




{Unicode}

နည်းပြ ကလော့ပ်ကတော့ အဲဗာတန်အသင်းနဲ့ ယနေ့ည (၁၀း၃၀) အချိန်မှာ ကစားရမယ့် မာဆေးလ်ဆိုက်ဒါဘီ ပွဲစဉ် မတိုင်ခင် အဲဗာတန်အသင်းကို အန္တာရာယ် ပိုရှိလာတယ်လို့ ပြောသွားပါတယ်။ လီဗာပူးလ်အသင်း နဲ့ အဲဗာတန်အသင်းဟာ ယနေ့ည (၁၁း၃၀) အချိန်မှာ လီဗာပူးလ် အိမ်ကွင်း အန်ဖီးလ်ကွင်းမှာ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ် ကစားမှာ ဖြစ်ပါတယ်။

Photo Credit: Allfootball

အဲဗာတန်အသင်းဟာ လီဗာပူးလ်အသင်းကို လီဗာပူးလ် အိမ်ကွင်း အန်ဖီးလ်ကွင်းမှာ (၁၉၉၉) ခုနှစ် နောက်ပိုင်း ပြိုင်ပွဲစုံ ပွဲစဉ် (၁) ပွဲ တစ်လေးမှတောင် အနိုင်မရခဲ့တော့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အိမ်ကွင်း အန်ဖီးလ်ကွင်းမှာ အဲဗာတန်အသင်းနဲ့ ကစားတဲ့ အချိန်တိုင်း အနိုင် ဒါမှမဟုတ် သရေပဲ ကျခဲ့ပေမဲ့ နည်းပြ ကလော့ပ်က အဲဗာတန်အသင်း အန္တာရာယ် ရှိတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Allfootball

နည်းပြ ကလော့ပ်က “အဲဗာတန်အသင်းက ကျွန်တော်တို့အသင်းအတွက် အမြဲတမ်း ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ ဘာလို့လဲဆိုရင်တော့ ဒီဒါဘီပွဲစဉ်ကို သူတို့ ယူဆောင်လာတဲ့ အရာကြောင့်ပါပဲ။ နည်းပြ အနဆယ်လော့တီရဲ့ လက်အောက်မှာ သူ့ရဲ့ အတွေ့အကြုံနဲ့ အတူ အဲဗာတန်အသင်း ပိုပြီး အန္တာရာယ် ရှိလာတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ အခိုင်အမာ ပြောသွားပါတယ်။