လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ဟာမန်းကတော့ အခုအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး နည်းပြက မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာ မဟုတ်တော့ဘဲ လီဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ် ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်က အောက်တိုဘာလမှာ လီဗာပူးလ် နည်းပြ ရော်ဂျာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာပြီးနောက် လီဗာပူးလ်အသင်းကို တစ်ဆင့်ချင်း တစ်ဖြေးဖြေး တည်ဆောက်လာခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို နည်းပြပြီး (၅) နှစ်အကြာမှာ လီဗာပူးလ်အသင်းအတွက် အသင်းရဲ့ သမိုင်းမှာ တစ်ကြိမ်မှ မရခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဖလားကို ရယူပေးခဲ့ပြီး (၂၀၁၉) ခုနှစ်ကလည်း လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ် ဖလားကို ရယူပေးခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ဥရောပ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်နေပြီ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ဟာမန်းကတော့ နည်းပြ ကလော့ပ်ကို ကမ္ဘာ့ အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

The Mirror သတင်းမှာ ဟာမန်းက “အခုအချိန်မှာ နည်းပြ ကလော့ပ်ကို ကမ္ဘာ့ အကောင်းဆုံး နည်းပြ အဖြစ် အသိအမှတ်ပြုရပါမယ်။ နည်းပြ ပက် ဂွါဒီယိုလာက ချွင်းချက်မရှိ ကောင်းမွန်တဲ့ နည်းပြ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကို သူ ရောက်လာတုန်းက သူက ဆုဖလား နဲ့ လိဂ်ဖလားတွေ ရရှိပြီးသား အသင်းကို နည်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၃) ရာသီအတွင်း မန်စီးတီး အသင်းမှာ သူ့ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုရမယ်။ ဒါပေမယ့် နည်းပြ ကလော့ပ်က (၁၀) နှစ်အတွင်း ဆုဖလား (၁) ကြိမ်ပဲ ရရှိခဲ့တဲ့ အသင်းကို နည်းပြခဲ့ရပြီး ဘာဆိုဘာမှ မရှိခဲ့တဲ့ အခြေအနေကနေ တည်ဆောက်လာခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ အောင်မြင်မှုက နှိုင်းယှဉ်လို့ မရတာပါပဲ။ နည်းပြ ကလော့ပ်က ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး ရရှိတဲ့ လီဗာပူးလ် နည်းပြ နဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး ရရှိတဲ့ ဂျာမနီ နည်းပြပါ”လို့ ပြောခဲ့ပါတယ်။