မန်ချက်စတာ ယူနိုက်တက် ကစားသမား မားကပ်စ်ရက်ရှိဖို့ဒ်နဲ့ လီဗာပူးအသင်း နည်းပြ ဂျာဂျန်ကလော့ပ် ဟာ ဗြိတိန် နိုင်ငံရေးခေါင်းဆောင် တွေနဲ့ ဝန်ကြီးချုပ်ထက်ပါ ပိုပြီး လူထုအပေါ် ဩဇာအာဏာ သက်ရောက်မှု ရှိနေကြောင်း စစ်တမ်းတစ်ခု အရ သိရပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ စိတ်ထား ကောင်းမွန်မှုကတော့ အသင်းပရိသတ်တွေ အတွက်သာမကပဲ ဘောလုံးချစ်ပရိသတ်တွေ အတွက်ပါ ကြည်နူးစရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကျောင်းတွေ ပိတ်နေတဲ့ အချိန်မှာ အင်္ဂလန်နိုင်ငံ တစ်ဝှမ်းမှာ ရှိတဲ့ ကလေးပေါင်းမြောက်များစွာ ကို အခမဲ့ အစားအသောက်ကျွေးဖို့ အတွက် အစိုးရထံ နှစ်ကြိမ်တိုင်တိုင် အကူအညီတောင်းခဲ့သူ ဖြစ်ပြီး နှစ်ကြိမ်စလုံးဟာလည်း အောင်မြင်ခဲ့ပါတယ်။

Photo Credit: Sportbible

အဆိုပါ ကောင်းမွန်တဲ့ လုပ်ရပ်တွေကြောင့် ရက်ရှ်ဖို့ဒ် ဟာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ထက်တောင် လူထုအကြားမှာ ပိုပြီး နာမည်ကြီးနေတာ ဖြစ်ပါတယ်။ ဗြိတိန် မဟာဗျုဟာ အကြံပေးအဖွဲ့ ဟာ လူတွေကို ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေ ရဲ့ လူထုအပေါ်မှာ အကျိုးသက်ရောက် မှုကို မေးပြီးတော့ အမှတ် ၁၀ မှတ်သတ်မှတ်ကာ ပေးခိုင်းခဲ့ပါတယ်။ ထိုအထဲမှာ ရက်ရှ်ဖို့ဒ် နဲ့ ကလော့ပ် ကို နိုင်ငံရေးသမားတွေနဲ့ လူထုအကျိုးပြု အဖွဲ့ဝင်တွေထဲမှာ ထည့်သွင်းခဲ့ကြပါတယ်။ ကလော့ပ်ဟာ ဝန်ကြီးချုပ် ဝင်စတန်ချာချီ၊ တောင်အာဖရိက သမ္မ‌တဟောင်း နယ်ဆွန် မန်ဒယ်လား နဲ့ နယူးဇီလန်ဝန်ကြီးချုပ် ဂျဆင်ဒါအာဒန် တို့ရဲ့ နောက်မှာ ရှိနေတာ ဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကတော့ ကလော့ပ်ရဲ့ နောက်ကပ်လျက်မှာ ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: Sportbible

စကော့တ်ရှ် နိုင်ငံ‌ရေးခေါင်းဆောင်ကတော့ ကိုဗစ် ၁၉ ကိစ္စမှာ အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့တာ ကြောင့် ယခုလက်ရှိမှာ သူမဟာ အထိရောက်ဆုံးသော ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရှူံးနိမ့်ခဲ့တဲ့ သမ္မတဟောင်း ထရမ်ပ့် ကတော့ ဇယားရဲ့ အောက်ဆုံးမှာ ရောက်ရှိနေပြီးတော့ ၁၀ မှတ်ပေးရာမှာ ၂.၉၃ မှတ်ပဲ ရရှိခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် ရဲ့ မကြာသေးမီက ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေနဲ့ အသင်းအပေါ် ဦးဆောင်နိုင်ခဲ့မှုတွေကြောင့် ယူနိုက်တက် အသင်း ပရိသတ်တွေက သူ့ကို အသင်းခေါင်းဆောင် အဖြစ် မြင်တွေ့ချင်နေကြပါတယ်။ ကလော့ပ်ရဲ့ အသင်းအပေါ် ဦးဆောင်နိုင်ခဲ့မှုတွေကြောင့် ဇယားထိပ်နားမှာ ရှိနေတာကတော့ သံသယ ဖြစ်စရာ လုံးဝမရှိပါဘူး။ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာတော့ ကလော့ပ်နဲ့ ရက်ရှ်ဖို့ဒ်က အပြတ်အသတ် အနိုင်ရရှိတာ ဖြစ်ပါတယ်။