မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အဖြစ် လီဗာပူး အသင်း နဲ့ ဆောက်သမ်တန် အသင်းတို့ အကြိတ်အနယ်ရှိရှိ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆောက်ဆမ်တန် အသင်းက လီဗာပူး အသင်းကို ၁ ဂိုး ဂိုးမရှိဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါ ရှုံးပွဲကြောင့် နည်းပြ ဂျာဂျန် ကလော့ပ် အနေနဲ့ အသင်းရဲ့ ခံစစ် ပိုင်း နဲ့ ကွင်းလယ်ဒိုင်လူကြီး အပေါ် မကျေမနပ် ဖြစ်လျက်ရှိနေပါတယ်။ လီဗာပူး အသင်း အနေနဲ့ ဆောက်တမ်တန် အသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ အစောပိုင်းမိနစ်လောက်မှာ ပြုလုပ်ခဲ့တဲ့ အလက်ဇန်းဒါး အားနိုးလ် ရဲ့ အမှား နဲ့ သူ့ရဲ့ အသင်းဘက် ကို ပင်နယ်တီ မပေးခဲ့တာကြောင့်လို့ ကလော့ပ် က ပြောဆိုလိုက်ပါတယ်။ ပွဲကစားချိန် ၂ မိနစ်လောက်မှာ ဆောက်သမ်တန် ကစားသမား ဂျိန်းစ် ဝက်ဒ်-ပရောက်စ် က ပင်နယ်တီ ဧရိယာထဲကို ကန်တင်ပေးလိုက်တဲ့ အလွတ်တည်ကန်ဘောကို အလက်ဇန်းဒါး အားနိုးလ်က ကြားဖြတ်မယူနိုင်ခဲ့တာကြောင့် ဒန်နီအင့်စ် က လှလှပပ ပဲ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

လီဗာပူး အသင်း အနေနဲ့ ချေပဂိုး ပြန်လည်ရရှိဖို့ အတွက် ကြိုးကြိုးစားစား ကစားခဲ့ပေမယ့်လည်း ဂိုးပေါက် ကန်သွင်းမှု ၁၇ ကြိမ်မှာ ဂိုးပေါက် တည့်မတ်မှု ကတော့ ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ လီဗာပူး အသင်း အနေနဲ့ ပင်နယ်တီ ရရှိနိုင်လောက်တဲ့ အခြေအနေ ၂ ကြိမ် အထိရှိခဲ့ပြီးတော့ ပထမတစ်ကြိမ်က ဆာဒီယို မာနေး နဲ့ ကိုင်လီ ဝေါလ်ကာ-ပီတာစ် တို့ရဲ့ ပင်နယ်တီ ဧရိယာထဲက ရှုပ်ထွေးနေတဲ့ အကြိမ်ရယ် ဒုတိယတစ်ကြိမ်က ဂျော်ဂျီနီယို ဝိုင်နယ်ဒန် ကန်လိုက်တဲ့ ဘောလုံးက ဂျက်စတီဖင်ရဲ့ လက်ကို ထိသွားတဲ့ အကြိမ်ရယ်ပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ် ကတော့ သူတို့ အသင်း အထနှေးခဲ့တာ နဲ့ ပတ်သက်ပြီး လက်ခံခဲ့ပေမယ့်လည်း အဆိုပါ အဖြစ်အပျက်တွေ အပေါ်တော့ မကျေမနပ်ဖြစ်နေပုံ ရပါတယ်။ “ အဲ့ဒါက ကျွန်တော်တို့ အတွက် တော်တော်လေး ကြီးကြီးမားမား ခက်ခဲစေခဲ့ပါတယ်။ စိတ်ကူးက ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာမှာ ဘောလုံးကို ကန်လို့ ရတဲ့ ကစားသမားတစ်ဦးရှိခဲ့တယ်။ ပြီးတော့ သူကိုယ်တိုင် ကလည်း အဲ့ဒီ့အလုံးကို လွဲခဲ့တယ် ”

Photo Credit: Express

“ ဒီလို အမှားမျိုးတွေဆိုတာက လူသားတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို အရေးကြီးတဲ့ ပွဲစဉ်မျိုးမှာ သူတို့ အကောင်းဆုံး ကစားမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော်တို့ ကစားသမား ရှိခဲ့တယ်၊ ပြီးတော့ ဘောလုံးကို လွဲခဲ့တယ်၊ အဲ့ဒီနောက်မှာတော့ ဒါပေါ့ နောက်တစ်ဆင့်က အဆုံးသတ်ပဲလေ။ ကျွန်တော်တို့မှာ ဘောလုံးပိုင်ဆိုင်မှုလည်း များခဲ့တယ်။ ပြိုင်ဘက်ဂိုးသမား ဖရေစာ ဖော်စတာ အနေနဲ့ ဒီထက် အလုပ် ပိုများခဲ့သင့်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အခြေအနေပဲလေ။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဆောက်တမ်တန် ဒုတိယပိုင်းမှာ ဘာမှ လုပ်ခွင့်မရခဲ့ဘူး၊ တန်ပြန်တိုက်စစ်တောင် မရခဲ့ဘူး၊ အဲ့ဒါက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခဲ့တဲ့ အကောင်းဆုံးသော အခြေအနေက ဆာဒီယို ဘောလုံးဆွဲပြေးသွားတဲ့ အခြေအနေပဲ။ အကယ်၍များ တစ်ယောက်ယောက်က ဆာဒီယို မာနေးကို diver ပါလို့ ပြောနေရင်တော့ အဲ့ဒါက ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသ ဖြစ်ပါလိမ့်မယ်။ ဒီကောင်လေးက ဘောလုံးကို သူ့ခြေထောက်ထဲမှာ ရှိနေဖို့ပဲ ကြိုးစားခဲ့တာပါ။ အခြားအသင်းတွေဆိုရင်တော့ အဲ့ဒီအခြေအနေက ပင်နယ်တီရပါလိမ့်မယ်။ စိတ်မရှိပါနဲ့ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဒီလို ပြောခွင့်ပေးပါ။ နောက်ထပ် လက်ထိဘော၊ အဲ့ဒါက ဘာလို့ ပင်နယ်တီ မရတာလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြစမ်းပါ။ အဲ့ဒါက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပိုမကောင်းသွားစေပါဘူး၊ အဲ့ဒါက ဆောက်သမ်တန် အသင်းဆီကနေ ဘာမှ ယူဆောင်သွားနိုင်မာ မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ဒီလို အခြေအနေမျိုးမှ ာဆိုရင်တော့ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။