လီဗာပူးလ္ နည္းျပ ကေလာ့ပ္ကေတာ့ ယေန႔ည စေနေန႔ည (၁၂း၀၀) အခ်ိန္မွာ ကစားသြားမယ့္ စပါးအသင္းနဲ႔ ပဲြစဥ္ မတုိင္ခင္ စပါးနည္းျပ ေမာ္ရင္ဟုိကုိ ခနဲ႔သြားခဲ့ၿပီး ေမာ္ရင္ကုိ ကစားသမားဘဝတုန္းက ဂုိးသမားလားလုိ႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ လက္ရွိ စပါး နည္းျပ ေမာ္ရင္ဟုိကေတာ့ ကစားသမားဘဝမွာ ကြင္းလယ္ ခံစစ္မွဴးအျဖစ္ ကစားခဲ့ေပမဲ့လည္း ေအာင္ျမင္မႈမရခဲ့တာေၾကာင့္ လူအမ်ားစုက ေမာ္ရင္ဟုိ ဘယ္ေနရာမွာ ကစားသလဲ ဆုိတာကို မသိၾကလ်က္ ရွိေနၾကပါတယ္။

Photo Credit: Dailymail

နည္းျပ ေမာ္ရင္ဟုိဟာ ကစားသမားဘဝက ေပၚတူဂီႏုိင္ငံက ဒုတိယတန္း အသင္း တစ္သင္းမွာ ကြင္းလယ္လူ အျဖစ္ ကစားခဲ့ၿပီး လီဗာပူးလ္ နည္းျပ ကေလာ့ပ္ကေတာ့ ဂ်ာမနီႏုိင္ငံက အသင္းတစ္သင္းမွာ တုိက္စစ္မွဴး နဲ႔ ေနာက္ခံလူ အျဖစ္ ပဲြထြက္ ကစားခဲ့ပါတယ္။ နည္းျပ ကေလာ့ပ္ဟာ ကစားသမားဘဝမွာ ေမာ္ရင္ဟုိထက္ ပုိေအာင္ျမင္ခဲ့ၿပီး ဂ်ာမနီႏုိင္ငံမွာ သူ ကစားေပးခဲ့တဲ့ မိန္႔ဇ္အသင္းအတြက္ ကလပ္စံခ်ိန္တင္ ပဲြစဥ္ (၃၂၅) ပဲြအထိေတာင္ ကစားေပးခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Dailymail

နည္းျပ ကေလာ့ပ္က “ေမာ္ရင္ဟုိ ဘယ္ေနရာမွာ ကစားခဲ့တာလဲ ဆုိတာကုိ ခင္ဗ်ားတုိ႔ မသိဘူး ဆုိရင္ ကြ်န္ေတ္ာ့ကုိလည္း အျပစ္မတင္ပါနဲ႔။ ကေလာ့ပ္က ေမာ္ရင္ဟုိ ဘယ္ေနရာမွာ ကစားလဲ ဆုိတာ မသိဘူးလုိ႔ မေျပာပါနဲ႔။ သူက ဂုိးသမားလုိ႔ ကြ်န္ေတာ္ ထင္ပါတယ္။ ရန္ပုံေငြ ပဲြေတြမွာ လမ္းမေလွ်ာက္ႏုိင္ေတာ့ဘူး ဆုိရင္ ဂုိးဖမ္းႏုိင္တယ္။ ကြ်န္ေတာ္လည္း ေမာ္ရင္ဟုိ ဘယ္ေနရာမွာ ကစားလဲ ဆုိတာ သိခ်င္တယ္။ ရွာၾကည့္ၾကပါ။ အခ်ိန္ရွိေနတာပဲ”လုိ႔ ေျပာသြားတာ ျဖစ္ပါတယ္။

{Unicode}

လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ယနေ့ည စနေနေ့ည (၁၂း၀၀) အချိန်မှာ ကစားသွားမယ့် စပါးအသင်းနဲ့ ပွဲစဉ် မတိုင်ခင် စပါးနည်းပြ မော်ရင်ဟိုကို ခနဲ့သွားခဲ့ပြီး မော်ရင်ကို ကစားသမားဘဝတုန်းက ဂိုးသမားလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ လက်ရှိ စပါး နည်းပြ မော်ရင်ဟိုကတော့ ကစားသမားဘဝမှာ ကွင်းလယ် ခံစစ်မှူးအဖြစ် ကစားခဲ့ပေမဲ့လည်း အောင်မြင်မှုမရခဲ့တာကြောင့် လူအများစုက မော်ရင်ဟို ဘယ်နေရာမှာ ကစားသလဲ ဆိုတာကို မသိကြလျက် ရှိနေကြပါတယ်။

Photo Credit: Dailymail

နည်းပြ မော်ရင်ဟိုဟာ ကစားသမားဘဝက ပေါ်တူဂီနိုင်ငံက ဒုတိယတန်း အသင်း တစ်သင်းမှာ ကွင်းလယ်လူ အဖြစ် ကစားခဲ့ပြီး လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ဂျာမနီနိုင်ငံက အသင်းတစ်သင်းမှာ တိုက်စစ်မှူး နဲ့ နောက်ခံလူ အဖြစ် ပွဲထွက် ကစားခဲ့ပါတယ်။ နည်းပြ ကလော့ပ်ဟာ ကစားသမားဘဝမှာ မော်ရင်ဟိုထက် ပိုအောင်မြင်ခဲ့ပြီး ဂျာမနီနိုင်ငံမှာ သူ ကစားပေးခဲ့တဲ့ မိန့်ဇ်အသင်းအတွက် ကလပ်စံချိန်တင် ပွဲစဉ် (၃၂၅) ပွဲအထိတောင် ကစားပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

နည်းပြ ကလော့ပ်က “မော်ရင်ဟို ဘယ်နေရာမှာ ကစားခဲ့တာလဲ ဆိုတာကို ခင်ဗျားတို့ မသိဘူး ဆိုရင် ကျွန်တေ်ာ့ကိုလည်း အပြစ်မတင်ပါနဲ့။ ကလော့ပ်က မော်ရင်ဟို ဘယ်နေရာမှာ ကစားလဲ ဆိုတာ မသိဘူးလို့ မပြောပါနဲ့။ သူက ဂိုးသမားလို့ ကျွန်တော် ထင်ပါတယ်။ ရန်ပုံငွေ ပွဲတွေမှာ လမ်းမလျှောက်နိုင်တော့ဘူး ဆိုရင် ဂိုးဖမ်းနိုင်တယ်။ ကျွန်တော်လည်း မော်ရင်ဟို ဘယ်နေရာမှာ ကစားလဲ ဆိုတာ သိချင်တယ်။ ရှာကြည့်ကြပါ။ အချိန်ရှိနေတာပဲ”လို့ ပြောသွားတာ ဖြစ်ပါတယ်။