လီဗာပူး နည်းပြ ဂျာဂျန်ကလော့ပ် ကတော့ စနေနေ့က ရှက်ဖီးလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေးခဲ့ရတဲ့ ပင်နယ်တီဟာ မတရားဘူးလို့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။ ပွဲကစားချိန် ၁၁ မိနစ်လောက်အရောက် ဂိုးဧရိယာ စည်းပေါ်မှာ လီပါဗူး ခံစစ် ကစားသမား ဖာဘင်ဟို အနေနဲ့ ပြိုင်ဘက်ကစားသမား ဘာနီ အပေါ်ကို ကစားပုံကြမ်းတမ်း ခဲ့တယ်ဆိုပြီးတော့ ဒိုင်လူကြီးက ဆုံးဖြတ်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပါတယ်။ လီဗာပူးအသင်း အနေနဲ့ စိတ်ဓါတ်ကျသွားခြင်း မရှိပဲ ပြန်လည်တိုက်စစ်ဆင် ကစားခဲ့ပြီးတော့ ပထမပိုင်း မပြီးဆုံးခင် ၄၁ မိနစ်လောက်မှာ မာနေး ခေါင်းတိုက်သွင်းပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဖာမီနိုက ပိတ်သွင်းနိုင်ခဲ့တာကြောင့် ချေပဂိုးပြန်လည် ရရှိခဲ့ပါတယ်။ အဆိုပါဂိုးဟာ ဖာမီနို အတွက်တော့ ဒီရာသီ ပထမဆုံး သွင်းဂိုးလည်း ဖြစ်လာပါတယ်။

Photo Credit: The Guardian

ပွဲကစားချိန် ၆၁ မိနစ်လောက်မှာတော့ ဆာလက်က လှလှပပ သွင်းဂိုးသွင်းခဲ့ပေမယ့် လူကျွံဘော ဖြစ်နေတာကြောင့် လီဗာပူးတို့ ကံဆိုးခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၆၄ မိနစ်အရောက်မှာ ဂျိုတာက မာနေးတင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်ပြီးတော့ ဦးဆောင်ဂိုးသွင်းသွားခဲ့ပါတယ်။ ကလော့ပ် အနေနဲ့ ရှက်ဖီးယူနိုက်တက် ကို ချီးကျူးခဲ့ပေမယ့် ပင်နယ်တီ ပေးလိုက်ရတာနဲ့ ပတ်သက်ပြီး မတရားဘူးလို့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Guardian

“ ပင်နယ်တီက မဖြစ်သင့်ဘူးလေ။ ပြစ်ဒဏ်တောင် မကျုးလွန်ပါဘူး။ ဒီရာသီ က အရင်ရာသီ တွေနဲ့တော်တော်လေးကို မတူညီတော့ပါဘူး။ ကျွန်တော်တို့ မတရား ခံခဲ့ရပြီးပြီ။ အခုလည်း မတရား ခံရတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ဘာနီကြောင့် ဒုက္ခ ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစားပုံ ပြောင်းခဲ့တာ ကြောင့် ဒုတိယ ပိုင်းမှာ ပြန်လာနိုင်ခဲ့ပါတယ်။ ရှက်ဖီးကို ခက်ခက်ခဲခဲ ကစားခဲ့ရတာကိုတော့ ကျွန်တော် မအံ့ဩပါဘူး။ ခရစ်ရှ်ဝိုက်ဒါက တကယ်တော်တဲ့ နည်းပြပါ။ သူတို့ က လွယ်လွယ်နဲ့ အရှုံးမပေးတတ်ကြပါဘူး။ ကျွန်တော် အဲ့ဒါကို အရမ်း လေးစားတယ်။ ခရစ်ရှ်က အံ့ဩဖို့ ကောင်းတဲ့ အရာကို လုပ်ပြသွားခဲ့တာပါ။ ပင်နယ်တီ ပေးလိုက်ရတာက ကျွန်တော် တို့အတွက် နိုင်ပွဲ တစ်ပွဲ ရဖို့ တော်တော်ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်အမှား နောက်တစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဒီည အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အများကြီး မပြောချင်ပါဘူး ”

Photo Credit: The Guardian

လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ကတော့ ပြိုင်ဘက် အသင်းနဲ့ ပတ်သက်ပြီး အခုလို ပြောကြားသွားခဲ့ပါတယ်… ” ထင်ထားတာထက် ပိုပြီးတော့ ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ဒီပွဲက ခက်ခဲလိမ့်မယ် လို့ အစတည်းက သိခဲ့ပါတယ်။ သုံးမှတ်ပြည့် ရခဲ့တဲ့ အတွက်တော့ တကယ်ကို ဝမ်းသာရပါတယ်။ ဘာနီက တော်တော်လေး ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ သူ့ကို ထိန်းဖို့ ခက်ခဲပေမယ့် ဒုတိယပိုင်းမှာတော့ ကောင်းကောင်း ထိန်းနိုင်ခဲ့ပါတယ် ”