မနေ့ညက အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် အဖြစ် အက်စ်တွန်ဗီလာ အသင်းနဲ့ လီဗာပူး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီးတော့ လီဗာပူး အသင်းက ၄ ဂိုး- ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အတူ အဝေးကွင်းမှာ အနိုင်ရရှိသွားခဲ့ပါတယ်။ လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် ကတော့ အဆိုပါ နိုင်ပွဲအတွက် ကျေနပ်နေပြီးတော့ ပြိုင်ဘက် အက်စ်တွန်ဗီလာ အသင်းရဲ့ လူငယ် ကစားသမားတွေ အပေါ် ပွဲအပြီးမှာ ချီးကျုး မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အက်စ်တွန်ဗီလာ အသင်းအနေနဲ့ ကြာသပတေးနေ့က လေ့ကျင့်ရေးကွင်း အတွင်း ကိုဗစ်ပိုး ပျံ့နှံ့ခဲ့တာကြောင့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူး ကို ဗီလာပတ် မှာ ယူ-၂၃ အောက် လူငယ် ကစားသမားလေးတွေ နဲ့ပဲ ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။

Photo Credit: Standard

အက်စ်တွန်ဗီလာ အသင်းရဲ့ လူငယ်ကစားသမားတွေ အနေနဲ့ လီဗာပူးလို အသင်းကြီးမျိုးကို အကောင်းဆုံး ရင်ဆိုင်ကစားခဲ့ပြီးတော့ ပထမပိုင်းမှာ လူဝီ ဘယ်ရီ ရဲ့ သွင်းဂိုးနဲ့ တစ်ဖက်တစ်ဂိုး သရေရလဒ် ထွက်ပေါ်အောင်တောင် ကစားနိုင်ခဲ့ပါတယ်။ လီဗာပူး အသင်းအနေနဲ့ ဒုတိယပိုင်းအရောက်မှာ တော့ အကောင်းဆုံး ပြန်လည်ကစားခဲ့ပြီး ၄ ဂိုး- ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အသာအယာပဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလော့ပ် ကတော့ ပြိုင်ဘက်အသင်းဆီက သူမြင်ခဲ့ရတဲ့ ခြေစွမ်းအပေါ် အထင်ကြီးနေပုံတော့ ရပါတယ်။ “ ကောင်လေးတွေ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်၊ အက်စ်တွန်ဗီလာ အသင်းရဲ့ ကောင်လေးတွေ ကောင်းကောင်း ဖွဲ့စည်း နိုင်ခဲ့ပြီးတော့ အတော်လေး ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ”

Photo Credit: Standard

“ အဲ့ဒါကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ အတော်လေးကောင်းတဲ့ သွင်းဂိုး တစ်ဂိုးကို စောစောစီးစီး သွင်းနိုင်ခဲ့တယ်။ အဲ့ဒီနောက် ကျွန်တော်တို့ လုံလုံလောက်လောက် ကောင်းအောင် မကစားနိုင်တော့ဘူး၊ မြန်မြန်မလှုပ်ရှားနိုင်တော့ဘူး၊ နေရာမှန်တွေမှာ မကစားနိုင်တော့ဘူး။ ဒါတွေက ဘောလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့က အဲ့ဒီ ဘောလုံးနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဘောလုံးနဲ့ပဲ ဖြေရှင်းခဲ့ပါတယ်။ ဒါကြောင့်မို့၊ ကျွန်တော် အဲ့ဒါနဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်။ ကျွန်တော့်ဘဝမှာ ဒီလို စိန်ခေါ်မှုမျိုး တစ်ခါမှ မရှိခဲ့ပါဘူး၊ ခင်ဗျား အနေနဲ့ ဘယ်လို အသင်းမျိုးနဲ့ ရင်ဆိုင် ကစားနေရလဲဆိုတာ မသိတော့သလိုမျိုးပေါ့။ ခင်ဗျား အနေနဲ့ ပွဲအတွက် သေချာ ပြင်ဆင်ထားတယ်၊ အဲ့ဒီနောက် ပြင်ဆင်မှုတွေ အကုန်လုံးကို လွှင့်ပစ်လိုက်ရတယ်၊ အဲ့ဒီနောက် အသစ်ပြန်လုပ်ရတယ် အဲ့ဒီလိုမျိုးပေါ့။ ဒါက ဘောလုံးပါပဲ၊ အကယ်ဒမီ ကစားသမားတွေ လည်း တော်ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီနေရာမှာပဲ ကျွန်တော်တို့ရဲ့ လူငယ် ကစားသမားတွေနဲ့ ကစားခဲ့တယ်၊ ပြီးတော့ သူတို့လည်း အက်စ်တွန်ဗီလာ နဲ့ သင့်လျော်တဲ့ ပွဲစဉ် တစ်ခုကို ပြန်ပေးနိုင်ခဲ့တယ်။ ဒီလူငယ် ကစားသမားလေးတွေက တစ်ချိန်လုံး ကစားနိုင်တယ်။ အကယ်၍ ခင်ဗျား အနေနဲ့သာ သူတို့ကို ‌ကောင်းကောင်း ရင်ဆိုင်မကစားဘူးဆိုရင် ခင်ဗျားမှာ ပြဿနာ ရှိလာနိုင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အစကတည်းက ကစားခဲ့သင့်တဲ့ ပုံစံမျိုးနဲ့ အတိအကျ ကစားနိုင်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့ နည်းလမ်းမှန်မှန်နဲ့ အနိုင်ရခဲ့တာပေါ့ ” လို့ ပြောဆိုသွားခဲ့ပါတယ်။