အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် က ပရီးမီးယားလိဂ် အနေနဲ့ ‌ဖြစ်ပေါ်နေတဲ့ ရောဂါ ပိုးနဲ့ ပတ်သက်ပြီး ပွဲစဉ်တွေကို မရပ်နား ပဲ အကောင်းဆုံး ကိုင်တွယ်နိုင်လိမ့်မယ် လို့ ယုံကြည်‌ကြောင်း နဲ့ အကယ်၍သာ တာဝန်ရှိသူတွေ အနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ပိုး ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ အတွက် ယခု ရာသီ ကို ရပ်နားမယ်လို့ ဆုံးဖြတ်ရင်လည်း နားလည်ပေးနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အသင်းဝန်ထမ်းတွေ နဲ့ ကစားသမားတွေ တော်တော်များများအကြားမှာ ရောဂါပိုးတွေ တွေ့ရှိခဲ့ရပြီးတော့ ပွဲစဉ် အတော်များများကို ရွှေ့ဆိုင်းခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ် အကြီးအကဲတွေကတော့ အခုချိန်ထိတိုင်အောင် ပွဲစဉ်တွေကို ဆက်လက် ကစားစေတာ ဖြစ်ပါတယ်။

Photo Credit: Express

ဝက်စ်ဘရွန်း အသင်း ရဲ့ နည်းပြ ဖြစ်သူ ဆန်အလာဒိုက်စ် ကတော့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေး အတွက် ယခုလက်ရှိရာသီကို ဖျက်သိမ်းပေးဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါတယ်။ “ ကျွန်တော်တို့ အခုချိန်မှာ လုပ်နိုင်တဲ့ အမှန်ကန်ဆုံး နဲ့ အ‌ကောင်းဆုံးသော အရာက ပွဲစဉ်တွေကို ရပ်နားပစ်ဖို့ပါပဲ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ ဘောလုံးလောက ကြီး အတွက် စိတ်ပူမိပါတယ် ” လို့ ပြောဆိုထားပါတယ်။ လီဗာပူး နည်းပြ ကလော့ပ် ကတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး အကောင်းမြင် နေပြီးတော့ အခုလို အခြေအနေတွေမှာတောင် ဘောလုံးကစားလို့ ရကြောင်း ပြောဆိုလိုက်ပါတယ်။

Photo Credit: Express

“ ဘောလုံးပြိုင်ပွဲတွေကို ဆက်ပြီး ကျင်းပ နိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ အဲ့ဒါက အရေးပါတယ်လို့လည်း ကျွန်တော် မြင်မိပါတယ်။ လူတွေကလည်း ဘောလုံးပွဲတွေကို ကြည့်ချင်ကြပါတယ်။ ကျွန်တော်တို့ကလည်း လူ့အဖွဲ့အစည်းနဲ့ ဆက်ဆံနေရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုံမှန်အားဖြင့် သီးသန့်နေတယ်၊ လေ့ကျင့်ရေးကွင်းကို သွားတယ် ပြီးတော့ ကစားတယ်၊ အဲ့ဒီလိုမျိုးပဲလေ။ ဒါကြောင့်မို့ ကျွန်တော်ကတော့ ကျွန်တော်တို့ အနေနဲ့ ဆက်ကစားရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ကိုယ်ကောင်းတော့ မဆန်ပါဘူး။ နောက် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ချမှတ်သွားမယ့် ဆုံးဖြတ်ချက်အားလုံးကိုလည်း လေးစားပြီးသားပါ။ ပွဲစဉ်တွေ ဆက်ကစားလို့ ရအောင် ကျွန်တော်တို့ အားလုံး အတူတကွ အကောင်းဆုံး ကြိုးစားဖို့ လိုပါတယ်။ ဆောင်းရာသီမှာ second wave ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိပြီးသားပါ။ ကျွန်တော်တို့ အားလုံး အနေနဲ့ သီးသန့် ခွဲနေတဲ့ အတွက် ခရစ်စမတ်က ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ကတော့ ကိန်းဂဏန်းတွေ မြင့်တက်လာရင်လည်း အံ့ဩမိမာမဟုတ်ပါဘူး။ ပြီးတော့ ဘောလုံးမှာ ကိန်းဂဏန်းတွေ အနည်းငယ် တက်လာတယ် ” လို့ ပြောဆိုခဲ့ပါတယ်။