ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးကို သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် အဝေးကွင်းမှာ ခံစစ်ပိတ်ဆော့ပြီး သရေတမှတ် ရယူသွားခဲ့တဲ့ စပါးနည်းပြ ကွန်တီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်သွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးနဲ့ အပြိုင်အဆိုင် ဖြစ်နေတဲ့ လီဗာပူးဟာ မန်ချက်စတာ စီးတီးထက် ရမှတ်တွေ လျော့နည်းနေတာကြောင့် ချန်ပီယံဖြစ်ဖို့ လက်ကျန်ပွဲတိုင်း အနိုင်ရရှိအောင် ကစားရန် လိုအပ်နေခဲ့ပေမယ့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ပွဲမှာတော့ တဖက် တဂိုးစီနဲ့ သရေရလဒ်သာ ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Standard

လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးက စပါးကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ခံစစ်ဗျူဟာ ကောင်းလွန်းတဲ့ ကွန်တီရဲ့ စပါးက လီဗာပူးရဲ့ တိုက်စစ်ကို ပွဲစပွဲဆုံး တောင့်ခံနိုင်ခဲ့ပြီး အဓိက တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးနဲ့ လီဗာပူးဆီကနေ သရေတမှတ် ခွဲယူနိုင်ခဲ့ပါတယ်။

စပါးနဲ့ တဖက် တဂိုးစီ သရေကျခဲ့တာကြောင့်ပဲ လီဗာပူးက အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၃မှတ် အထိ ကွာဟနိုင်ချေ ရှိနေပြီး ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ နယူးကာဆယ် ပွဲစဉ်မှာသာ မန်ချက်စတာ စီးတီးက အနိုင်ရသွားရင် မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၃မှတ် အထိ ကွာဟသွားမှာပါ။

Photo Credit: Standard

ဒါကြောင့်ပဲ စပါးနဲ့ တဂိုးစီ သရေကျခဲ့တာက ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ လီဗာပူး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခု ဖြစ်ခဲ့ပြီး လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ သူတို့အသင်းနဲ့ ပွဲစဉ်မှာ ခံစစ်အလွန်အကျွံ ကစားသွားခဲ့တဲ့ စပါးနည်းပြ ကွန်တီကို ထိပ်တန်း ကစားသမားတွေ ရှိရက်နဲ့ ခံစစ်ဆော့ခဲ့လို့ ခပ်ပါးပါးလေး ဝေဖန်သွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်က ခံစစ်ဆော့တတ်တဲ့ နည်းပြတယောက် မဟုတ်သလို ခံစစ်ကို အလွန်အကျွံ ဆော့တဲ့ နည်းစနစ်တွေကိုလည်း မကြိုက်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ အမြင်ပါ။ ဒါပေမယ့် သူတို့မှာ ထိပ်တန်း ကစားသမားတွေ ရှိပါတယ်။ ထိပ်တန်း ကစားသမားတွေ ရှိနေတာကြောင့်ပဲ သူတို့က ဒီပွဲမှာ တိုက်စစ်ကို ပိုပြီး ဆော့ခဲ့သင့်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သူတို့ဟာ ၃၆ရာခိုင်နှုန်း ၊ ၃၈ ရာခိုင်နှုန်းလောက်ပဲ ဘောလုံးပိုင်ဆိုင်မှု ရခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အဲ့လို နည်းစနစ်တွေကို သဘောမကျသလို ဘယ်လိုပွဲမျိုးမှာမဆို အဲ့လို ခံစစ်ပိတ်တဲ့ နည်းစနစ်ကို မသုံးပါဘူး။ ကမ္ဘာ့အဆင့် ကစားသမားတွေက ခံစစ်ပိတ်ဆော့နေတော့ ကျွန်တော်တို့တွေ ဂိုးသွင်းဖို့ ခက်ခဲခဲ့တာ အမှန်ပါပဲ” လို့ ကွန်တီရဲ့ နည်းစနစ်တွေကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။