လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့်လည်း သူ့ရဲ့ ပြောင်းရွှေ့ကြေးက လီဗာပူးလ်အသင်း တတ်နိုင်တဲ့ ငွေကြေး မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာစီလိုနာအသင်းကို အသင်းက ထွက်သွားခွင့် ပြုဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ရေပန်းစားနေတဲ့ အင်တာမီလန်၊ ပီအက်စ်ဂျီ၊ ဂျုဗင်တပ် နဲ့ မန်စီးတီးတို့ထဲက မန်စီးတီးကို ပြောင်းသွားနိုင်ချေ အလွန် များပါတယ်။

 

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ သမိုင်း တစ်လျှောက် တစ်ကြိမ်မှ မရနိုင်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို နည်းပြ ကလော့ပ်ရဲ့ လက်ထက်မှာ ပထမဆုံး အကြိမ် ရရှိခဲ့ပြီး လာမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိနိုင်တဲ့ အသင်းတွေထဲက တစ်သင်း အဖြစ် ရပ်တည်နေပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းအချို့ဟာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လီဗာပူးလ် နည်းပြ ကလော့ပ်ကလည်း တိုက်စစ်မှူး မက်ဆီကို ဘယ်အသင်းမဆို စိတ်ဝင်စားကြမှာ ဖြစ်ပေမယ့် ခေါ်ယူဖို့ အခွင့်အရေး မရှိပါဘူးလို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းနဲ့ ကစားမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ကလော့ပ်က “မက်ဆီကို စိတ်ဝင်စားလား။ စိတ်ဝင်စားပါတယ်။ တိုက်စစ်မှူး မက်ဆီကို ကိုယ့်အသင်းမှာ ကစားဖို့ မကြိုက်တဲ့ အသင်းရယ်လို့ မရှိပါဘူး။ ဒါပေမယ့် ခေါ်ယူဖို့ အခွင့်အရေး လုံးဝ မရှိပါဘူး။ အပြောင်းအရွှေ့ကြေး ကျွန်တော်တို့အတွက် လုံးဝ မဟုတ်ပါဘူး။ ဒီတော့လည်း ကျွန်တော်တို့ ဒီအကြောင်းကို စတွေးဖို့ မရှိပါဘူး။ ဒီဟာက ရှင်းနေတယ်။ အခွင့်အရေး လုံးဝကို မရှိပါဘူး။ ဒါပေမယ့် မက်ဆီက ပွင့်လင်းစွာ ပြောရရင် ကစားသမားကောင်းပါ”လို့ ပြောခဲ့ပါတယ်။