နည်းပြ ဂျာဂျန် ကလော့ပ် ကတော့ တနင်္ဂနွေနေ့ မှာ လီဗာပူး အနေနဲ့ “ ကမ္ဘာ့ အခက်ခဲဆုံး ဘောလုံးပွဲ ” ကို မန်ချက်စတာစီးတီးမှာ ရင်ဆိုင်ကစားသွားရတော့မယ်လို့ ဆိုလိုက်ပါတယ်။ အခုချိန်မှာတော့ လီဗာပူး အသင်း အနေနဲ့ မန်စီးတီး အသင်းထက် တစ်ပွဲပိုကစားထား ပြီးတော့ ရမှတ် ၅ မှတ် ဖြတ်ထားနိုင်ပါတယ်။ အကယ်၍သာ ဒီပွဲစဉ်မှာသာ လီပါဗူးတို့ အနိုင်ရရှိပါက ရမှတ် ၈ မှတ်အထိ ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ လီပါဗူး အသင်းနဲ့ မန်စီးတီး အသင်းဟာ ပြီးခဲ့ရာသီ နှစ်ခုလောက်က စတင်ပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ကာ ပရိသတ်‌တွေကို အပြည့်အဝ ဖျော်ဖြေမှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ကလော့ပ်ကတော့ အဆိုပါ ပွဲစဉ်အတွက် အခုလိုပဲ ပြောကြားထားပါတယ်။ “ ကျွန်တော်တို့ မှာ ကိုယ်ပိုင် ပလန်ရှိဖို့နဲ့ သူတို့ ပလန်က ဘာဖြစ်တယ်ဆိုတာကို စဉ်းစားမနေဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ကစားသမားတွေက ရဲရင့်ကြပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ အစွမ်းတွေနဲ့ အကုန် ကစားမယ်။ ဒါဆိုရင် အခွင့်အရေး ရလာပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက အရမ်းခက်ခဲလွန်းပါတယ်။ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရတာက ကမ္ဘာ့အခက်ခဲဆုံး ဘောလုံးပွဲကို ကစားနေရသလိုပဲဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်။ ဒါက နှစ်သင်းလုံး အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် နှစ်သင်းလုံးက အကောင်းဆုံး ပုံစံမှာ ရှိနေကြလို့ပါ။ ဒီရာသီမှာ မတူညီတာတွေ အများကြီး ပါပဲ။ အရင်ရာသီနဲ့ တူတာ ဘာမှ သိပ်မရှိတော့ဘူး။ ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ကစားဖို့တော့ သေချာလိုအပ်ပါတယ် ”

Photo Credit: Sky Sports

“ အင်္ဂလန်မှာ အသင်းတိုင်းက အရည်အချင်းရှိပြီးတော့ ကစားပွဲတွေမှာလည်း စိန်ခေါ်မှုတွေကလည်း အပြည့်ပါပဲ။ စီးတီးက ယှဉ်ပြိုင်ကစားဖို့ အခက်ခဲဆုံးပါပဲ။ ဘာလို့လဲဆိုရင် သူတို့မှာ ပလန် ကောင်းကောင်းရှိတယ်။ နေရာအစုံမှာ ရှိတဲ့ ကစားသမားတိုင်းက ပွဲတစ်ပွဲကို ရလဒ်ပြောင်းနိုင်လောက်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းမျိုး သူတို့ မှာ ရှိတယ်။ စီးတီး ကစားပုံက တိကျလွန်းတယ်။ သူတို့ က ပွဲကိုကြီးစိုးနိုင်တဲ့ အသင်းဖြစ်တယ်။ ဒါပေမယ့် သူတို့သာ တန်ပြန်တိုက်စစ်ဆင် ကစားတဲ့ ပုံစံမျိုးဆိုရင်လည်း ကစားသမားတွေရဲ့ အမြန်နှုန်းကြောင့် ကြောက်စရာကောင်းမှာ အသေအချာပဲ။ ကျွန်တော်တို့ အနေနဲ့ ရတဲ့ အခွင့်အရေးတိုင်းကိုသာ ကောင်းကောင်းအသုံးမချနိုင်ဘူးဆိုရင် ရလဒ်ပိုင်းမှာ ဆိုးဝါးနိုင်ပါတယ်။ ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ အဲ့ဒီလို မဖြစ်အောင် လုပ်ဖို့ လိုပြီး သူတို့ကို အခွင့်အရေး များများ မပေးရအောင် ကစားရပါမယ် ” ဆိုပြီး ပြောခဲ့ပါတယ်။