မန္ယူ တုိက္စစ္မွဴးေဟာင္း ဒူဘလင္ကေတာ့ လီဗာပူးလ္ နည္းျပ ကေလာ့ပ္ဟာ မန္ယူ ဂႏၱာဝင္ နည္းျပေဟာင္း ဆာ အဲလက္စ္ ဖာဂူဆန္ရဲ႕ လက္သစ္ပါလုိ႔ အခုိင္အမာ ခ်ီးက်ဴးသြားခဲ့ပါတယ္။ ဒူဘလင္ဟာ လက္ရွိမွာ အစီအစဥ္ တင္ဆက္သူ အေနနဲ႔ အလုပ္လုပ္ေနၿပီး၊ လြန္ခဲ့တဲ့ (၁၉၉၂) ခုႏွစ္က နည္းျပ ဖာဂူဆန္ရဲ႕ မန္ယူအသင္းကို အျပီးသတ္ ေျပာင္းေရြ႕ ေရာက္ရွိလာခဲ့ပါတယ္။

Photo Credit: Goal

နည္းျပ ဖာဂူဆန္ဟာ (၂၀၁၃) ခုႏွစ္က နည္းျပအျဖစ္က အနားမယူခင္မွာ မန္ယူအသင္းနဲ႔ အတူ ပရီးမီးယားလိဂ္ ဆုဖလား (၁၃) ႀကိမ္ နဲ႔ ခ်န္ပီယံလိဂ္ ဆုဖလား (၂) ႀကိမ္ ရရွိခဲ့တာ ျဖစ္ပါတယ္။ နည္းျပ ကေလာ့ပ္ဟာ လက္ရွိမွာ လီဗာပူးလ္အသင္းကုိ အေကာင္းဆုံး ပုံစံနဲ႔ ဦးေဆာင္ေနလ်က္ ရွိၿပီး လီဗာပူးလ္အသင္း ႏွစ္ (၃၀) ၾကာ မရခဲ့တဲ့ ပရီးမီးယားလိဂ္ကုိ ရရွိႏုိင္ဖုိ႔ နီးစပ္ေနပါတယ္။

Photo Credit: Goal

မန္ယူ တုိက္စစ္မွဴးေဟာင္း ဒူဘလင္က မန္ယူူ နည္းျပေဟာင္း ဖာဂူဆန္ နဲ႔ လီဗာပူးလ္ နည္းျပ ကေလာ့ပ္ဟာ အသင္းကုိ ေအာက္ေျခကေန ထိပ္ဆုံး ေရာက္ရွိေစခဲ့ၾကတယ္လုိ႔ ေျပာခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ရႈံးပဲြ မရွိေသးဘဲ ဇယား ထိပ္ဆုံးကေန ဦးေဆာင္ေနၿပီး ဒူဘလင္က နည္းျပ ကေလာ့ပ္ရဲ႕ စြမ္းေဆာင္ရည္ကုိ အသိမွတ္ျပဳသြားပါတယ္။

Photo Credit: Goal

Radio 5 Live မွာ ဒူဘင္က “ဂ်ာဂန္ ကေလာ့ပ္က ဆာ အဲလက္စ္ ဖာဂူဆန္ လက္သစ္ပါ။ အဲလုိေျပာလုိက္တဲ့ အခါမွာ ကြ်န္ေတ္ာ ဆုိလုိတာက သူ ဒီအသင္းကုိ ေအာက္ေျခကေန ထိပ္ဆုံးအထိ ေရာက္ေစတာကုိ ေျပာတာပါ။ နည္းျပ ကေလာ့ပ္က အကယ္ဒမီအသင္းေတြဟာ ပထမအသင္းေတြလုိ တန္းတူ ကစားႏုိင္တယ္ ဆုိတာကုိ အခုိင္အမာ ေဖာ္ျပသြားခဲ့ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

မန်ယူ တိုက်စစ်မှူးဟောင်း ဒူဘလင်ကတော့ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ မန်ယူ ဂန္တာဝင် နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ လက်သစ်ပါလို့ အခိုင်အမာ ချီးကျူးသွားခဲ့ပါတယ်။ ဒူဘလင်ဟာ လက်ရှိမှာ အစီအစဉ် တင်ဆက်သူ အနေနဲ့ အလုပ်လုပ်နေပြီး၊ လွန်ခဲ့တဲ့ (၁၉၉၂) ခုနှစ်က နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်းကို အပြီးသတ် ပြောင်းရွေ့ ရောက်ရှိလာခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဖာဂူဆန်ဟာ (၂၀၁၃) ခုနှစ်က နည်းပြအဖြစ်က အနားမယူခင်မှာ မန်ယူအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလား (၁၃) ကြိမ် နဲ့ ချန်ပီယံလိဂ် ဆုဖလား (၂) ကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ဟာ လက်ရှိမှာ လီဗာပူးလ်အသင်းကို အကောင်းဆုံး ပုံစံနဲ့ ဦးဆောင်နေလျက် ရှိပြီး လီဗာပူးလ်အသင်း နှစ် (၃၀) ကြာ မရခဲ့တဲ့ ပရီးမီးယားလိဂ်ကို ရရှိနိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Goal

မန်ယူ တိုက်စစ်မှူးဟောင်း ဒူဘလင်က မန်ယူူ နည်းပြဟောင်း ဖာဂူဆန် နဲ့ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ အသင်းကို အောက်ခြေကနေ ထိပ်ဆုံး ရောက်ရှိစေခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိသေးဘဲ ဇယား ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဒူဘလင်က နည်းပြ ကလော့ပ်ရဲ့ စွမ်းဆောင်ရည်ကို အသိမှတ်ပြုသွားပါတယ်။

Photo Credit: Goal

Radio 5 Live မှာ ဒူဘင်က “ဂျာဂန် ကလော့ပ်က ဆာ အဲလက်စ် ဖာဂူဆန် လက်သစ်ပါ။ အဲလိုပြောလိုက်တဲ့ အခါမှာ ကျွန်တေ်ာ ဆိုလိုတာက သူ ဒီအသင်းကို အောက်ခြေကနေ ထိပ်ဆုံးအထိ ရောက်စေတာကို ပြောတာပါ။ နည်းပြ ကလော့ပ်က အကယ်ဒမီအသင်းတွေဟာ ပထမအသင်းတွေလို တန်းတူ ကစားနိုင်တယ် ဆိုတာကို အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။