မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက သူတို့အသင်းအနေနဲ့ ဒီနေ့ညမှာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) ပွဲကျပ်ပွဲစဉ်ကို ဆင်နွဲရဖို့ရှိနေပေမယ့် လာမယ့်တနင်္ဂနွေနေ့မှာလည်း နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆင်နွဲရဦးမှာဖြစ်လို့ ချယ်လ်ဆီးနဲ့ပွဲမှာ အဓိက ကစားသမားတချို့ကို အနားပေးသွားနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အပေါ် လီဗာပူးလ်နည်းပြ ယာဂင်ကလော့က ပြန်လည်လှောင်ပြောင်သွားခဲ့ပါတယ်။

Photo Credit : Goal

ဘောလုံးနည်းပြ ပွဲတစ်ပွဲမကစားခင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရင်းနဲ့ အသင်းရဲ့ပြင်ဆင်လာမှုတွေကို အနည်းအကျဉ်း ပြောဆိုတတ်ကြပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း ဒီညမှာ ကစားသွားရမယ့် ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲအတွင်းမှာ သူ့အသင်းက ဒီညပွဲအတွင်း အဓိက ကစားသမားတွေကို ချန်လှပ်သွားမှာဖြစ်တယ်လို့ ပြောဆိုလာခဲ့တဲ့အပေါ် လီဗာပူးနည်းပြကလော့က ပတ်ရဲ့စကားနဲ့ အရူးလုပ်တာကို ခံမှာမဟုတ်ဘူးလို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ ကလော့က “ဘာ…ပတ်က ဒီလိုပြောခဲ့တယ်ပေ့ါလေ။ သူက တကယ်ဆို ပိုကာတောင် ကစားနေသင့်တာ” ဆိုပြီး လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening News

ဒီညမှာ ကျင်းပသွားမယ့် ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်အတွင်းမှာ တကယ်လို့ ဧည့်သည်မန်စီးတီးအသင်းဘက်ကနေ ရှံးနိမ့်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ရမှာဖြစ်ကာ မန်စီးတီးက ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်အနေနဲ့ အယ်တီဟတ်ကွင်းမှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်နေ့မှာ ချန်ပီယံဆု အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားခဲ့လို့ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ်(၂၃)မှတ်အထိ ဖြတ်တောက်ထားနိုင်ခြဲ့့ပီး ချယ်လ်ဆီးသာ ဒီညမှာ မန်စီးတီးကို အနိုင်ရလိုက်မယ်ဆိုရင် လီဗာပူးလ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားတွေအရ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာတောင် အိမ်ရှင်တို့အနေနဲ့ Form တအားကောင်းနေတဲ့ မန်စီးတီးကို အနိုင်ရဖို့ဆိုတာ ထင်ထားတာထက်တောင် ပိုမိုခက်ခဲနိုင်ပြီး မနှစ်ကလို (၂)ဂိုးပြတ်နိုင်ဖို့ဆိုတာ ပိုလို့တောင်ခက်ခဲပါလိမ့်မယ်။