လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ နောက်လ ပထမအပတ် ကြာသပတေးနေ့ည မန်စီးတီးအသင်းနဲ့ ကစားသွားရမယ့် ပွဲစဉ်ကို အခြားကွင်း တစ်ခုခုမှာ မကစားဘဲ မန်စီးတီးအိမ်ကွင်းမှာပဲ ကစားချင်တယ်လို့ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နောက်ထပ် ရမှတ် (၅) မှတ်သာ ရရှိမယ် ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ရရှိတော့မှာ ဖြစ်ပြီး ယခုအပတ် ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ကစားပြီးရင် နောက်အပတ်မှာ မန်စီးတီးအသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

 

Photo Credit: Goal

မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ ကစားမယ့် ပွဲစဉ်ဟာ ပရိသတ်တွေ လာရောက်ကြမှာ စိုးရိမ်းတာကြောင့် မန်စီးတီးအိမ်ကွင်းမှာ မကစားဘဲ အခြားကွင်း တစ်ခုခုမှာ ကစားကြဖို့အတွက် ပြင်ဆင်နေကြပြီး လာမယ့် ကြာသပတေးနေ့မှာ ဆုံးဖြတ်ချက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ လုံခြံရေး အကြံပေး အဖွဲ့ဟာ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ရဲ ပွဲစဉ်ကို ဘယ်ကွင်းမှာ ကစားမလဲ ဆိုတာကို ဆုံးဖြတ်ဖို့ ယခုအပတ် လာမယ့် ကြာသပတေးမှာ အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပြီး ကလော့ပ်ကတော့ မန်စီးတီးအိမ်ကွင်းမှာပဲ ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်က “မန်စီးတီးအိမ်ကွင်းမှာပဲ ကစားချင်တယ်။ ဒီလိုမှမဟုတ်ရင် ပွဲစီစဉ်ရတာ တကယ် ခက်ခဲပါလိမ့်မယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိပါဘူး။ ဒါပေမဲ့လည်း ဒီပွဲစဉ်ကို လီဗာပူးလ်အိမ်ကွင်းမှာ ကစားမှာတော့ မဟုတ်ပါဘူး။ ဒီတော့ အခြားကွင်းကို သွားကစားမယ်၊ ဟိုတယ်လိုမယ်ဆိုရင် ဒါက ရက်စက်ရာကျပါတယ်။ ဒါက တစ်ခုတည်းသော ပြဿနာပဲလေ။ ဒီလို ပြဿနာ မရှိဘူးဆိုရင် ကျွန်တော်တို့ သူတို့ ပို့တဲ့ ကွင်းကို သွားကစားမှာပါ။ ဒါပေမဲ့လည်း ကျွန်တော်က မန်စီးတီးအိမ်ကွင်းကို ပို သဘောကျပါတယ်။ လုပ်ငန်းစဉ်တွေကိုတော့ မသိဘူး။ မန်စီးတီးအိမ်ကွင်းမှာလား၊ မဟုတ်ဘူးလား ဆိုတာနဲ့ ပက်သက်ပြီး နောက်ဆုံး အတည်ပြုချက် မရမချင်း စောင့်ရမှာပါ။ ဒါက နှစ်သင်းစလုံးအတွက် စိန်ခေါ်မှု ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။