင်းခဲ့ပါတယ်။သူတို့ကဘောလုံးလောကမှာဘာတွေလုပ်ခဲ့တာလဲပေါ့။ဒါပေမယ့်ကွင်းထဲမှာကတော့ကွဲပြားခြားနားပါတယ်။ပက်( ဂွာဒီယိုလာ)နဲ့သူ့ရဲ့ကစားသမားတွေအတွက်စိတ်မကောင်းပါဘူးလို့ဖွင့်ဟသွားခဲ့ပါတယ်။