လီဗာပူးလ္ နည္းျပ ကေလာ့ပ္ကေတာ့ ဒီကေန႔ည (၁၁း၀၀) အခ်ိန္၊ မန္ယူအသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္ မတိုင္ခင္မွာ မန္ယူအသင္းအေနနဲ႔ လက္ရွိရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရႏိုင္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၂) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ အဆင့္ (၄) ေနရာက ပြဲစဥ္ (၁) ပြဲ ပိုကစားထားတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ရမွတ္ (၅) မွတ္ အကြာ အဆင့္ (၅) ေနရာမွာ ရပ္တည္ေနတာေၾကာင့္ ခ်န္ပီယံလိဂ္ ဝင္ႏိုင္ေခ် ရွိေနပါေသးတယ္။

Photo Credit: FourFourTwo

မန္ယူအသင္းဟာ ယေန႔ည လီဗာပူးလ္အသင္းကို အႏိုင္ရရွိမယ္ ဆိုရင္ ခ်ဲလ္ဆီးအသင္းနဲ႔ ရမွတ္ (၂) မွတ္သာ ကြာဟသြားေတာ့မွာ ျဖစ္လို႔ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖို႔ ပိုနီးစပ္သြားမွာ ျဖစ္ၿပီး တကယ္လုိ႔ ရႈံးမယ္ ဆုိရင္ေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖုိ႔ အနည္းနဲ႔အမ်ား ခက္ခဲႏုိင္ပါတယ္။ လီဗာပူးလ္ နည္းျပ ကေလာ့ပ္က ဒီကေန႔ည ကစားရမယ့္ ပြဲစဥ္မွာ မန္ယူအသင္း အႏိုင္ရႏိုင္တယ္လို႔ ေျပာခဲ့သလို မန္ယူအသင္းအေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရႏိုင္တယ္လို႔လည္း ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: FourFourTwo

လီဗာပူးလ္ နည္းျပ ကေလာ့ပ္က “မန္ယူအသင္းက တကယ္ ေကာင္းတဲ့ ေဘာလုံအသင္း ျဖစ္ၿပီး အရည္အခ်င္း နဲ႔ အေတြ႕အႀကဳံရွိပါတယ္။ ကြင္းထဲမွာ ျဖစ္ႏိုင္ေခ် အမ်ားႀကီး ရွိတယ္။ ဒီရာသီမွာ မန္ယူအသင္း ခ်န္ပီယံလိဂ္ ဝင္ခြင့္ရႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒီေတာ့ ေသခ်ာတာက သူတို႔ အႏိုင္ရႏိုင္တာေပါ့။ ဒါေပမဲ့ သူတို႔ဟာ ကြၽန္ေတ္ာတို႔ ခြင့္ျပဳသေလာက္ပဲ ကစားႏိုင္မွာပါ။ ကြၽန္ေတ္ာတို႔ အေကာင္းဆုံး ကစားရင္ အသင္းတိုင္းအတြက္ ခက္ခဲပါတယ္”လို႔ ေျပာခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ဒီကနေ့ည (၁၁း၀၀) အချိန်၊ မန်ယူအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် မတိုင်ခင်မှာ မန်ယူအသင်းအနေနဲ့ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ အဆင့် (၄) နေရာက ပွဲစဉ် (၁) ပွဲ ပိုကစားထားတဲ့ ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၅) မှတ် အကွာ အဆင့် (၅) နေရာမှာ ရပ်တည်နေတာကြောင့် ချန်ပီယံလိဂ် ဝင်နိုင်ချေ ရှိနေပါသေးတယ်။

Photo Credit: FourFourTwo

မန်ယူအသင်းဟာ ယနေ့ည လီဗာပူးလ်အသင်းကို အနိုင်ရရှိမယ် ဆိုရင် ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၂) မှတ်သာ ကွာဟသွားတော့မှာ ဖြစ်လို့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ပိုနီးစပ်သွားမှာ ဖြစ်ပြီး တကယ်လို့ ရှုံးမယ် ဆိုရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အနည်းနဲ့အများ ခက်ခဲနိုင်ပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်က ဒီကနေ့ည ကစားရမယ့် ပွဲစဉ်မှာ မန်ယူအသင်း အနိုင်ရနိုင်တယ်လို့ ပြောခဲ့သလို မန်ယူအသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်တယ်လို့လည်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: FourFourTwo

လီဗာပူးလ် နည်းပြ ကလော့ပ်က “မန်ယူအသင်းက တကယ် ကောင်းတဲ့ ဘောလုံအသင်း ဖြစ်ပြီး အရည်အချင်း နဲ့ အတွေ့အကြုံရှိပါတယ်။ ကွင်းထဲမှာ ဖြစ်နိုင်ချေ အများကြီး ရှိတယ်။ ဒီရာသီမှာ မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီတော့ သေချာတာက သူတို့ အနိုင်ရနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ဟာ ကျွန်တေ်ာတို့ ခွင့်ပြုသလောက်ပဲ ကစားနိုင်မှာပါ။ ကျွန်တေ်ာတို့ အကောင်းဆုံး ကစားရင် အသင်းတိုင်းအတွက် ခက်ခဲပါတယ်”လို့ ပြောခဲ့ပါတယ်။