လီဗာပူးလ္အသင္းရဲ့နည္းျပျဖစ္သူ ဂ်ာဂင္ ကေလာ့ပ္ကေတာ့ ယေန႔ည ၁၁နာရီအခ်ိန္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ လီဗာပူးလ္နဲ႔ယူနိုက္တက္ တို႔ရဲ့ အဂၤလန္ဒါဘီပြဲစဥ္မွာေတာ့ သူတို႔အသင္းဟာ ယူနိုက္တက္အသင္းကို ေလၽွာ့တြက္၍ မရေၾကာင္းနဲ႔ ယူနိုက္တက္ဟာ သူတို႔အသင္းကို အနိုင္ယူနိုင္စြမ္းရွိေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

Photo Credit: Euro Sports.com

အဂၤလန္ပရီးမီးယားလိဂ္ရဲ့ အေအာင္ျမင္ဆုံး အသင္းႏွစ္သင္း ေတြ႕ဆုံမွုျဖစ္သလို ေနာက္ဆုံး ေတြ႕ဆုံမွု မွတ္တမ္းေတြအရလည္း ပြဲၿပီးရလဒ္ ကို ခန႔္မွန္းဖို႔ မလြယ္တဲ့ အေနအထားေၾကာင့္ ဒီပြဲစဥ္ဟာ ပရိသတ္ေတြအတြက္ေရာ ၊ ေဘာလုံး သုံးသပ္သူေတြအတြက္ပါ အေတာ္ေလးကို စိတ္ဝင္စားစရာေကာင္းတဲ့ ပြဲစဥ္တစ္ပြဲပါပဲ။

Photo Credit: Euro Sports.com

လက္ရွိမွာ လီဗာပူးလ္အသင္းဟာ ခ်န္ပီယံ ျဖစ္ဖို႔ ေျခတစ္လွမ္းအကြာမွာ ရွိေနတဲ့အသင္း ျဖစ္ၿပီး ယူနိုက္တက္အသင္းကေတာ့ ဥေရာပ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရရွိဖို႔အတြက္ ႐ုန္းကန္ရဖို႔ရွိေနတာေၾကာင့္ အေျခအေနခ်င္း ကြာဟေနေပမယ့္ ကေလာ့ပ္ကေတာ့ ယူနိုက္တက္ကို ေလၽွာ့မတြက္ဖို႔အတြက္ သူ႔ရဲ့အသင္းသားေတြကို သတိေပးသြားခဲ့ပါတယ္။

Photo Credit: Euro Sports.com

ယူနိုက္တက္ရဲ့ေျခစြမ္းနဲ႔ ပတ္သတ္ၿပီး ကေလာ့ပ္က ” ကၽြန္ေတာ့္အထင္ သူတို႔က ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရပါလိမ့္မယ္။ သူတို႔က အေတာ္ေလးကို ေတာင့္တင္းတဲ့ အသင္းျဖစ္ၿပီး အေတြ႕အၾကဳံရင့္က်က္တဲ့ ကစားသမားေတြရွိသလို ၊ တကယ္ေတာ္တဲ့ ကစားသမားေတြလည္း ရွိပါတယ္။ ဒါ့ေၾကာင္​့ သူတို႔က ကၽြန္ေတာ္တို႔ကို အနိုင္ယူနိုင္စြမ္းရွိပါတယ္ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

လီဗာပူးလ်အသင်းရဲ့နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ ယနေ့ည ၁၁နာရီအချိန်မှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးလ်နဲ့ယူနိုက်တက် တို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာတော့ သူတို့အသင်းဟာ ယူနိုက်တက်အသင်းကို လျှော့တွက်၍ မရကြောင်းနဲ့ ယူနိုက်တက်ဟာ သူတို့အသင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Euro Sports.com

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်သလို နောက်ဆုံး တွေ့ဆုံမှု မှတ်တမ်းတွေအရလည်း ပွဲပြီးရလဒ် ကို ခန့်မှန်းဖို့ မလွယ်တဲ့ အနေအထားကြောင့် ဒီပွဲစဉ်ဟာ ပရိသတ်တွေအတွက်ရော ၊ ဘောလုံး သုံးသပ်သူတွေအတွက်ပါ အတော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲပါပဲ။

Photo Credit: Euro Sports.com

လက်ရှိမှာ လီဗာပူးလ်အသင်းဟာ ချန်ပီယံ ဖြစ်ဖို့ ခြေတစ်လှမ်းအကွာမှာ ရှိနေတဲ့အသင်း ဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိဖို့အတွက် ရုန်းကန်ရဖို့ရှိနေတာကြောင့် အခြေအနေချင်း ကွာဟနေပေမယ့် ကလော့ပ်ကတော့ ယူနိုက်တက်ကို လျှော့မတွက်ဖို့အတွက် သူ့ရဲ့အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။

Photo Credit: Euro Sports.com

ယူနိုက်တက်ရဲ့ခြေစွမ်းနဲ့ ပတ်သတ်ပြီး ကလော့ပ်က ” ကျွန်တော့်အထင် သူတို့က ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရပါလိမ့်မယ်။ သူတို့က အတော်လေးကို တောင့်တင်းတဲ့ အသင်းဖြစ်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတွေရှိသလို ၊ တကယ်တော်တဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ဒါ့ကြောင်​့ သူတို့က ကျွန်တော်တို့ကို အနိုင်ယူနိုင်စွမ်းရှိပါတယ် ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။