လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ဟာ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ မထင်မှတ်ပဲ အရှက်တကွဲရှုံးနိမ့်ခဲ့ရအပြီးမှာတော့ အသင်းရဲ့တိုက်စစ်ပိုင်းကို အပြောင်းအလဲ လုပ်ဖို့ စတင်ပြီးတော့ စဉ်းစားလာပြီလို့ ဂျာမဏီသတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် မှာ ဘယ်အသင်းမှ မပြသထားနိုင်တဲ့ ပုံစံတစ်ခုကို ပြသထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းဟာ ဂိုးရဖို့အတွက် ပိုမို ရုန်းကန်လာခဲ့ရပြီး ဒီအခြေအနေကို ဖြေရှင်းဖို့ အတွက် ကလော့ပ်ဟာ လစ်ဇက်အသင်းရဲ့ တီမိုဝါနာကို ခေါ်ယူဖို့အတွက် စတင်စဉ်းစားလာခဲ့တာပါ။

Photo Credit: Mirror.com

ဂျာမဏီလက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ တီမိုဝါနာဟာ လာမယ့် ဘောလုံးရာသီမှာတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ကိုခေါ်ယူဖို့အတွက် မန်ယူ ၊ ချယ်လ်ဆီး ၊ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ် တို့က စိတ်ဝင်စားနေကြတာပါ။ ဒါပေမယ့် တီမိုဝါနာကိုယ်တိုင်ကတော့ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လိုကြောင်းနဲ့ လီဗာပူးလ်အသင်းရဲ့ နည်းစနစ်ဟာ သူ့ရဲ့ကစားပုံနဲ့ ကိုက်ညီနိုင်တယ် လို့ ဖွင့်ဟပြောဆိုထားခဲ့တာကြောင့် လီဗာပူးလ် အသင်းက ဝါနာကို ခေါ်ယူနိုင်ဖို့ တခြားအသင်းတွေထက် အခွင့်အရေးပိုများနေပါတယ်​။

Photo Credit: Mirror.com

ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ကလော့ပ်ဟာ အသက်၂၈နှစ်အရွယ် ဖာမီနိုရဲ့ နေရာမှာ အသက်၂၃နှစ်သာ ရှိသေးတဲ့ ဝါနာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာကြောင်းနဲ့ တစ်ဖက်မှာလည်း ဖာမီနိုကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းဘက်က စိတ်ဝင်စားနေတာကြောင့် ကလော့ပ်ရဲ့ ဗျူဟာပြောင်းမယ့် အစီအစဉ်ဟာ ဖြစ်မြောက်လာဖွယ်ရှိပါတယ်။ ဂျာမဏီဘောလုံးကျွမ်းကျင်သူတွေကတော့ လီဗာပူးလ်ဟာ ဖာမီနိုကို ပေါင်၆၀သန်းနဲ့ ရောင်းချပြီး တီမိုဝါနာကို ပေါင်၅၀သန်းကျော်နဲ့ ဝယ်ယူဖို့အတ​ွက် အသင့်ရှိနေတယ်လို့ သုံးသပ် ပြောဆိုထားခဲ့ကြပါတယ်။ ကဲ ပရိသတ်ကြီးကသာ ကလော့ပ်နေရာမှာဆိုရင် ဘယ်သူ့ကို ရွေးမလဲဗျ….။