ဒေါ့မွန် ကွင်းလယ်လူ အမ်မရီ ချန်ကတော့ လီဗာပူးလ်အသင်းမှာ ကစားခဲ့စဉ်က သူ့ကို နည်းပြခဲ့တဲ့ လီဗာပူးလ် နည်းပြ ကလော့ပ်ကို ချီးကျူးသွားခဲ့ပြီး နည်းပြ ကလော့ပ်က သူ့ရဲ့ ကစားသမားတွေ အတွက် ဘာမဆို ပေးဆပ်ရဲတဲ့ နည်းပြ ဖြစ်ပါတယ်လို့ အခိုင်အမာ ချီးကျူးသွားလိုက်ပါတယ်။ ကွင်းလယ်လူ အမ်မရီ ချန်ဟာ (၂၀၁၄) ခုနှစ်က (၂၀၁၈) ခုနှစ်အထိ လီဗာပူးလ်အသင်းမှာ (၄) နှစ်ခန့်ကြာ ကစားခဲ့ပြီး နည်းပြ ကလော့ပ်က လီဗာပူးလ်အသင်းကို (၂၀၁၅) ခုနှစ်မှာ ရောက်ရှိ လာခဲ့တာကြောင့် သူတို့နှစ်ယောက်အနေနဲ့ (၃) နှစ်ခန့်ကြာ အတူ လက်တွဲကစားခဲ့ကြပါတယ်။

Photo Credit: Goal

အမ်မရီ ချန်ဟာ လီဗာပူးလ်အသင်းကနေ ဂျုဗင်တပ်အသင်းကို ပြောင်းရွေ့သွားခဲ့ပြီး ဂျုဗင်တပ် အသင်းအတွက် (၂) နှစ်ကြာ ကစားပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက် အတွင်းမှာ ဂျုဗင်တပ်အသင်းကနေ ဒေါ့မွန်အသင်းကို တစ်ရာသီ အငှားနဲ့ ပြောင်းရွေ့သွားခဲ့ပါတယ်။ အမ်မရီ ချန်က ဒေါ့မွန်အသင်းအတွက် ကစားရတာ အလွန် ပျော်ရွင်တယ်လို့ ပြောသွားခဲ့ပြီး သူက လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ သူ့ရဲ့ကစားသမားတွေအတွက် ဘာမဆို ပေးဆပ်ရဲတဲ့ နည်းပြကောင်း ဖြစ်တယ်လို့ လှုမှုကွန်ရက် အင်စတာဂရမ်ကနေ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

အမ်မရီ ချန်က “ကလော့ပ်ကို သိတဲ့ လူတိုင်းက ကလော့ပ်ကို လူကောင်းလို့သာ သိကြမှာပါပဲ။ ကလော့ပ်က သူ့နည်းသူ့ဟန်နဲ့ပဲ သွားပါတယ်။ သူက သူ့ရဲ့ ကစားသမားတွေအတွက် ဘာမဆို ပေးဆပ်ရဲသူပါပဲ။ ကလော့ပ်အတွက် လူသားဆန်မှု အရေးကြီးပြီး အဲဒါက မယုံနိုင်စရာကြီးပါပဲ။ ဘောလုံးက သူ့အတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ မိသားစုက ပထမပါပဲ”လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ကျွန်တော် အခု အလွန် ပျော်ရွှင်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော် အချိန်ကောင်းကို ပြန်ရောက်လာပြီ ဖြစ်လို့ပါ။ ကျွန်တော် ဒေါ့မွန်အသင်းအတွက် ကစားရတာ အလွန် ကြိုက်ပါတယ်။ ကျွန်တော့်ကို အလွန် ကြိုဆိုကြပါတယ်။ ကျွန်တော် ဒေါ့မွန်အသင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရတာကြောင့် ကျွန်တော် အလျွန် ပျော်ပါတယ်”လို့ ပြောသွားလိုက်ပါတယ်။