လက်ရှိဘောလုံးရာသီမှာ လီဗာပူးလ်အသင်းကို အံ့မခန်းရလဒ်တွေ ရရှိအောင် ဦးဆောင်ပြနေသလို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကိုလဲ အရယူပေးနိုင်ဖို့ နီးစပ်လို့နေတဲ့ နည်းပြကလော့ပ်ကတော့ အီတလီ စီးရီးအေပြိုင်ပွဲမှာ လာဇီယိုအသင်းအနေနဲ့ ဗိုလ်စွဲဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

Photo Credit: Standard.com

ယခုနှစ် စီးရီးအေပြိုင်ပွဲဟာ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပြီး စကူဒက်တို ချန်ပီယံဆုအတွက် ဂျူဗင်တပ်အသင်း ၊ လာဇီယိုအသင်းနဲ့ အင်တာမီလန်အသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်နေကြပြီး အသင်းသုံးသင်းကြားမှာ အမှတ်ကွာဟချက်က ကျဉ်းမြောင်းနေတာကြောင့် ဘယ်အသင်းက အမှတ်ပေးဖလားကို သိမ်းပိုက်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Photo Credit: Standard.com

ကလော့ပ်ကတော့ လီဗာပူးလ်ကစားသမားဟောင်း လူးကပ်လီဗာရှိတဲ့ လာဇီယိုအသင်းကို ဖလားရရှိဖို့ မျှော်လင့်ထားကြောင်းနဲ့ ဂျူဗင်တပ် အသင်းနည်းပြ ဆာရီနဲ့ အင်တာမီလန်နည်းပြ ကွန်တီတို့ကိုတော့ အားနာပါကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard.com

ကလော့ပ်က ” ကျွန်တော်က လာဇီယိုအသင်း ဖလားရဖို့ အားပေးနေတဲ့သူပါ။ ကျွန်တော်တို့ရဲ့ ကစားသမားဟောင်း လူးကပ်လီဗာက အခု ဖလားရဖို့ နီးစပ်နေတယ်လေ။ ဆာရီနဲ့ ကွန်တီ အတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် လက်ရှိရာသီမှာ လာဇီယိုက အရမ်းကောင်းနေပါတယ်။ သူတို့ဟာ ရှုံးပွဲမရှိသေးပါဘူး ” လို့ ပြောကြားသွားခဲ့တာပါ။