MySport Myanmar

စပါးနဲ့ပွဲစဉ်မှာ ထပ်ပြီး အမှားခံလို့ မဖြစ်တော့ဘူးလို့ ကလော့ပ် ဝန်ခံပြောဆို

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဒီတစ်ပတ် super Sunday မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ သူတို့အသင်းရဲ့ အဆင့်(၄)အတွင်း ဝင်ခွင့်အတွက်သာမက နော်တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ (၂)ပွဲဆက် ရှုံးနိမ့်ထားမှုကနေပါ မဖြစ်မနေ bounce back ပြန်လုပ်ရမယ့် ပွဲစဉ်ဖြစ်တယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။

Photo Credit : iNews

ချန်ပီယံလိဂ်မှာ အုပ်စုအဖွင့်ပွဲစဉ်အတွင်း နာပိုလီကို ရှုံးနိမ့်ပြီး နောက်ပိုင်းကတည်းက အုပ်စုနောက်ဆုံးပွဲစဉ်အထိ (၅)ပွဲဆက်တိုက်လုံး နိုင်ပွဲရခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံလိဂ်ကလို form မျိုး ရှိမနေပဲ ရလဒ်တွေ ဆိုးရွှားနေတဲ့ နော်တင်ဟမ်နဲ့ လိဒ်စ်တို့ကိုပါ (၂)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီလို ရလဒ်တွေ ဆိုးရွှားနေရတဲ့ လီဗာပူးလ်ဟာ ဒီတစ်ပတ်မှာလည်း စပါးအသင်းနဲ့ အဝေးကွင်း ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရဦးမှာဖြစ်လို့ လီဗာပူးလ်တို့ (၃)ပွဲဆက်တိုက် ရလဒ်မဆိုးရအောင် သတိထား ကစားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး လီဗာပူးလ်အသင်းအတွက် ဘယ်လောက်ထိ အရေးပါသလဲလို့ မေးမြန်းလာခဲ့ရာ ကလော့ပ်က “တော်တော်ကြီးကြီးမားမားကို အရေးပါတယ်။ ကျွန်တော်တို့အတွက် ပွဲကြီးတစ်ပွဲလည်း ဖြစ်သလို ခက်ခဲဦးမယ့် ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ စပါးရဲ့ အိမ်ကွင်းမှာ ကျွန်တော်ကတော့ အမှတ်ကွာဟချက်ကို ထည့်မတွက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေနဲ့ ပတ်သတ်ပြီး ဇီဇာကြောင်နေလို့ မရပါဘူး။ ကျွန်တော်တို့ အဲ့ဒီကိုသွားပြီး ရင်ဆိုင်သွားမှာ ဖြစ်ပေမယ့် ဒီပွဲက ခက်ပါလိမ့်မယ်။ သူတို့က အလွန်မြင့်မားတဲ့ အဆင့်နဲ့ ခံစစ်ကို ကစားနိုင်ပြီး တန်ပြန်တိုက်စစ်ကလည်း သူတို့အသင်းအတွက် ကြီးမားတဲ့အရာ ဖြစ်ပါတယ်။ ထိုးစစ်လည်း အားကောင်းတယ်။ စပါးမှာ အခိုက်အတန့်ကောင်းတွေ ရှိနေပြီး သူတို့ရဲ့ နောက်ဆုံးပွဲကလည်း တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တာကြောင့် ယုံကြည်မှုအပြည့် ဖြစ်နေရတယ်။ ဒီလို ယုံကြည်မှုအပြည့်နဲ့ အားကောင်းနေတဲ့ ပြိုင်ဘက်အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်” လို့ ပြောကြားလိုက်ပါတယ်။

Exit mobile version