လီဗာပူးလ္အသင္းကို လက္ရွိေဘာလုံးရာသီမွာ အမွတ္ေပးၿပိဳင္ပြဲ ရွုံးပြဲမရွိေအာင္ ဦးေဆာင္ျပထားသလို ဥေရာပစူပါဖလား ၊ ကမၻာ့ကလပ္ဖလားတို႔ကို ရရွိေအာင္ စြမ္းေဆာင္ျပထားတဲ့ နည္းျပႀကီး ကေလာ့ပ္ကေတာ့ ေဘာလုံး ကစားသမားေတြဟာ ဘယ္ေနရာမွာ ကစားတဲ့သူပဲ ျဖစ္ပါေစ ခံစစ္ေဆာ့သင့္ေၾကာင္း သူ႔ရဲ့အျမင္ကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Fox Sports Asia.com

ေကာင္တာတိုက္စစ္ကို အထူးကၽြမ္းက်င္တဲ့ နည္းျပအျဖစ္ သတ္မွတ္ခံထားရတဲ့ ကေလာ့ပ္ ဟာ သူကိုင္တြယ္တဲ့ အသင္းတိုင္းကို Pressing ကစားဟန္နဲ႔ ကစားတတ္ေအာင္ ေျပာင္းလဲျပခဲ့သူ ျဖစ္ၿပီး လက္ရွိေမာ္ဒန္ေဘာလုံးေလာကမွာလည္း သူ႔ရဲ့ကစားဟန္ကို လိုက္လံတုပတဲ့ အသင္းေတြ အမ်ားႀကီး ထြက္ေပၚလာတဲ့အထိ ကေလာ့ပ္ရဲ့ လႊမ္းမိုးမွုဟာ ေဘာလုံးကမၻာမွာ ႀကီးမားပါတယ္။

Photo Credit: Fox Sports Asia.com

Pressing ကစားဟန္နဲ႔ ကစားတဲ့ အသင္းတိုင္းဟာ အသင္းအတြက္ မခိုမကပ္ပဲ ကစားေလ့ရွိတဲ့ ကစားသမားေတြကို လိုအပ္ၿပီး အသင္းရဲ့ တိုက္စစ္ကစားသမားပဲ ျဖစ္ျဖစ္ ၊ ကြင္းလယ္ကစားသမားပဲ ျဖစ္ျဖစ္ ၊ အားလုံးဟာ ခံစစ္ပိုင္းကို ကူညီနိုင္ဖို႔လည္း လိုအပ္ပါတယ္။ အဆိုပါ အခ်က္နဲ႔ပတ္သတ္ၿပီး ကေလာ့ပ္က မက္ဆီ ၊ ရိုနယ္ဒိုတို႔နဲ႔ ႏွိုင္းကာ ရွင္းျပသြားခဲ့ပါတယ္။

Photo Credit: Fox Sports Asia.com

ကေလာ့ပ္က ” မက္ဆီနဲ႔ရိုနယ္ဒိုမဟုတ္ရင္ ခင္ဗ်ားက သာမန္ေဘာလုံးကစားသမားပါပဲ။ မက္ဆီနဲ႔ရိုနယ္ဒို မဟုတ္သေရြ႕ ခင္ဗ်ားက ခံစစ္ ကို အကူအညီေပးရမွာပဲ ျဖစ္ပါတယ္ ” လို႔ သူ႔ရဲ့ အျမင္ကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့တာပါ။

လီဗာပူးလ်အသင်းကို လက်ရှိဘောလုံးရာသီမှာ အမှတ်ပေးပြိုင်ပွဲ ရှုံးပွဲမရှိအောင် ဦးဆောင်ပြထားသလို ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပြထားတဲ့ နည်းပြကြီး ကလော့ပ်ကတော့ ဘောလုံး ကစားသမားတွေဟာ ဘယ်နေရာမှာ ကစားတဲ့သူပဲ ဖြစ်ပါစေ ခံစစ်ဆော့သင့်ကြောင်း သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Fox Sports Asia.com

ကောင်တာတိုက်စစ်ကို အထူးကျွမ်းကျင်တဲ့ နည်းပြအဖြစ် သတ်မှတ်ခံထားရတဲ့ ကလော့ပ် ဟာ သူကိုင်တွယ်တဲ့ အသင်းတိုင်းကို Pressing ကစားဟန်နဲ့ ကစားတတ်အောင် ပြောင်းလဲပြခဲ့သူ ဖြစ်ပြီး လက်ရှိမော်ဒန်ဘောလုံးလောကမှာလည်း သူ့ရဲ့ကစားဟန်ကို လိုက်လံတုပတဲ့ အသင်းတွေ အများကြီး ထွက်ပေါ်လာတဲ့အထိ ကလော့ပ်ရဲ့ လွှမ်းမိုးမှုဟာ ဘောလုံးကမ္ဘာမှာ ကြီးမားပါတယ်။

Photo Credit: Fox Sports Asia.com

Pressing ကစားဟန်နဲ့ ကစားတဲ့ အသင်းတိုင်းဟာ အသင်းအတွက် မခိုမကပ်ပဲ ကစားလေ့ရှိတဲ့ ကစားသမားတွေကို လိုအပ်ပြီး အသင်းရဲ့ တိုက်စစ်ကစားသမားပဲ ဖြစ်ဖြစ် ၊ ကွင်းလယ်ကစားသမားပဲ ဖြစ်ဖြစ် ၊ အားလုံးဟာ ခံစစ်ပိုင်းကို ကူညီနိုင်ဖို့လည်း လိုအပ်ပါတယ်။ အဆိုပါ အချက်နဲ့ပတ်သတ်ပြီး ကလော့ပ်က မက်ဆီ ၊ ရိုနယ်ဒိုတို့နဲ့ နှိုင်းကာ ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Fox Sports Asia.com

ကလော့ပ်က ” မက်ဆီနဲ့ရိုနယ်ဒိုမဟုတ်ရင် ခင်ဗျားက သာမန်ဘောလုံးကစားသမားပါပဲ။ မက်ဆီနဲ့ရိုနယ်ဒို မဟုတ်သရွေ့ ခင်ဗျားက ခံစစ် ကို အကူအညီပေးရမှာပဲ ဖြစ်ပါတယ် ” လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။